တာချီလိတ်နှင့် နီးစပ်သည့် ထိုင်းနိုင်ငံ မယ်ဆိုင်စည်ပင်က ဈေးသည်များ အလေးခိုးမှု မရှိစေရေးနှင့် မှန်ကန်မှု ရှိစေရေးအတွက် ရှောင်တခွင် ဝင်စစ်ပြီး စတေကာ အမှတ်အသားများ ကပ်ကာ သတိပေး

တာချီလိတ်နှင့် နီးစပ်သည့် ထိုင်းနိုင်ငံ မယ်ဆိုင်စည်ပင်က ဈေးသည်များ အလေးခိုးမှု မရှိစေရေးနှင့် မှန်ကန်မှု ရှိစေရေးအတွက် ရှောင်တခွင် ဝင်စစ်ပြီး စတေကာ အမှတ်အသားများ ကပ်ကာ သတိပေး
ဇန်နဝါရီ 23, 2020
By Tachileik News Agency
တာချီလိတ်နှင့် နီးစပ်သည့် ထိုင်းနိုင်ငံ မယ်ဆိုင်စည်ပင်က ဈေးသည်များ အလေးခိုးမှု မရှိစေရေးနှင့် မှန်ကန်မှု ရှိစေရေးအတွက် ရှောင်တခွင် ဝင်စစ်ပြီး စတေကာ အမှတ်အသားများ ကပ်ကာ သတိပေး

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့နှင့်နယ်စပ်ဖြစ်သည့် ထိုင်းနိုင်ငံ မယ်ဆိုင်မြို့ရှိ ဈေးများ၊ ကုန်စုံဆိုင်များတွင် အလေးချိန်တွယ်မှု မမှန်ကန်သည့်ဆိုင်များ စာရင်းကို မယ်ဆိုင်စည်ပင်က မှတ်တမ်းယူထားပြီး ထပ်မံတွေ့ရှိပါက အရေးယူတော့မည်ဖြစ်ကြောင်း သိရသည်။

မယ်ဆိုင်မြို့ရှိ ဈေးများဖြစ်သည့် မယ်ဆိုင်မြို့မဈေး၊ လွိုင်ပေါင်းဈေး၊ မိုက်လုံးခွန်(ညဈေး)၊ ကော့ဆိုင်းဈေး နှင့် ပါယန်းဈေး အပါအဝင် ရပ်ကွက်တိုင်းရှိ ဈေးများတွင် အသီးအရွက် အသားငါးဈေးများနှင့် အလေးချိန် အချိန်အတွယ်ဖြင့် ရောင်းချသည့် ဆိုင်များကို ရှောင်တခင် ဝင်ရောက်စစ်ဆေးခြင်းကို ၂၀၂၀ ခုနှစ်၊ ဇန်နဝါရီလအတွင်း လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယင်းသို့ စစ်ဆေးမှုအတွင်း အလေးချိန် မမှန်သည့်စက် အသုံးပြုသည့်ဆိုင် (၂၃)ဆိုင်ကို တွေ့ခဲ့ရသဖြင့် အဆိုပါ စက်များအား ဆက်လက် အသုံးမပြုရန်နှင့် အလေးချိန်မမှန်သည်ကို ထပ်မံတွေ့ရှိပါက အရေးယူမည်ဖြစ်ကြောင်း သတိပေးထားသည်ဟု သိရသည်။

ဈေးသည်များ အလေးခိုးမှု မရှိစေရေးနှင့် မှန်ကန်မှု ရှိစေရေးအတွက် မယ်ဆိုင်စည်ပင်သာယာရေးဌာနက  ဈေးသည်များ အလေးချိန် ချိတ်တွယ်သည့် ကီလိုစက်ပစ္စည်းများအား စည်ပင်၏ အလေးချိန် တိုင်းတာသည့် အလေးတုံးဖြင့် စမ်းသပ်ချိတ်တွယ်ခြင်းများကို ပြုလုပ်ပြီး စည်ပင်ဌာနသာယာရေးဌာနမှ စိစစ်ပြီးသည့် အလေးချိန်(ကီလို)များအား စည်ပင်၏ စတေကာများဖြင့် ကပ်ပေးထားခဲ့သည်ကို တွေ့ရသည်။

မြန်မာနှင့်နယ်စပ်ဒေသဖြစ်သည့် မယ်ဆိုင်မြို့သို့ နယ်စပ်မှ လာရောက်ဝယ်ယူသူများလည်းရှိရာ ဈေးဆိုင်များ အလေးအချိန်အတွယ် မှန်ကန်စေရေးကို မြို့တော်ဝန်၏ညွှန်ကြားချက်ဖြင့် ဆောင်ရွက်နေခြင်းဖြစ်ကြောင်း သိရသည်။

Tachileik News Agency
Photo: Tessaban Maesai
  
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~