အထောက်အထားမဲ့ ဘင်္ဂါလီ (၂၄)ဦးကို ငဖဲမြို့နယ်တွင် နှစ်ရက်အတွင်း ဖမ်းဆီးရမိ

အထောက်အထားမဲ့ ဘင်္ဂါလီ (၂၄)ဦးကို ငဖဲမြို့နယ်တွင် နှစ်ရက်အတွင်း ဖမ်းဆီးရမိ
ဒီဇင်ဘာ 21, 2019
By Tachileik News Agency
အထောက်အထားမဲ့ ဘင်္ဂါလီ (၂၄)ဦးကို ငဖဲမြို့နယ်တွင် နှစ်ရက်အတွင်း ဖမ်းဆီးရမိ

နိုင်ငံသားအထောက်အထားမရှိသူ ဘင်္ဂါလီ  (၂၄) ဦးကို မကွေးတိုင်းဒေသကြီး ငဖဲမြို့နယ်၊ ပင်ဦးကျေးရွာအုပ်စု ကံရွာကျေးရွာအနီးတောအုပ်ထဲတွင် ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ (၂၀)ရက်နှင့် (၂၁)ရက်နေ့များတွင် ဖမ်းဆီးရမိထားသဖြင့် လူဝင်မှုကြီးကြပ်ရေးဥပဒေဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။

“သတင်းအရ ဒီဇင်ဘာ (၁၉) ရက်နေ့က တောနင်းရှာဖွေခဲ့ပေမယ့် မတွေ့ရဘဲ ဒီဇင်ဘာ (၂၀) ရက် ညပိုင်းကျမှ (၂၂) ဦးကို ဖမ်းဆီးနိုင်ခဲ့တာပါ။ သူတို့ရဲ့ထွက်ဆိုချက်အရ နောက်ထပ်(၂)ဦးကျန်ရှိနေသေးတယ်လို့ သိရ တာကြောင့် ဒီနေ့ ဒီဇင်ဘာ(၂၁)ရက် မနက်ပိုင်းမှာ ကျန်ရှိနေတဲ့(၂)ယောက်ကိုလည်း သွားရောက် ဖမ်းဆီး နိုင်ခဲ့ပါတယ်”ဟု ငဖဲ မြို့မစခန်းမှူး ဒုရဲမှူး ခွန်ဗီဇင်းရှိုစိန်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ဖမ်းဆီးရမိသည့် နိုင်ငံသားအထောက်အထားမရှိသူများတွင် အမျိုးသား (၁၆)ဦး၊ အမျိုးသမီး (၅)ဦးနှင့် ကလေး (၁)ဦး ပါဝင်ကြောင်း သိရသည်။

ဖမ်းဆီးရမိထားသူများကို ငဖဲမြို့နယ် လူဝင်မှုကြီးကြပ်ရေးဦးစီးဌာန တာဝန်ရှိသူများက စစ်ဆေးနေပြီး ၁၉၄၉ ခုနှစ် မြန်မာနိုင်ငံအတွင်း နေထိုင်သူများ မှတ်ပုံတင်ရေးအက်ဥပဒေ ပုဒ်မ ၆(၃)ဖြင့် အမှုဖွင့်ဆောင်ရွက်နေကြောင်း သိရသည်။

မြန်မာနိုင်ငံအနောက်ဘက် နယ်စပ်ဒေသဖြစ်သည့် ရခိုင်ပြည်နယ်နှင့် နယ်နမိတ်ထိစပ်နေသည့် မကွေးတိုင်းဒေသကြီး အတွင်းသို့ နိုင်ငံသားအထောက်အထားမရှိသူများ ဝင်ရောက်လာလေ့ရှိကြောင်း သိရသည်။

Tachileik News Agency
သတင်း - ဖီးနစ်

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~