မိုင်းဆတ်မြို့နယ်အတွင်း ပူနားကိုတွင် ခြံစည်းရိုး အုတ်တံတိုင်းအား ကားဝင်တိုက်မိရာမှ ယာဉ်မောင်း သေဆုံး

ဇန်နဝါရီ 26, 2020
By Tachileik News Agency

မိုင်းဆတ်မြို့နယ်အတွင်း ပူနားကိုတွင် ခြံစည်းရိုး အုတ်တံတိုင်းအား ကားဝင်တိုက်မိရာမှ ယာဉ်မောင်း သေဆုံး

ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်ဆတ်မြို့နယ်အတွင်း မိုင်းတွမ်း(တောင်ပေါ်)အုပ်စု၊ ပူနားကိုကျေးရွာတွင် မော်တော်ယာဉ်တစ်စီးမှ အရှိန်ပြင်းစွာဖြင့် ခြံစည်းရိုး အုတ်တံတိုင်းအား ဝင်တိုက်မိရာမှ ယာဉ်မောင်း သေဆုံးသွားကြောင်း သိရသည်။

 မိုင်းဆတ်ဘက်မှ  ပူနားကိုကျေးရွာဘက်သို့ ၂၀၂၀ ခုနှစ် ဇန်နဝါရီလ(၂၅)ရက်နေ့ နံနက်(၅)နာရီ ဝန်းကျင်အချိန်က  ဖိုးလှဆိုသူ မောင်းလာသော မောင်တော်ယာဉ်သည် နော်ရှဲလားဟူ (ကားရေဆေးခုံ)၏ ခြံစည်းရိုးအုတ်တံတိုင်းအား ဝင်တိုက်မိရာမှ နေရာတွင် ပွဲချင်းပြီး သေဆုံးသွားခြင်း ဖြစ်ကြောင်း သိရသည်။

အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်၍ ယာဉ်တိုက်မှုကြောင့် သေဆုံးသွားသည့် ဖိုးလှ ဆိုသူအား မော်တော်ယာဉ်အား ပေါ့ဆစွာ မောင်းနှင်မှုဖြင့် မိုင်းတွမ်းနယ်မြေရဲစခန်းတွင် ယာဉ်(ပ)၁/၂၀၂၀-ရာဇသတ်ကြီးပုဒ်မ-၃၀၄(က)ဖြင့် အမှုဖွင့် ထားကြောင်း သိရသည်။

Tachileik News Agency
သတင်း -  မြင့်မောင်(မိုင်းဆတ်)

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~