နှစ်သစ်ကူးချိန် မင်းဘူး၌ စတိုးဆိုင်အဆောက်အဦနှစ်လုံးမီးလောင်၍ မီးသတ်စခန်း ၈ ခုမှ ၄ နာရီကျော်ကြာ ငြှိမ်းသတ်ရ

နှစ်သစ်ကူးချိန် မင်းဘူး၌ စတိုးဆိုင်အဆောက်အဦနှစ်လုံးမီးလောင်၍ မီးသတ်စခန်း ၈ ခုမှ ၄ နာရီကျော်ကြာ ငြှိမ်းသတ်ရ
ဇန်နဝါရီ 1, 2020
By 🌸

နှစ်သစ်ကူးချိန် မင်းဘူး၌ စတိုးဆိုင်အဆောက်အဦနှစ်လုံးမီးလောင်၍ မီးသတ်စခန်း ၈ ခုမှ ၄ နာရီကျော်ကြာ ငြှိမ်းသတ်ရ

မကွေးတိုင်းဒေသကြီး၊ မင်းဘူးမြို့ရှိ စတိုးဆိုင်တွင် ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ (၃၁) ရက်နေ့ ည (၁၁)နာရီ (၄၅)မိနစ်၌ မီးလောင်မှုစတင်ဖြစ်ပွားခဲ့ရာ မီးသတ်စခန်း (၈)ခုမှတပ်ဖွဲ့ဝင်များဖြင့် နောက်တစ်ရက်ကူးသည် အထိ ငြှိမ်းသတ်ခဲ့ရပြီး မီးငြှိမ်းသတ်ချိန်စုစုပေါင်း (၄)နာရီကျော် ကြာမြင့်ခဲ့ကြောင်း သိရသည်။

“မှန်တွေကာထားလို့ မီးရောင်တော့ မြင်နေရတယ်။ ဒါပေမဲ့ မီးငြှိသတ်ဖို့က မှန်တွေကို ခွဲရတာဖြစ်လို့ ခက်ခဲမှုတော့ ရှိပါတယ်။ မီးလောင်ရတဲ့အကြောင်းရင်းကို စုံစမ်းတဲ့အခါမှာတော့ မီးအားမြှင့်စက်က မီးအား စောင့်တက်ပြီးတော့မှ ဝါယာရှော့ဖြစ်ပြီး လောင်ရတာဖြစ်တယ်လို့ စစ်ဆေးတွေ့ရှိရပါတယ်”

ဟု မင်းဘူးခရိုင်မီးသတ်ဦးစီးမှူး ဦးထွန်းထွန်းက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

မီးလောင်မှုကြောင့် အဆောက်အဦနှစ်လုံး မီးလောင်ဆုံးရှုံးသွားခဲ့ရကြောင်း သိရသည်။

မင်းဘူး-စကု ကားလမ်းဘေး၊ အင်ကြင်းလမ်းရှိ ကိုမိုး-မခိုင် ဖိနပ်၊ဘောလုံး၊ အားကစား အဝတ်အထည် စတိုးဆိုင်မှာ မီးလောင်နေကြောင်း ည (၁၁)နာရီ (၄၅)မိနစ်ဝန်းကျင်တွင် မင်းဘူးခရိုင်မီးသတ်တပ်ဖွဲ့ထံ သတင်းပို့လာ၍ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်(၇၀)ဦး၊ မီးငြှိမ်းသတ်ယာဉ်(၅)စီး၊ ရေသယ်ယာဉ်(၃)စီး၊ မီးသတ်စက် ယာဉ်(၁)စီး၊ အထောက်အကူပြုယာဉ်(၃)စီး ဖြင့် သွားရောက်ငြှိမ်းသတ်ခဲ့သည့်အပြင်ထောက်ရှာပင်နယ်မြေ မီးသတ်စခန်း၊ စကုနယ်မြေ မီးသတ်စခန်း၊ မန်းရေနံမြေ မီးသတ်စခန်း၊ မကွေးတိုင်း မီးသတ်ဦးစီးဌာန၊ မင်းလှမြို့နယ် မီးသတ်စခန်း၊ ထောက်ရှာပင် ကမ်းနီရေနံမြေသီးသန့် မီးသတ်တပ်ဖွဲ့၊ မန်းရေနံမြေသီးသန့်မီးသတ်တပ်ဖွဲ့ တို့မှ စုစုပေါင်း မီးသတ်ယာဉ်(၂၇)စီး၊ ရေသယ်ယာဉ် များဖြင့် ပူးပေါင်းငြှိမ်းသတ်ခဲ့ရာ ၂၀၂၀ ခုနှစ် ဇန်နဝါရီလ (၁)ရက်နေ့ နံနက်(၄)နာရီဝန်းကျင်တွင် မီးငြိမ်းသွားကြောင်း သိရသည်။

ဆိုင်ပိုင်ရှင် ဦးအောင်မိုး (ခ)ကိုမိုးအား မင်းဘူးမြို့မရဲစခန်းတွင် (ပ)၁/၂၀၂၀၊ ပုဒ်မ၂၈၅ ဖြင့် အမှုဖွင့် အရေးယူထားကြောင်း သိရသည်။

Tachileik News Agency
သတင်း-ဖီးနစ်
ဓာတ်ပုံ-မီးသတ်ဦးစီး

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~