နယ်စပ်ဖြတ်ကျော် မီးခိုးမြူငွေ့ ညစ်ညမ်းမှုလျော့ချရေးအတွက် တာချီလိတ်မြို့နယ် မိုင်းဖုန်းတွင် အသိပညာပေး ဆွေးနွေး

နယ်စပ်ဖြတ်ကျော် မီးခိုးမြူငွေ့ ညစ်ညမ်းမှုလျော့ချရေးအတွက် တာချီလိတ်မြို့နယ် မိုင်းဖုန်းတွင် အသိပညာပေး ဆွေးနွေး
ဖေဖော်ဝါရီ 24, 2020
By Tachileik News Agency

နယ်စပ်ဖြတ်ကျော် မီးခိုးမြူငွေ့ ညစ်ညမ်းမှုလျော့ချရေးအတွက် တာချီလိတ်မြို့နယ် မိုင်းဖုန်းတွင် အသိပညာပေး ဆွေးနွေး

နယ်စပ်ဒေသ တာချီလိတ်ခရိုင်အတွင်း နယ်စပ်ဖြတ်ကျော် မီးခိုးမြူငွေ့ ညစ်ညမ်းမှုလျော့ချရေးအတွက်  ပူးပေါင်း အဖွဲ့ဖြင့် တာချီလိတ်မြို့နယ် မိုင်းဖုန်းဒေသအတွင်းမှ ရွာသူ ရွာသား (၄၀၀)ကျော်ကို အသိပညာ‌ပေး ဆွေးနွေးမှုများ လုပ်ဆောင်ကြောင်း သိရသည်။

အသိပညာပေး ဆွေးနွေးရာတွင် တာချီလိတ် ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးမောင်မောင်နိုင်၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သစ်တောဦးစီးဌာန၊  မီးသတ်ဦးစီးဌာန၊ ကျန်းမာရေးဦးစီးဌာန၊ ဥပဒေ အထောက်အကူပြုအဖွဲ့ နှင့် သက်ဆိုင်ရာ ပူးပေါင်းအဖွဲ့တို့က ကဏ္ဍအလိုက် အသိပညာပေး ဆွေးနွေးခဲ့ကြခြင်း ဖြစ်သည်။

အဆိုပါ ပူးပေါင်းအဖွဲ့က ၂၀၂၀ခုနှစ် ဖေဖော်ဝါရီလ(၂၃)ရက်နေ့က မိုင်းဖုန်း(က)ကျေးရွာအုပ်စုအတွင်း ဝမ်ပုံကျေးရွာ နှင့် မိုင်းဖုန်း(ခ)ကျေးရွာအုပ်စုအတွင်း  ​​ဝှေ​လေလန်ကျေးရွာတို့တွင် လူပေါင်း (၄၀၀)ကျော်ကို အသိပညာပေး ဆွေးနွေး ရှင်းလင်းခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

တောင်ယာမီးရှို့ရှင်းလင်းလေ့ရှိသည့် ရာသီရောက်တော့မည်ဖြစ်ရာ တာချီလိတ်ခရိုင်အတွင်း မြို့နယ် (၃) မြို့နယ်အတွင်း ကျေးရွာများ အလှည့်ကျစနစ်ဖြင့် တောင်ယာမီးရှို့ရေးအတွက် ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများက စာရင်းပြုစုကာ စနစ်တကျစီမံထားပြီး ဒေသတွင်းမှ တောမီးရှို့ခြင်းအပြင် တစ်ဖက်နိုင်ငံမှ တောမီးရှို့မှုများကြောင့် နယ်စပ်ဖြတ်ကျော် မီးခိုးမြူဖုံးလွှမ်းပါက အရေးပေါ်ကျန်းမာရေး အကူအညီရရှိရေးနှင့် မီးခိုးမြူရှင်းလင်းရေးတို့အတွက် ခရိုင်အဆင့်မှ ရပ်ကျေးအုပ်ချုပ်ရေးအဆင့်များအထိ ချိတ်ဆက်စီမံဆောင်ရွက်ထားကြောင်း သိရသည်။

တာချီလိတ်ခရိုင်အတွင်း ယခင်နှစ်ကလို မီးခိုးမြူဖုံးလွှမ်းမှုများ ဖြစ်ပေါ်လာပါက လေထုအရည်အသွေး တိုင်းတာရရှိသည့် အချက်အလက်များကို နေ့စဉ်ထုတ်ပြန်ပေးခြင်း၊ သစ်တောဦးစီးဌာနနှင့် ခရိုင် မီးသတ်ဦးစီးဌာနရှိ မီးသတ်ယာဉ်များဖြင့် တောမီးငြှိမ်းသတ်ခြင်း၊ လေထုအတွင်း ရေမှုန်ရေမွှား ပက်ဖျန်းခြင်း၊ ကျန်းမာရေးဦးစီးဌာနက အရေးပေါ်လူနာတင်ယာဉ်များ၊ အရေးပေါ်ကုသခန်းများထားရှိခြင်းနှင့် အများပြည်သူ မီးခိုးရှောင်စခန်းများ ဖွင့်လှစ်ပေးခြင်းများ ဆောင်ရွက်နိုင်ရေး ပြင်ဆင်ထားကြောင်း သိရသည်။

Tachileik News Agency
ဓါတ်ပုံ - Tachileik ECD

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~