ထိုင်းနိုင်ငံတွင်း မီးခိုးမြူဖုံးလွှမ်း၍ လေထုအရည်အသွေးအဆိုးဆုံး ကျဆင်းချိန်များ၌ ကျောင်းများကို ယာယီပိတ်ရန် ညွှန်ကြားထား

ထိုင်းနိုင်ငံတွင်း မီးခိုးမြူဖုံးလွှမ်း၍ လေထုအရည်အသွေးအဆိုးဆုံး ကျဆင်းချိန်များ၌ ကျောင်းများကို ယာယီပိတ်ရန် ညွှန်ကြားထား
ဇန်နဝါရီ 21, 2020
By Tachileik News Agency

ထိုင်းနိုင်ငံတွင်း မီးခိုးမြူဖုံးလွှမ်း၍ လေထုအရည်အသွေးအဆိုးဆုံး ကျဆင်းချိန်များ၌ ကျောင်းများကို ယာယီပိတ်ရန် ညွှန်ကြားထား

ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်နှင့်နယ်စပ်ဖြစ်သည့် မယ်ဆိုင်အပါအဝင် ထိုင်းနိုင်ငံ မြောက်ပိုင်းဒေသနှင့် ဘန်ကောက်တွင် မီးခိုးမြူဖုံးလွှမ်းမှုကို ခံစားနေရပြီဖြစ်ရာ လေထုအရည်အသွေး ဆိုးရွားစွာကျဆင်းချိန်များ၌ ကျောင်းများကို (၇) ရက်ထက်မပိုစေဘဲ ပိတ်နိုင်ပြီး ကျောင်းချိန်အစားထိုးပြန်လည် ဖွင့်လှစ်ခြင်းများ လုပ်ဆောင်ရန် ပညာရေးဌာနက ၂၀၂၀ ခုနှစ်၊ ဇန်နဝါရီလ (၂၀)ရက်နေ့ကစ၍ ညွှန်ကြားထားသည်။

ထိုင်းနိုင်ငံတွင်း ကြံခင်းများရိတ်သိမ်းချိန်ဖြစ်၍ မီးရှို့ခြင်းများကြောင့် ဘန်ကောက်နှင့် ထိုင်းနိုင်ငံ မြောက်ပိုင်းဒေသတို့တွင် မီးခိုးမြူဖုံးလွှမ်းပြီး လေထုအရည်အသွေးကျဆင်းမှုနှင့် ကြုံတွေ့နေရသဖြင့် ကျောင်းများတွင် နှာခေါင်းစည်းများကိုလည်း အခမဲ့ဖြန့်ဝေပေးထားကြောင်း ထိုင်းအခြေခံပညာရေးကော်မရှင် တာဝန်ရှိသူက ပြောကြားသည်။

အခြေခံပညာကျောင်းများမှ တာဝန်ရှိသူများအနေဖြင့် ဒေသတွင်း လေထုအရည်အသွေးအခြေအနေပေါ် မူတည်ပြီး ကျောင်းပြင်ပလှုပ်ရှားမှုများကို အချိန်ပြောင်းလဲ လုပ်ဆောင်စေခြင်း၊ လေထုအရည်အသွေး ဆိုးရွားစွာ ကျဆင်းပါက ကျောင်းများကို (၇)ရက်ထက် မပိုစေဘဲ ပိတ်ပေးရန် ညွှန်ကြားထားခြင်းဖြစ်ကြောင်း သိရသည်။

ကျောင်းပိတ်ရခြင်းကြောင့် ကလေးများ၏ စာသင်ကြားရေးကို မထိခိုက်စေရန် စနေ၊ တနင်္ဂနွေ ကျောင်းပိတ်ရက်များတွင် အစားထိုးသင်ကြားပေးခြင်းနှင့် ကျောင်းဝန်းဧရိယာတွင် လေထုအရည်အသွေး တိုးတက်စေရေးလုပ်ဆောင်ချက်များ ဆောင်ရွက်ရန် ညွှန်ကြားထားခြင်းဖြစ်ကြောင်း သိရသည်။

Tachileik News Agency
Ref: Chiangrai Times, The Nation

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~