မိုင်းလင်းဆရာတော်၏ ဝိဇာတမွေးနေ့အလှူအဖြစ် သံဃာတော်အပါး (၄၀၀)ဝန်းကျင်အား ဆွမ်းဆန်စိမ်း စုပေါင်းလောင်းလှူ

မိုင်းလင်းဆရာတော်၏ ဝိဇာတမွေးနေ့အလှူအဖြစ် သံဃာတော်အပါး (၄၀၀)ဝန်းကျင်အား ဆွမ်းဆန်စိမ်း စုပေါင်းလောင်းလှူ
ဇန်နဝါရီ 9, 2020
By Tachileik News Agency
မိုင်းလင်းဆရာတော်၏ ဝိဇာတမွေးနေ့အလှူအဖြစ်  သံဃာတော်အပါး (၄၀၀)ဝန်းကျင်အား ဆွမ်းဆန်စိမ်း စုပေါင်းလောင်းလှူ

ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ တာချီလိတ်မြို့နယ်၊ မိုင်းလင်း(အနောက်)ကျေးရွာရှိ  မိုင်းလင်းဆရာတော်၏ ကျောင်းတိုက်တွင် ဆရာတော်၏ ဝိဇာတမွေးနေ့အလှူအဖြစ် ၂၀၂၀ ခုနှစ် ဇန်နဝါရီလ (၉) ရက်နေ့ နံနက်ပိုင်းက သံဃာတော်အပါး (၄၀၀)ဝန်းကျင်အား ဆွမ်းဆန်စိမ်း လောင်းလှူကြသည်။

အဂ္ဂမဟာဘုရာဇာခူး၊ အဂ္ဂမဟာ သဒ္ဓမ္မဇောတိကဓဇ မိုင်းလင်းဆရာတော် ဘဒ္ဒန္တဝိမလ၏ ဝိဇာတမွေးနေ့ အလှူသို့ အနယ်နယ်အရပ်ရပ်မှ လာရောက်ကြသူများနှင့်အတူ ဒေသတွင်းမှ ဌာနဆိုင်ရာ တာဝန်ရှိသူများလည်း ဆွမ်းဆန်စိမ်းလောင်းလှူကြခြင်း ဖြစ်သည်။

သက်တော်(၆၀)နှစ် ဝါတော်(၃၀)ရှိ အဂ္ဂမဟာဘုရာဇာခူး၊ အဂ္ဂမဟာ သဒ္ဓမ္မဇောတိကဓဇ မိုင်းလင်းဆရာတော် ဘဒ္ဒန္တဝိမလ အား ထပ်ဆင့် ဂုဏ်ပြုပူဇော်ပွဲနှင့် ဝိဇာတမွေးနေ့ အလှူတော်ပွဲကို ၂၀၂၀ ခုနှစ်၊ ဇန်နဝါရီလ (၄) ရက်နေ့မှစ၍ ဇန်နဝါရီလ (၈) ရက်နေ့အထိ ဆရာတော်၏ ကျောင်းတိုက်၌ ကျင်းပခဲ့ပြီး  ဇန်နဝါရီလ(၉)ရက်နေ့ နံနက်တွင် ဆွမ်းဆန်စိမ်းလောင်းလှူကြခြင်းဖြစ်သည်။

Tachileik News Agency
ဓါတ်ပုံ - ကျော်ဇင်ဟိန်း
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~