တာချီလိတ်တွင် (၇၂) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ် ခရိုင်မီးသတ်တပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များဖြင့် ပျော်ပွဲရွှင်ပွဲ ကျင်းပ

တာချီလိတ်တွင် (၇၂) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ် ခရိုင်မီးသတ်တပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များဖြင့် ပျော်ပွဲရွှင်ပွဲ ကျင်းပ
ဇန်နဝါရီ 4, 2020
By Tachileik News Agency
 

တာချီလိတ်တွင် (၇၂) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ် ခရိုင်မီးသတ်တပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များဖြင့် ပျော်ပွဲရွှင်ပွဲ ကျင်းပ 

၂၀၂၀ ခုနှစ်၊ ဇန်နဝါရီလ (၄)ရက်နေ့၌ ကျရောက်သည့် (၇၂)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် အဖြစ် ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့တွင် ကျင်းပနေသည့် အားကစားပြိုင်ပွဲများတွင် ခရိုင်မီးသတ်တပ်ဖွဲ့က တပ်ဖွဲ့ဝင်များ ပုံမှန်လေ့ကျင့်ခန်းကို ပြိုင်ပွဲအဖြစ် ရှမ်းရိုးမကွင်းတွင် ကျင်းပသည်။

"တပ်ဖွဲ့ဝင်တွေ ပုံမှန်လေ့ကျင့်ရတဲ့ဟာကို ထည့်လိုက်တာ။ အရင်ကတော့ ပုံမှန်လေ့ကျင့်ခန်းပေါ့။ အခုက ပြိုင်ပွဲ လုပ်ခိုင်းလိုက်တာပေါ့။ သူတို့လည်းပျော်အောင် ပြိုင်ပွဲအနေနဲ့ထည့်ပြီး ဆုပေးလိုက်တာ။ လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အနေနဲ့ တပ်ဖွဲ့ဝင်တွေနဲ့ မိသားစုတွေပျော်အောင် ပွဲလုပ်ပေးလိုက်တာပါ" ဟု တာချီလိတ်ခရိုင်မီးသတ်ဦးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူ ဦးကျော်ကိုကိုက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

တာချီလိတ်ခရိုင်မီးသတ်မိသားစု၏ (၇၂) နှစ်မြောက်လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အားကစားပြိုင်ပွဲကို တာချီလိတ်မြို့လယ်ရှိ ရှမ်းရိုးမကွင်းအတွင်း ၂၀၂၀ ခုနှစ် ဇန်နဝါရီလ (၄) ရက်နေ့ နံနက်ပိုင်းက
 မီတာ(၁၀၀) မီးငြှိမ်းသတ်ရေးဝတ်စုံပြေးပြိုင်ပွဲ၊ မုန့်စားပြိုင်ပွဲ၊ ခေါင်းအုံးရိုက်ပြိုင်ပွဲ ၊ စကောရွက်ပြိုင်ပွဲ၊ ထုပ်စီးတိုးပြိုင်ပွဲ၊ အပြေးပြိုင်ပွဲနှင့် လေ့ကျင့်ခန်းပြိုင်ပွဲများကိုပါ ထည့်သွင်းကျင်းပသည်။

Tachileik News Agency
သတင်း  - ဟန်စိုးထိုက်
ဓါတ်ပုံ - ကျော်ဇင်ဟိန်း၊ ဟန်စိုးထိုက်
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~