တာချီလိတ်ခရိုင်အတွင်း အရင်နှစ်ကလို မီးခိုးတွေ ဖုံးလွှမ်းမှုမရှိစေဖို့ ကြိုတင်ပြင်ဆင်မည်

တာချီလိတ်ခရိုင်အတွင်း အရင်နှစ်ကလို မီးခိုးတွေ ဖုံးလွှမ်းမှုမရှိစေဖို့ ကြိုတင်ပြင်ဆင်မည်
ဒီဇင်ဘာ 21, 2019
By Tachileik News Agency

တင်ဆက် - ကိုဇောင်း
သတင်းရိုက်ကူး - ဟန်စိုးထိုက်


တာချီလိတ်ခရိုင်အတွင်း အရင်နှစ်ကလို မီးခိုးတွေ ဖုံးလွှမ်းမှုမရှိစေဖို့ ကြိုတင်ပြင်ဆင်မည်


ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်ခရိုင်အတွင်း ပွင့်လင်းကာလတွေမှာ အရင်နှစ်ကလို တောမီးခိုးတွေလျော့ကျသွားဖို့  တောင်ယာခုတ်ထွင်မှုတွေနဲ့ တောမီးရှိုမှုတွေ လျော့ကျဖို့အတွက် အသိပညာပေးလုပ်ငန်းတွေကို ၂၀၁၉ ခုနှစ် ဒီဇင်ဘာလက မကုန်ခင်ကနေ စပြီး လုပ်ဆောင်ဖို့ ပြင်ဆင်နေပါတယ်။

တာချီလိတ်ခရိုင်အတွင်းက မြို့နယ် (၃) မြို့နယ်ရဲ့ မြို့နယ်စီမံခန့်ခွဲရေးကော်မတီတွေကို ကျေးရွာတွေအထိ အသိပညာပေးဟောပြောပွဲတွေလုပ်ဖို့ ညွှန်ကြားထားတယ်လို့ တာချီလိတ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးမြင့်နိုင်က ပြောပါတယ်။

တောင်ယာတွေမခုတ်ဖို့ စာထုတ်ထားပြီး ကွင်းဆင်းဆောင်ရွက်မှုတွေ လုပ်ဆောင်နေတယ်လို့ သစ်တောဦးစီးဌာန ရဲ့ ရှမ်းပြည်နယ်အရှေ့ပိုင်း ကျိုင်းတုံမှ ဒုတိယညွှန်ကြားရေးမှူး ဦးစိုးတင့်က ပြောပါတယ်။

ဒေသခံတွေရဲ့ စားဝတ်နေရေးအရ တောင်ယာစိုက်ပျိုးမှုတွေ ရှိနေတဲ့အတွက် တောင်ယာမီးရှိုမှုတွေကို တပြိုင်နက်တည်း မဟုတ်ပဲ အလှည့်ကျစနစ်နဲ့ရှိုဖို့ စည်းရုံးမှုတွေ လုပ်ဆောင်သွားမယ်လို့ တာချီလိတ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးမြင့်နိုင်က ပြောပါတယ်။

တာချီလိတ်ခရိုင်အတွင်း နှစ်စဉ် ပွင့်လင်းရာသီဖြစ်တဲ့ နွေရာသီကာလတွေမှာ နယ်စပ်တစ်လျှောက် တောမီးရှို့မှုများကြောင့် မြို့တွင်းထဲအထိ မီးခိုးတွေ ဝင်ရောက်လာခဲ့တဲ့ ဖြစ်စဉ်ကြောင့် အခုတော့ ကြိုတင်ပြင်ဆင်မှုတွေ လုပ်ဖို့ ပြင်နေသလို  ပြုလုပ်နေပါတယ်။

Tachileik News Agency

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~