ချင်းရိုင်းတွင် သမီးဖြစ်သူကို အဓမ္မပြုကျင့်ပြီး မိခင်ကို ခုတ်ထစ်သတ်ပစ်သည့် ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်ကို ဖမ်းဆီးအရေးယူထား

ချင်းရိုင်းတွင် သမီးဖြစ်သူကို အဓမ္မပြုကျင့်ပြီး မိခင်ကို ခုတ်ထစ်သတ်ပစ်သည့် ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်ကို ဖမ်းဆီးအရေးယူထား
ဖေဖော်ဝါရီ 29, 2020
By Tachileik News Agency

ချင်းရိုင်းတွင် သမီးဖြစ်သူကို အဓမ္မပြုကျင့်ပြီး မိခင်ကို ခုတ်ထစ်သတ်ပစ်သည့်
ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်ကို ဖမ်းဆီးအရေးယူထား

ထိုင်းနိုင်ငံ၊ ချင်းရိုင်းခရိုင်အတွင်းက ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်တစ်ဦးကို ဆယ်ကျောက်သက်သမီးဖြစ်သူအား အဓမ္မပြုကျင့်မှု၊ မိခင်ဖြစ်သူအား သတ်ဖြတ်မှုတို့ဖြင့် အရေးယူလိုက်ပြီဖြစ်ကြောင်း သိရသည်။

အဆိုပါ အသက် (၃၅)နှစ်အရွယ် အမျိုးသားသည် အိမ်ထောင်ကွဲပြီးနောက် အသက် (၁၅)အရွယ် သမီးဖြစ်သူ၊ အသက် (၅၆)နှစ်အရွယ် မိခင်ဖြစ်သူတို့နှင့်အတူ အတူနေထိုင်ခြင်းဖြစ်ပြီး ၎င်း၏သမီးရင်းကို အကြိမ်ကြိမ် အဓမ္မပြုကျင့်နေသည်ကို မိခင်ဖြစ်သူက သတိထားမိသွားခဲ့ကာ စကားများရန်ဖြစ်ခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။

ရဲတိုင်မည်ဟု မိခင်ဖြစ်သူက ခြိမ်းခြောက်ခဲ့ရာ ဖေဖေါ်ဝါရီလ (၂၇)ရက်နေ့ နံနက် (၄)နာရီဝန်းကျင်၌ မိခင်ဖြစ်သူအား ဓါးဖြင့်အချက်ပေါင်းများစွာ ထိုးသတ်ခဲ့ပြီး အပိုင်းပိုင်းဖြတ်တောက်ကာ နေအိမ်ရှိ ရေခဲပုံးအတွင်း ထည့်သွင်းထားကာ ဦးခေါင်းကို ကားလမ်းမဘေး မြုပ်နှံထားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယင်းနောက် ဖေဖေါ်ဝါရီလ (၂၈)ရက်နေ့ နံနက်ပိုင်း၌ ကျေးရွာမီးတားလမ်းဖေါက်လုပ်ရေးလုပ်ဆောင်ရာတွင် အိမ်နီးချင်းများ၊ ဆွေမျိုးသားချင်းများက အဆိုပါအမျိုးသား၏ မိခင်ဖြစ်သူကို မတွေ့ရကြောင်း နှုတ်ဆက်မေးမြန်းကြရာ ပြန်လည်ဖြေကြားခြင်းမရှိခဲ့ကြောင်း သိရသည်။

ယင်းနောက် ကျေးရွာအုပ်ချုပ်ရေးမှူးထံသွားရောက်ပြီး မိခင်ဖြစ်သူအား သတ်ထားကြောင်းနှင့် ရဲတပ်ဖွဲ့ထံ အကြောင်းကြားပေးရန် ဝန်ခံထွက်ဆိုခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ရဲတပ်ဖွဲ့က အခင်းဖြစ်နေရာအား ရောက်လာချိန်တွင် အဆိုပါ အမျိုးသားသည် နေအိမ်အတွင်း စောင့်ဆိုင်းနေသည်ကို တွေ့ရပြီး ရဲတပ်ဖွဲ့အား ဝန်ခံထွက်ဆိုပြီး သက်သေခံပစ္စည်းများကို ဖေါ်ထုတ်ပြသခဲ့ကြောင်း သိရသည်။

အဓမ္မပြုကျင့်ခံရသည့် မိန်းကလေး၏ ဂုဏ်သိက္ခာအား ကာကွယ်ရန်အတွက် ပြစ်မှုကျူးလွန်သူနှင့် အသတ်ခံရသူ၏ အမည်များကို ရဲတပ်ဖွဲ့က ထုတ်ဖေါ်ပြောကြားမည် မဟုတ်ကြောင်း သိရသည်။

Tachileik News Agency
Source: Chiangrai Times

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~