မိုက်ကရိုဆော့ဖ် က TikTok ကို ဝယ်ယူရန် ညှိနှိုင်းနေ

မိုက်ကရိုဆော့ဖ် က TikTok ကို ဝယ်ယူရန် ညှိနှိုင်းနေ
သြဂုတ် 4, 2020
By Tachileik News Agency
မိုက်ကရိုဆော့ဖ် က  TikTok ကို ဝယ်ယူရန် ညှိနှိုင်းနေ

တရုတ်နည်းပညာကုမ္ပဏီထုတ် လူမှုကွန်ယက် App ဖြစ်သည့် TikTok ကို ဝယ်ယူရန် ညှိနှိုင်းနေသည်ဟု မိုက်ကရိုဆော့ဖ်က ၂၀၂၀ ခုနှစ်၊ သြဂုတ်လ (၂)ရက်နေ့၌ အတည်ပြုလိုက်သည်။

မိုက်ကရိုဆော့ဖ်ကုမ္ပဏီက TikTok ထုတ်လုပ်သည့် တရုတ်နည်းပညာကုမ္ပဏီ ByteDance နှင့် ဆွေးနွေးမှုများ လုပ်နေသည့်အပြင် အမေရိကန်ပြည်ထောင်စု အစိုးရနှင့်လည်း ညှိနှိုင်းမှုများ တောက်လျှောက်လုပ်နေသည်ဟု သိရသည်။

TikTok ကိုဝယ်ယူရာတွင် အခြားရင်းနှီးမြုပ်နှံသူများလည်း ပါဝင်နိုင်ကြောင်း သိရပြီး မိုက်ကရိုဆော့ဖ်က TikTok ဝယ်ယူမည့်သတင်းကို CNBC သတင်းဌာနက ဖေါ်ပြလိုက်ပြီးနောက် ယင်းစိတ်ကူးကို ဆန့်ကျင်ကြောင်း သမ္မတ ဒေါ်နယ်ထရန့်က ပြောကြားလိုက်သည့်အပြင် အမေရိကန်ပြည်ထောင်စုတွင် အဆိုပါ Applictaion ကို ပိတ်ပစ်မည်ဟု ပြောကြားထားခြင်းဖြစ်သည်။

မိုက်ကရိုဆော့ဖ်က TikTok ကို ဝယ်ယူူပြီးပါက သုံးစွဲသူများ၏ ကိုယ်ရေးအချက်အလက် လုံခြုံမှုကို မြှင့်တင်သွားမည်ဟုဆိုသည်။

မိုက်ကရိုဆော့ဖ်အနေဖြင့် ၂၀၀၇ ခုနှစ်ကတည်းက Facebook ကုမ္ပဏီတွင် အမေရိကန်ဒေါ်လာ သန်း(၂၄၀) ရင်းနှီးမြုပ်နှံထားခြင်းဖြစ်သည်။

TikTok ကို တရုတ်နိုင်ငံ၊ ဘေဂျင်းတွင် ၂၀၁၂ ခုနှစ်က တည်ထောင်ခဲ့သည့် ByteDance နည်းပညာကုမ္ပဏီက ထုတ်လုပ်ခဲ့ခြင်းဖြစ်ပြီး ၂၀၁၉ ခုနှစ်၌ လစဉ်အသုံးပြုသူ (၁) ကုဋေဝန်းကျင်ဖြင့် အမေရိကန်ဒေါ်လာ (၇၅) ဘီလျံတန်ဖိုးအထိ တက်လာခဲ့သည့် ထုတ်ကုန်တစ်ခုဖြစ်သည်။

Tachileik News Agency
Source: CNBC


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~