တာခ်ီလိတ္တြင္ သစ္ပင္လဲက်မႈေၾကာင့္ လူသံုးဦး ထိခုိက္ဒဏ္ရာရသြားသည့္အတြက္ လူစည္ကားရာေနရာမ်ားရိွ အႏၱရာယ္ရိွ သစ္ပင္မ်ားကို ရွင္းလင္းဖယ္ရွားေတာ့မည္

တာခ်ီလိတ္တြင္ သစ္ပင္လဲက်မႈေၾကာင့္ လူသံုးဦး ထိခုိက္ဒဏ္ရာရသြားသည့္အတြက္ လူစည္ကားရာေနရာမ်ားရိွ အႏၱရာယ္ရိွ သစ္ပင္မ်ားကို ရွင္းလင္းဖယ္ရွားေတာ့မည္
စက်တင်ဘာ 2, 2019
By 🌸
ရွမ္းျပည္နယ္ (အေရွ႕ပိုင္း) တာခ်ီလိတ္ၿမို႕ ရန္ေအာင္ေျမ အေျခခံပညာအလယ္တန္းေက်ာင္းတြင္ ၂၀၁၉ ခုႏွစ္၊ စက္တင္ဘာလ (၂)ရက္ေန႔က သစ္ပင္လဲက်ၿပီး ေက်ာင္းသူတစ္ဦးအပါအဝင္ လူ(၃)ဦး ထိခုိက္ဒဏ္ရာ ရသြားၿပီးေနာက္ ၿမိဳ႕နယ္တြင္းရိွ ေက်ာင္းမ်ားႏွင့္ လူစည္ကားရာေနရာမ်ား၌ လဲက်ႏုိင္သည့္အပင္မ်ား ခုတ္ထြင္ ရွင္းလင္းေတာ့မည္ျဖစ္ေၾကာင္း သိရသည္။

"စာသင္ေက်ာင္းေတြမွာရိွတဲ့ သစ္ပင္ေတြကိုလိုက္စိစစ္ဖို႔ ခရိုင္ပညာေရးနဲ႔ ၿမို႕နယ္ပညာေရးက ေျပာထားတယ္။ ကၽြန္ေတာ္နဲ႔အတ ူပူးေပါင္းေဆာင္ရြက္ဖို႔ ေျပာထားတာေပါ့။ လူစည္ကားရာ ေနရာေတြမွာ အခုလို အႏၱရာယ္ရိွတဲ့အပင္ေတြ ဖယ္ရွားဖို႔ ေထြအုပ္နဲ႔ ညိႇႏိႈင္းေဆာင္ရြက္မွာေပါ့"ဟု ရွမ္းျပည္နယ္ လႊတ္ေတာ္ကိုယ္စားလွယ္ ဦးခင္ေမာင္တင့္က တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

ရန္ေအာင္ေျမရပ္ကြက္ရိွ အေျခခံပညာအလယ္တန္းေက်ာင္းတြင္ ေန႔လယ္ (၁၁) နာရီ (၅၅) မိနစ္က သစ္ပင္လဲက်သြားသျဖင့္ အသက္ (၅)ႏွစ္အရြယ္ ေက်ာင္းသူတစ္ဦးအပါအဝင္ ေက်ာင္းသူ၏ ဖခင္ျဖစ္သူႏွင့္ အမ်ိဳးသား(၁)ဦး စုစုေပါင္း လူ (၃) ဦးဒဏ္ရာရရိွခဲ့သည့္အနက္ အမ်ိဳးသားတစ္ဦးမွာ အနည္းငယ္ ပြန္းပဲ့ဒဏ္ရာရရိွကာ ေက်ာင္းသူသားအဖႏွစ္ဦးမွာ မယ္ဆုိင္ေဆးရံုတြင္ ေဆးကုသမႈခံယူေနရျခင္းျဖစ္သည္။

အဆိုပါ သစ္ပင္လဲက်မႈေၾကာင့္ လွ်ပ္စစ္မီးတုိင္၊ ဆက္သြယ္ေရးတုိင္ႏွင့္ ဖိုင္ဘာႀကိဳးသြယ္တန္းသည့္ တုိင္မ်ားမွာ လဲက်သြားၿပီး ကားတစ္စီးႏွင့္ ဆုိင္ကယ္ႏွစ္စီး ပ်က္စီးခဲ့ျခင္းျဖစ္သည္။

