အထူးဒေသ(၄) မိုင်းလား တွင် Quarantine ဝင်ထားသည့် တရုတ်နိုင်ငံမှ နေရပ်ပြန် (၃၆၈) ဦးကို ကျိုင်းတုံမှတစ်ဆင့် နေရပ်ပြန်နိုင်ရန် လွှဲပြောင်း

အထူးဒေသ(၄) မိုင်းလား တွင် Quarantine ဝင်ထားသည့် တရုတ်နိုင်ငံမှ နေရပ်ပြန် (၃၆၈) ဦးကို ကျိုင်းတုံမှတစ်ဆင့် နေရပ်ပြန်နိုင်ရန် လွှဲပြောင်း
မေ 3, 2020
By Tachileik News Agency
အထူးဒေသ(၄) မိုင်းလား တွင် Quarantine ဝင်ထားသည့် တရုတ်နိုင်ငံမှ နေရပ်ပြန် (၃၆၈) ဦးကို ကျိုင်းတုံမှတစ်ဆင့် နေရပ်ပြန်နိုင်ရန် လွှဲပြောင်း

ရှမ်းပြည်နယ်(အရှေ့ပိုင်း) အထူးဒေသ(၄) ဆီလူးတွင် (၂၁) ရက် Quarantine ပြည့်သွားသည့် တရုတ်နိုင်ငံမှ နေရပ်ပြန် (၃၆၈) ယောက်ကို ၂၀၂၀ ခုနှစ်၊ မေလ (၃) ရက်နေ့၌ ကျိုင်းတုံဘက်သို့ လွှဲပြောင်းပေးသည်။

“ အမှန်တော့ ဒီနေ့ စာရင်းပေးတာကတော့ (၃၆၉) ယောက်ပါ။ ဒါပေမဲ့ တစ်ယောက်က ဒီနေ့ ချောင်းနည်းနည်းဆိုးနေတဲ့အတွက် သေချာအောင်လို့ သူ့ကိုပြန်မလွှတ်ဘဲ ဆက်ပြီးစောင့်ကြည့်ထားတယ်။ သူတို့ကိုတော့ ဒီဘက်ကနေ သက်ဆိုင်ရာဒေသအသီးသီးကို ပြန်နိုင်အောင် စီစဉ်ပေးထားတယ်။ သူတို့နေရပ်အသီးသီးကိုပြန်ဖို့ ပြည်နယ်ကနေ သက်ဆိုင်ရာ တိုင်းဒေသကြီး၊ ပြည်နယ်တွေကို ချိတ်ဆက်ပေးထားတယ်”ဟု ရှမ်းပြည်နယ်အရှေ့ပိုင်း ဒုတိယပြည်နယ်အုပ်ချုပ်ရေးမှူး ဦးရဲနိုင်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

အထူးဒေသ(၄)ဘက်မှ ကျိုင်းတုံသို့  တတိယအကြိမ် လွှဲပြောင်းပေးလာသူ (၃၆၈)ဦးတွင် ရှမ်းပြည်နယ်အရှေ့ပိုင်းဒေသမှ (၂၁)ဦးပါဝင်ကြောင်း သိရသည်။

“ခရီးစရိတ်ကတော့ သူတို့ဘာသာ ကျခံတာပါ။ လမ်းခရီးတလျှောက် စားရေးသောက်ရေးအတွက် မိုင်းယန်းကို စားစရိတ်ထုတ်ပေးပြီး သူတို့ နေ့လယ်စာကျွေးဖို့ စီစဉ်ပေးထားတယ်။ ညနေစာကို မိုင်းပျဉ်းမှာ စီစဉ်ပေးထားတယ်။ အဲဒါကိုတော့ ခရိုင်ကော်မတီ (ကျိုင်းတုံခရိုင် Coronavirus Disease 2019 COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးကော်မတ)က ပေးတာပေါ့။ ကျိုင်းတုံမှာ ပြည်နယ်အားကစားကွင်းမှာ သူတို့ ကားမူးတဲ့သူတွေကို ကုသပေးတာတို့၊ ရေဗူးဘာညာ လိုတာလေးတွေ  ပေးတာလုပ်ပေးတယ် ။  ငွေလဲဖို့လိုတဲ့သူလည်း ငွေလဲနိုင်ဖို့ စီစဉ်ပေးတယ်။ ပြီးတော့ မိုင်းပျဉ်းကို တောက်လျှောက် ထွက်သွားတယ်။ မိုင်းပျဉ်းမှာ နားပြီးတော့မှ ခရီးဆက်ကြမှာ”ဟု ကျိုင်းတုံမြို့မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ ဝဏ္ဏစိုးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

တရုတ်နိုင်ငံပြန်လာပြီး အထူးဒေသ (၄) တွင် Quarantine (၂၁) ရက် ပြည့်၍ နေရပ်ဒေသအသီးသီးပြန်နိုင်ရန် ကျိုင်းတုံသို့ တစ်ဆင့်လွှဲပေးနေရာ ဧပြီလ (၂၈)ရက်နေ့က ပထမအကြိမ်အဖြစ် (၂၇၇)ဦးနှင့် မေလ (၁)ရက်နေ့က ဒုတိယအကြိမ် အဖြစ် (၅၆၆)ဦး လွှဲပြောင်းပေးထားပြီးဖြစ်သည်။

ရှမ်းပြည်နယ်(အရှေ့ပိုင်း) အထူးဒေသ(၄) သို့ တရုတ်နိုင်ငံဘက်မှ ပြန်ဝင်လာသူများအား Facility Quarantine (၂၁) ရက် ထားရှိပြီးနောက် နေရပ်ပြန်နိုင်ရေးအတွက် ကျိုင်းတုံသို့ လွှဲပြောင်းခြင်းကို အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန (NRPC) နှင့် ရှမ်းပြည်နယ်အစိုးရအဖွဲ့ထံ တင်ပြဆောင်ရွက်နေခြင်းဖြစ်သည်။

Tachileik News Agency
သတင်း - ချယ်ရီထိုက်
ဓါတ်ပုံ - A.K


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~