တာချီလိတ်မြို့ရှိ Futsal Tachileik (၁)နှစ်ပြည့် အထိမ်းအမှတ်ဖလား ဖူဆယ်ဘောလုံးပွဲတွင် ကညနအသင်း ဗိုလ်စွဲ

တာချီလိတ်မြို့ရှိ Futsal Tachileik (၁)နှစ်ပြည့် အထိမ်းအမှတ်ဖလား ဖူဆယ်ဘောလုံးပွဲတွင် ကညနအသင်း ဗိုလ်စွဲ
ဖေဖော်ဝါရီ 5, 2020
By Tachileik News Agency

တာချီလိတ်မြို့ရှိ Futsal Tachileik (၁)နှစ်ပြည့် အထိမ်းအမှတ်ဖလား ဖူဆယ်ဘောလုံးပွဲတွင် ကညနအသင်း ဗိုလ်စွဲ

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့ရှိ Futsal Tachileik(ဖူဆယ်ဘောလုံးကွင်း) (၁)နှစ်ပြည့် အထိမ်းအမှတ်ဖလား၏ နောက်ဆုံး ဗိုလ်လုပွဲကို ၂၀၂၀ ခုနှစ်၊ ဖေဖေါ်ဝါရီလ (၅)ရက်နေ့ ညနေ (၅)နာရီတွင် ကျင်းပရာ ကညနအသင်းက ပထမဆု ရရှိသွားကြောင်း သိရသည်။

Futsal Tachileik တစ်နှစ်ပြည့်အထိမ်းအမှတ်ဖလားအတွက် ညနေ (၅)နာရီတွင် The Ants Fc နှင့် ကညနတို့ ယှဉ်ပြိုင်ကြခြင်းဖြစ်ပြီး ညနေ (၆)နာရီအချိန်တွင် ကိုကျော်ကြီး နှင့် RG အသင်းတို့ ယှဉ်ပြိုင်ခဲ့ကြရာ ပထမဆုကို ကညန၊ ဒုတိယဆုကို RG၊ တတိယဆုကို ကိုကျော်ကြီး ဖူဆယ်ဘောလုံးအသင်းတို့က ရရှိသွားခြင်းဖြစ်သည်။

တာချီလိတ်မြို့၊ ဝမ်ကောင်းရပ်ကွက်၊ တာချီလိတ်ပြည်သူ့ဆေးရုံအနီး၊ ဘိုးဘွားရိပ်သာလမ်းဘေးရှိ ပုဂ္ဂလိက ဖူဆယ်ကွင်းဖြစ်သည့် Futsal Tachileik တွင် ၂၀၂၀ ခုနှစ် ဖေဖော်လဝါရီလ (၁) ရက်နေ့မှစတင်ကျင်းပခဲ့ရာ ဖူးဆယ်ဘောလုံးအသင်း (၁၃) သင်းဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြောင်း သိရသည်။

Tachileik News Agency
ဓါတ်ပုံ - ကျော်ဇင်ဟိန်း

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~