သစ္ပင္လဲက်ပ်က္စီးမႈမ်ားအား တာခ်ီလိတ္ခရိုင္မီးသတ္တပ္ဖြဲ႕မွ သႏၶမီးသတ္တပ္ဖြဲ႕၀င္ (၁၅) ဦး၊ အရန္မီးသတ္တပ္ဖြဲ႕ဝင္မ်ား၊ ကယ္ဆယ္ေရး ကရိန္းကားတစ္စီး၊ တာခ်ီလိတ္ၿမို႕မီးလင္းေရးေကာ္မတီမွ ကရိန္းကားတစ္စီးတို႔ျဖင့္ ရွင္းလင္းဖယ္ရွားခဲ့ရာ ညေန (၃) နာရီတြင္ ရွင္းလင္းဖယ္ရွားမႈ ၿပီးစီးခဲ့ေၾကာင္း သိရသည္။

"မီးသတ္တပ္ဖြဲ႕ဝင္ေတြအေနနဲ႔ သစ္ပင္ခုတ္တဲ့သူေတြေလာက္ ကၽြမ္းက်င္မႈမရိွဘူးေပါ့။ ခ်ိန္းေဆာေတြကို ကၽြမ္းကၽြမ္းက်င္က်င္ ကိုင္တြယ္အသံုးျပဳႏိုင္ေပမဲ့ အျမင့္မွာရိွတဲ့ သစ္ပင္ေတြ ျဖတ္တာ၊ ေတာက္တာက်ေတာ့ ကၽြမ္းက်င္မႈမရိွဘူးေပါ့။ ကၽြန္ေတာ္တို႔မွာရိွတဲ့ ကရိန္းေတြက ရွာေဖြကယ္ဆယ္ေရးကရိန္းေတြ၊ (၂၅) မီတာ အျမင့္ကားႀကီးက မီးၿငိမ္းသတ္ဖို႔နဲ႔ ရွာေဖြကယ္ဆယ္ေရးအတြက္ဆိုေတာ့ ကန္႔သတ္ခ်က္ေတြမ်ားတယ္"ဟု တာခ်ီလိတ္ခရိုင္မီးသတ္တပ္ဖြဲ႕မွ ခရိုင္ဦးစီးမွဴး ဦးေက်ာ္ကိုကိုက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ေျပာသည္။

တာခ်ီလိတ္ၿမိဳ႕တြင္ မိုးရာသီအတြင္း ေရႊႀတိဂံကုန္းေပၚမွ သစ္ပင္လဲၿပိဳခဲ့မႈေၾကာင့္ ကား(၂) စီးႏွင့္ မီးတိုင္မ်ားပ်က္စီးခဲ့ျခင္း၊ ယာေျမကုန္းတြင္ ေရႊတိဂုံဘုရားကုန္းေတာ္ေပၚမွ သစ္ပင္လဲၿပိဳခဲ့ၿပီး မီးတိုင္ႏွင့္ ေနအိမ္အမိုးမ်ား ပ်က္စီးခဲ့ျခင္းမ်ားလည္း ျဖစ္ပြားခဲ့သည္။

