မူးယစ်ဆေးဝါးတားဆီးတိုက်ဖျက်ရေးလုပ်ငန်းများတွင် RCSS က NCA စာချုပ်သဘောတူညီချက် အတိုင်း ဆောင်ရွက်မည်

မူးယစ်ဆေးဝါးတားဆီးတိုက်ဖျက်ရေးလုပ်ငန်းများတွင် RCSS က NCA စာချုပ်သဘောတူညီချက် အတိုင်း ဆောင်ရွက်မည်
ဇန်နဝါရီ 21, 2020
By Tachileik News Agency

မူးယစ်ဆေးဝါးတားဆီးတိုက်ဖျက်ရေးလုပ်ငန်းများတွင် RCSS က NCA စာချုပ်သဘောတူညီချက် အတိုင်း ဆောင်ရွက်မည်

RCSS/SSA က မူးယစ်ဆေးဝါးတားဆီးတိုက်ဖျက်ရေးလုပ်ငန်းများတွင် NCA စာချုပ်သဘောတူညီချက်အတိုင်း လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။

“ NCA လက်မှတ်ရေးထိုးထားတဲ့ အခန်း (၆)မှာဆိုရင် မူးယစ်ဆေးဝါးတိုက်ဖျက်ရေးနဲ့ ပတ်သက်ပြီး မူဝါဒတွေ ချမှတ်ထားပါတယ်။ အဲဒီအတိုင်း ကျွန်တော်တို့က ဆက်လုပ်သွားမှာလည်းဖြစ်ပါတယ်”

ဟု  RCSS/ SSA မှ ဒုတိယ ဗိုလ်မှူးကြီး စိုင်းဟန်က တာချီလိတ်သတင်းအေဂျင်စီသို့  ပြောသည်။

ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ RCSS အနေဖြင့် မူးယစ်ဆေးဝါးတားဆီးတိုက်ဖျက်ရေး လုပ်ဆောင်ရာတွင် ဖမ်းဆီးရမိသူများကို ပြစ်ဒဏ်ပေးခြင်း၊ ဖမ်းဆီးရမိသည့် မူးယစ်ဆေးဝါးများအား မီးရှို့ဖျက်ဆီးခြင်းအပြင် သက်ဆိုင်ရာဒေသ ရဲတပ်ဖွဲ့နှင့် တပ်မတော်ထံ လွှဲပြောင်းပေးမှုကိုလည်း လုပ်ဆောင်ကြောင်း သိရသည်။

RCSS က ကျောက်မဲမြို့နယ်အတွင်း ပိုင်ရှင်မဲ့ဖမ်းဆီးရမိထားသည့် မူးယစ်ဆေးဝါးများနှင့် မူးယစ်ဆေး သယ်လာသည့် မော်တော်ယာဉ်တို့ကို တပ်မတော်ထံ ၂၀၂၀ ခုနှစ်၊ ဇန်နဝါရီလ (၁၈)ရက်နေ့ နေ့လယ်ပိုင်းက မိုင်းတင်း ကျေးရွာ၌ လွှဲပြောင်းပေးခဲ့ပြီး ရှမ်းပြည်နယ် (အရှေ့ပိုင်း) ကျိုင်းတုံတွင်လည်း ဖမ်းဆီးရမိသည့် အိုက်စ်မူးယစ်ဆေးများကို ရဲတပ်ဖွဲ့ထံ လွှဲပြောင်းပေးခဲ့သည်ဟု RCSS/ SSA မှ ဒုတိယ ဗိုလ်မှူးကြီး စိုင်းဟန်ထံမှ သိရသည်။

RCSS အနေဖြင့် ရှမ်းပြည်နယ်တွင်း မူးယစ်ဆေးဝါး တိုက်ဖျက်ရေးလုပ်ငန်းများ လုပ်ဆောင်ရာတွင် မူးယစ်ဆေးဝါးနှင့် အတူ ဖမ်းမိသူများအား အပြစ်ပေးခြင်းအပြင် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကိုလည်း ဆောင်ရွက်ပေးသည်ဟု ဆိုသည်။

Tachileik News Agency 
သတင်း/ဓါတ်ပုံ  - နေဖြိုးမြင့်

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~