တောင်ကြီးမြို့တွင် ကော်ရိုနာဗိုင်းရပ်စ်ကာကွယ်ရေး အသိပညာပေးဆွေးနွေးပွဲ မြို့တော်ခန်းမ၌ ကျင်းပမည်

တောင်ကြီးမြို့တွင် ကော်ရိုနာဗိုင်းရပ်စ်ကာကွယ်ရေး အသိပညာပေးဆွေးနွေးပွဲ မြို့တော်ခန်းမ၌ ကျင်းပမည်
ဖေဖော်ဝါရီ 2, 2020
By 🌸

တောင်ကြီးမြို့တွင် ကော်ရိုနာဗိုင်းရပ်စ်ကာကွယ်ရေး အသိပညာပေးဆွေးနွေးပွဲ မြို့တော်ခန်းမ၌ ကျင်းပမည်

ကော်ရိုနာဗိုင်းရပ်စ် (ဝူဟန်အဆုတ်ရောင်ရောဂါ) ကာကွယ်ရေး အသိပညာပေးဆွေးနွေးခြင်းကို ရှမ်းပြည်နယ် (တောင်ပိုင်း) တောင်ကြီးမြို့ မြို့တော်ခန်းမတွင် ၂၀၂၀ ခုနှစ်၊ ဖေဖေါ်ဝါရီလ (၃)ရက်နေ့ နေ့လယ် (၂)နာရီ၌ ကျင်းပမည်ဖြစ်၍ မည်သူမဆို တက်ရောက်နိုင်မည်ဖြစ်ကြောင်း သိရသည်။

"ကော်ရိုနာဗိုင်းရပ်စ်နဲ့ပတ်သက်လို့ အသိပညာပေးတာကို လုပ်ငန်းရှင်တွေ၊ မော်တော်ယာဉ်လိုင်းတွေ၊ ရပ်မိရပ်ဖတွေက အနည်းဆုံး ရပ်ကွက်တစ်ခုကို (၅)ယောက်လောက်တက်ဖို့ ဖိတ်ထားပါတယ်။ အသိပညာပေး လက်ကမ်းစာစောင်တွေလည်း ဝေပေးဖို့ လုပ်နေပါတယ်”

ဟု  ပြည်နယ်အဆင့် အဆုတ်ရောင်ရောဂါ 2019 Novel Coronavirus (2019 – n Cov) စောင့်ကြည့် စစ်ဆေးကုသရေး ကြီးကြပ်မှုကော်မတီ ဥက္ကဌဖြစ်သူ ရှမ်းပြည်နယ် အစိုးရအဖွဲ့ဝင် လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်းက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

 (၁၄)ရက်အတွင်း တရုတ်နိုင်ငံသို့ သွားလာခဲ့ခြင်း သို့မဟုတ် ကော်ရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူနှင့် အတူနေထိုင်ခဲ့သူတွင် ကိုယ်အပူချိန် (၃၈)ဒီကရီစင်တီဂရိတ်ထက် ကျော်လွန်နေခြင်း၊ ချောင်းဆိုးခြင်း၊ အသက်ရှုရခက်ခဲခြင်းနှင့် အားအင်ကုန်ခမ်းခြင်းများ ဖြစ်ပွားပါက ကော်ရိုနာဗိုင်းရပ်စ် (ဝူဟန်အဆုတ်ရောင် ရောဂါ) ကူးစက်ခံရခြင်းရသည့် လက္ခဏာများဖြစ်၍ နီးစပ်ရာကျန်းမာရေးဌာနများသို့ အမြန်ဆုံးသတင်းပို့ ကုသမှုခံယူရမည်ဖြစ်သည်။

ကော်ရိုနာဗိုင်းရပ်စ်ကူးစက်ခံရခြင်းမရှိစေရန် ကာကွယ်မှုများအနေဖြင့် လက်ကိုမကြာခဏ ဆပ်ပြာ (သို့မဟုတ်) လက်သန့်ဆေးရည်ဖြင့် မကြာခဏဆေးကြောခြင်း၊ နှာချေချောင်းဆိုးလျှင် နှာခေါင်းနှင့်ပါးစပ်ကို ဖုံးအုပ်ခြင်း၊ အသုံးပြုပြီး တစ်ရှုးများကို စနစ်တကျစွန့်ပစ်ခြင်း၊ ဖျားခြင်း ချောင်းဆိုးခြင်း အသက်ရှုရခက်ခဲခြင်းစသည့် တုပ်ကွေးရောဂါ လက္ခဏာရှိသူနှင့် အနီးကပ်နေထိုင်ခြင်းမှ ရှောင်ကြဉ်ခြင်း၊ အသားငါးဥများကို သေချာစွာကျက်အောင် ချက်ပြုတ်စားခြင်း၊ တိရစ္ဆာန်များကို အကာအကွယ်မပါဘဲ တိုက်ရိုက် ထိတွေ့ကိုင်တွယ်ခြင်းမှ ရှောင်ကြဉ်သင့်ကြောင်း ကျန်းမာရေးဦးစီးဌာနက သတိပေးထားသည်။

Tachileik News Agency

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~


~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~