ရှမ်းပြည်နယ်အရှေ့ပိုင်းအတွင်း Covid-19 ကူးစက်မှု ဒီဇင်ဘာလ(၄)ရက်နေ့အထိ အခြေအနေ

ရှမ်းပြည်နယ်အရှေ့ပိုင်းအတွင်း Covid-19 ကူးစက်မှု ဒီဇင်ဘာလ(၄)ရက်နေ့အထိ အခြေအနေ
ဒီဇင်ဘာ 4, 2020
By Tachileik News Agency
ရှမ်းပြည်နယ်အရှေ့ပိုင်းအတွင်း Covid-19 ကူးစက်မှု ဒီဇင်ဘာလ(၄)ရက်နေ့အထိ အခြေအနေ 
ရှမ်းပြည်နယ်အရှေ့ပိုင်းဒေသတွင် ၂၀၂၀ ခုနှစ်၊ ဒီဇင်ဘာလ (၄) ရက်နေ့ တစ်ရက်တာအတွင်း COVID 19 ပိုးတွေ့လူနာ စုစုပေါင်း (၁၄) ဦးတိုးလာသဖြင့် စုစုပေါင်းအတည်ပြုလူနာ (၉၃) ဦးအထိရှိလာပြီဖြစ်ပြီး လက်ရှိအချိန်ထိ ကုသမှုခံယူဆဲ (၇၈)ဦးရှိနေသည်။
တစ်ရက်တာအတွင်း အသစ်ထပ်တိုးလာသည့် အတည်ပြုလူနာ (၁၄) ဦးမှာ တာချီလိတ်မြို့နယ်အတွင်း RDT Test kit ဖြင့် စစ်ဆေးသူများထဲမှ (၇) ဦး၊ တောင်ကြီးမြို့ ပြည်သူ့ကျန်းမာရေးဓါတ်ခွဲဌာနသို့ပေးပို့ပြီး RT- PCR ဖြင့် စစ်ဆေးသူများထဲမှ (၄) ဦး စုစုပေါင်း (၁၁) ဦး၌ COVID-19 ပိုးတွေ့ခဲ့ခြင်းဖြစ်ပြီး မိုင်းယောင်းမြို့နယ်တွင် တာချီလိတ်မြို့မှ ပြန်လာသည့် အမျိုးသမီး(၃) ဦးကို RDT Test kit ဖြင့် စစ်ဆေးရာမှ CIVID-19 ပိုး တွေ့ရှိခဲ့ခြင်းဖြစ်သည်။
တာချီလိတ်မြို့တွင် နိုဝင်ဘာလ (၂၅) ရက်နေ့မှစ၍ COVID 19 ဒေသတွင်းကူးစက်မှုအဖြစ် စတင်တွေ့လာရပြီးနောက် ဒီဇင်ဘာလ (၄) ရက်နေ့အထိ ဒေသတွင်းအတည်ပြုလူနာများ တိုးလာနေသဖြင့် ပြည်နယ်ကုသရေးနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနသည် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ရောဂါကာကွယ်၊ထိန်းချုပ်၊ ကုသရေး လုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်နေခြင်းဖြစ်သည်။
ဒေသတွင်းကူးစက်မှုဖြစ်ပွားနေ၍ ရှမ်းပြည်နယ်အရှေ့ပိုင်းတွင် နေထိုင်ကြသော ပြည်သူလူထုအနေဖြင့် အတတ်နိုင်ဆုံး အိမ်တွင်နေကြရန်၊ လူစုလူဝေးရှိသည့်နေရာများကို သွားရောက်ခြင်းမှ ရှောင်ကြဉ်ကြရန်၊ မဖြစ်မနေ အပြင်ထွက်ရမယ်ဆိုလျှင် နှာခေါင်းစည်း (Mask) တပ်ရန်နှင့် လက်ကို မကြာခဏဆေးရန်
ပြည်နယ်ကုသရေးနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနက တိုက်တွန်းထားသည်။
ရှမ်းပြည်နယ်အရှေ့ပိုင်းဒေသအတွင်း၌ Covid-19 ရောဂါပိုးအား ၂၀၂၀ခုနှစ် ဧပြီလ(၁၅)ရက်နေ့ကစ၍ တွေ့ရှိခြင်းဖြစ်ပြီး ဒီဇင်ဘာလ(၄)ရက်နေ့ ညပိုင်းအထိ အတည်ပြုလူနာ စုစုပေါင်း (၉၃)ဦးရှိခဲ့ရာမှ လက်ရှိတွင် (၇၈)ဦးမှာ ကုသမှု ခံယူနေဆဲဖြစ်သည်။
Tachileik News Agency

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~