မိုင်းယောင်းတွင် အမျိုးသား (၂)ဦးကို စိတ်ကြွဆေးပြား (၁၉၅၈)ပြားနှင့်အတူ ဖမ်းမိ

မိုင်းယောင်းတွင် အမျိုးသား (၂)ဦးကို စိတ်ကြွဆေးပြား (၁၉၅၈)ပြားနှင့်အတူ ဖမ်းမိ
ဇူလိုင် 30, 2020
By 🌸

မိုင်းယောင်းတွင် အမျိုးသား (၂)ဦးကို စိတ်ကြွဆေးပြား (၁၉၅၈)ပြားနှင့်အတူ ဖမ်းမိ

ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ်တွင် ၂၀၂၀ ခုနှစ်၊ ဇူလိုင်လ (၂၉) ရက်နေ့ ညနေပိုင်းက ဝမ်တပ်ကျေးရွာ၌ အမျိုးသား (၂) ဦးနှင့် စိတ်ကြွဆေးပြားများကို ဖမ်းမိပြီးနောက်  ဟွေထမ်ကျေးရွာ၌ ဝှက်ထားသည့် စိတ်ကြွဆေးပြားများကိုပါ ထပ်မံဖမ်းမိကြောင်း သိရသည်။

မူးယစ်တပ်ဖွဲ့စု(၃၀) တာချီလိတ်မှ ဦးဆောင်ပြီး မိုင်းယောင်းမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များနှင့် သက်သေများပါဝင်သည့် ပူးပေါင်းအဖွဲ့သည် ဇူလိုင်လ (၂၉) ရက်နေ့ ညနေ (၄)နာရီခွဲကျော်တွင် ဝမ်တပ်ကျေးရွာရှိ နွဲ့ခမ့်(ခ)အိုက်ခမ့် နေအိမ်အား ဝင်ရောက်ရှာဖွေရာ နွဲ့ခမ့် (ခ) အိုက်ခမ့်နှင့် အိုက်ဥတို့ နှစ်ဦးအား တွေ့ရှိရပြီး WY စာတန်းပါ လိမ္မော်ရောင် စိတ်ကြွရူးသွပ်ဆေးပြား (၁၅၇) ပြားနှင့် အစိမ်းရောင် (၁)ပြား စုစုပေါင်း စိတ်ကြွရူးသွပ်ဆေးပြား (၁၅၈)ပြားကို ဖမ်းမိခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ ဖမ်းဆီးရမိမှုနှင့်ဆက်စပ်၍ ဟွေထမ်ကျေးရွာရှိ အိုက်ဥ၏ နေအိမ်အား သွားရောက်ရှာဖွေရာ နေအိမ်အောက် ကြက်ခြံပေါ်မှ မြွေရေခွံအိတ်အတွင်း လည်ရှည်သားရေဖိနပ်၌ ထည့်ထားသည့် WY စာတန်းပါ လိမ္မော်ရောင် စိတ်ကြွရူးသွပ်ဆေးပြား (၁၈၀၀) ပြားကို ထပ်မံဖမ်းမိခြင်းဖြစ်ကြောင်း သိရသည်။

မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိသည့် အသက် (၃၆)နှစ်အရွယ် နွဲ့ခမ့် (ခ) အိုက်ခမ့်နှင့် အသက် (၂၆)နှစ်အရွယ် အိုက်ဥတို့နှစ်ဦးအား မိုင်းယောင်းမြို့မရဲစခန်းတွင် မယ(ပ) ၁၅/၂၀၂၀၊ မူး/စိတ်ပုဒ်မ ၁၉(က)/၂၁ အရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။

Tachileik News Agency
သတင်း - စိုင်းယောင်းခမ်း
ဓါတ်ပုံ - ရဲတပ်ဖွဲ့


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~