သတင္း #ဟန္စိုးထုိက္
ဓါတ္ပံု - ေက်ာ္ဇင္ဟိန္း

~~~~~~~~⊰❂ Unicode Version ~~~~~~~~
တာချီလိတ်တွင် သစ်ပင်လဲကျမှုကြောင့် လူသုံးဦး ထိခိုက်ဒဏ်ရာရသွားသည့်အတွက် လူစည်ကားရာနေရာများရှိ အန္တရာယ်ရှိ သစ်ပင်များကို ရှင်းလင်းဖယ်ရှားတော့မည်
***********
ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့ ရန်အောင်မြေ အခြေခံပညာအလယ်တန်းကျောင်းတွင် ၂၀၁၉ ခုနှစ်၊ စက်တင်ဘာလ (၂)ရက်နေ့က သစ်ပင်လဲကျပြီး ကျောင်းသူတစ်ဦးအပါအဝင် လူ(၃)ဦး ထိခိုက်ဒဏ်ရာ ရသွားပြီးနောက် မြို့နယ်တွင်းရှိ ကျောင်းများနှင့် လူစည်ကားရာနေရာများ၌ လဲကျနိုင်သည့်အပင်များ ခုတ်ထွင် ရှင်းလင်းတော့မည်ဖြစ်ကြောင်း သိရသည်။

"စာသင်ကျောင်းတွေမှာရှိတဲ့ သစ်ပင်တွေကိုလိုက်စိစစ်ဖို့ ခရိုင်ပညာရေးနဲ့ မြို့နယ်ပညာရေးက ပြောထားတယ်။ ကျွန်တော်နဲ့အတ ူပူးပေါင်းဆောင်ရွက်ဖို့ ပြောထားတာပေါ့။ လူစည်ကားရာ နေရာတွေမှာ အခုလို အန္တရာယ်ရှိတဲ့အပင်တွေ ဖယ်ရှားဖို့ ထွေအုပ်နဲ့ ညှိနှိုင်းဆောင်ရွက်မှာပေါ့"ဟု ရှမ်းပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်တင့်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ရန်အောင်မြေရပ်ကွက်ရှိ အခြေခံပညာအလယ်တန်းကျောင်းတွင် နေ့လယ် (၁၁) နာရီ (၅၅) မိနစ်က သစ်ပင်လဲကျသွားသဖြင့် အသက် (၅)နှစ်အရွယ် ကျောင်းသူတစ်ဦးအပါအဝင် ကျောင်းသူ၏ ဖခင်ဖြစ်သူနှင့် အမျိုးသား(၁)ဦး စုစုပေါင်း လူ (၃) ဦးဒဏ်ရာရရှိခဲ့သည့်အနက် အမျိုးသားတစ်ဦးမှာ အနည်းငယ် ပွန်းပဲ့ဒဏ်ရာရရှိကာ ကျောင်းသူသားအဖနှစ်ဦးမှာ မယ်ဆိုင်ဆေးရုံတွင် ဆေးကုသမှုခံယူနေရခြင်းဖြစ်သည်။

အဆိုပါ သစ်ပင်လဲကျမှုကြောင့် လျှပ်စစ်မီးတိုင်၊ ဆက်သွယ်ရေးတိုင်နှင့် ဖိုင်ဘာကြိုးသွယ်တန်းသည့် တိုင်များမှာ လဲကျသွားပြီး ကားတစ်စီးနှင့် ဆိုင်ကယ်နှစ်စီး ပျက်စီးခဲ့ခြင်းဖြစ်သည်။

သစ်ပင်လဲကျပျက်စီးမှုများအား တာချီလိတ်ခရိုင်မီးသတ်တပ်ဖွဲ့မှ သန္ဓမီးသတ်တပ်ဖွဲ့ဝင် (၁၅) ဦး၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ ကယ်ဆယ်ရေး ကရိန်းကားတစ်စီး၊ တာချီလိတ်မြို့မီးလင်းရေးကော်မတီမှ ကရိန်းကားတစ်စီးတို့ဖြင့် ရှင်းလင်းဖယ်ရှားခဲ့ရာ ညနေ (၃) နာရီတွင် ရှင်းလင်းဖယ်ရှားမှု ပြီးစီးခဲ့ကြောင်း သိရသည်။

"မီးသတ်တပ်ဖွဲ့ဝင်တွေအနေနဲ့ သစ်ပင်ခုတ်တဲ့သူတွေလောက် ကျွမ်းကျင်မှုမရှိဘူးပေါ့။ ချိန်းဆောတွေကို ကျွမ်းကျွမ်းကျင်ကျင် ကိုင်တွယ်အသုံးပြုနိုင်ပေမဲ့ အမြင့်မှာရှိတဲ့ သစ်ပင်တွေ ဖြတ်တာ၊ တောက်တာကျတော့ ကျွမ်းကျင်မှုမရှိဘူးပေါ့။ ကျွန်တော်တို့မှာရှိတဲ့ ကရိန်းတွေက ရှာဖွေကယ်ဆယ်ရေးကရိန်းတွေ၊ (၂၅) မီတာ အမြင့်ကားကြီးက မီးငြိမ်းသတ်ဖို့နဲ့ ရှာဖွေကယ်ဆယ်ရေးအတွက်ဆိုတော့ ကန့်သတ်ချက်တွေများတယ်"ဟု တာချီလိတ်ခရိုင်မီးသတ်တပ်ဖွဲ့မှ ခရိုင်ဦးစီးမှူး ဦးကျော်ကိုကိုက တာချီလိတ်သတင်းအေဂျင်စီသို့ပြောသည်။

တာချီလိတ်မြို့တွင် မိုးရာသီအတွင်း ရွှေတြိဂံကုန်းပေါ်မှ သစ်ပင်လဲပြိုခဲ့မှုကြောင့် ကား(၂) စီးနှင့် မီးတိုင်များပျက်စီးခဲ့ခြင်း၊ ယာမြေကုန်းတွင် ရွှေတိဂုံဘုရားကုန်းတော်ပေါ်မှ သစ်ပင်လဲပြိုခဲ့ပြီး မီးတိုင်နှင့် နေအိမ်အမိုးများ ပျက်စီးခဲ့ခြင်းများလည်း ဖြစ်ပွားခဲ့သည်။

သတင်း #ဟန်စိုးထိုက်
ဓါတ်ပုံ - ကျော်ဇင်ဟိန်း 

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net