(၇၃) နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် အခမ်းအနား တာချီလိတ်တွင် ကျင်းပ

(၇၃) နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် အခမ်းအနား တာချီလိတ်တွင် ကျင်းပ
ဖေဖော်ဝါရီ 12, 2020
By Tachileik News Agency
(၇၃) နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် အခမ်းအနား တာချီလိတ်တွင် ကျင်းပ

(၇၃) နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် အခမ်းအနားအား ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့ရှိ အောင်မြတ်ခန်းမတွင် ၂၀၂၀ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၂) ရက်နေ့ နံနက် (၉) နာရီအချိန်က ကျင်းပသည်။

အခမ်းအနားတွင် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်ထံမှ ပေးပို့လာသည့် ပြည်ထောင်စုနေ့ သဝဏ်လွှာအား တာချီလိတ် ခရိုင်အုပ်ချုပ်ရေးမှူး ဦးမြင့်နိုင်က ဖတ်ကြားပြီးနောက် တက်ရောက်လာသူများက နိုင်ငံတော်အလံကို အလေးပြုကြသည်။

ယင်းနောက် (၇၃) နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် ဖလား လူသစ်တန်း ဖူဆယ်ဘောလုံးပြိုင်ပွဲနှင့် ပိုက်ကျော်ခြင်းပြိုင်ပွဲတို့မှ ဆုရအသင်းနှင့် အားကစားသမားများကို ဆုချီးမြှင့်ပေးသည်။

တာချီလိတ်တွင် ကျင်းပသည့် (၇၃) နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ်အခမ်းအနားတွင် ရှမ်းပြည်နယ်အရှေ့ပိုင်းဒေသတွင် နေထိုင်ကြသည့် တိုင်းရင်းသားလူမျိုးများဖြစ်ကြသည့် ရှမ်း၊ ဗမာ၊ ရခိုင်၊ အာခါ၊ လားဟူ၊ လီဆူ၊ ပအိုင်း၊ ကရင် ရိုးရာယဉ်ကျေးမှုအဖွဲ့များနှင့်အတူ သဘင်ယဉ်ကျေးမှုအဖွဲ့မှ ရိုးရာအကများဖြင့် ကပြဖျော်ဖြေခဲ့ကြသည်။

အဆိုပါ အခမ်းအနားသို့  စစ်ဗျူဟာအဖွဲ့အခြေချ(တာချီလိတ်)မှ စစ်ဗျူမှူး ဗိုလ်မှူးကြီးသော်ဇင်ဦး အပါအဝင် တာချီလိတ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးမြင့်နိုင် နှင့် ခရိုင်အဆင့် ဌာနဆိုင်ရာများ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးချမ်းမြေ့စော နှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ နိုင်ငံရေးပါတီများ၊ တိုင်းရင်းသား ယဉ်ကျေးမှူးအသင်းအဖွဲ့များ နှင့် လူမှုရေးအသင်းအဖွဲ့များ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများ အပြင် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်ကို တွေ့ရသည်။

Tachileik News Agency
သတင်း/ဓါတ်ပုံ  - ကျော်ဇင်ဟိန်း

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~