ေရြးေကာက္ပဲြအတြက္ မွန္ကန္စြာ မဲဆႏၵရွင္စာရင္း ျပဳစုႏိုင္ရန္ ျပည္ေထာင္စုေရြးေကာက္ပဲြေကာ္မရွင္ႏွင့္ ႏိုင္ငံေရးပါတီမ်ား၊ ေရြးေကာက္ပဲြဆိုင္ရာက႑စံုမွ ပါဝင္ပတ္သက္သူမ်ား ေတြ႔ဆံုေဆြးေႏြး

ေရြးေကာက္ပဲြအတြက္ မွန္ကန္စြာ မဲဆႏၵရွင္စာရင္း ျပဳစုႏိုင္ရန္ ျပည္ေထာင္စုေရြးေကာက္ပဲြေကာ္မရွင္ႏွင့္ ႏိုင္ငံေရးပါတီမ်ား၊ ေရြးေကာက္ပဲြဆိုင္ရာက႑စံုမွ ပါဝင္ပတ္သက္သူမ်ား ေတြ႔ဆံုေဆြးေႏြး
ဇူလိုင် 12, 2019
By Tachileik News Agency

ေရြးေကာက္ပဲြအတြက္ မွန္ကန္စြာ မဲဆႏၵရွင္စာရင္းျပဳစုႏိုင္ရန္ ျပည္ေထာင္စုေရြးေကာက္ပဲြေကာ္မရွင္က မေကြး တိုင္းေဒသႀကီးအတြင္းရိွ ႏိုင္ငံေရးပါတီမ်ား၊ ေရြးေကာက္ပဲြဆိုင္ရာက႑စံုမွ ပါဝင္ပတ္သက္သူမ်ား ႏွင့္ ၂၀၁၉ခုႏွစ္ ဇူလိုင္လ(၁၂)ရက္ နံနက္ပိုင္းက မေကြးၿမိဳ႕နယ္စုေပါင္းရံုး အစည္းအေဝးခန္းမ၌ ေတြ႔ဆံုေဆြးေႏြးပဲြ ျပဳလုပ္ခဲ့ေၾကာင္း သိရသည္။

“ေရြးေကာက္ပဲြမွာ က႑စံုကေန ပါဝင္ပတ္သက္သူမ်ားနဲ႔ ေရြးေကာက္ပဲြေကာ္မရွင္၊ ေကာ္မရွင္ခဲြ အဆင့္ ဆင့္တို႔  ဆက္ဆံေရး ပိုမိုတိုးျမွင့္လာေစဖို႔၊ အဲဒီလို တိုးျမွင့္ျခင္းအားျဖင့္ ေရြးေကာက္ပဲြလုပ္ငန္းေတြ မွာ ပြင့္လင္း ျမင္သာမႈကို တည္ေဆာက္ဖို႔၊ ျပည္သူေတြအေနနဲ႔ ေရြးေကာက္ပဲြလုပ္ငန္းေတြအေပၚ ဒိထက္ပိုၿပီး ေတာ့ ယံုၾကည္မႈ ျမင့္မားလာေစဖို႔  အဲဒီ ရည္ရြယ္ခ်က္(၃)ရပ္ကိုအေျခခံၿပီး မဲဆႏၵရွင္စာရင္းျပဳစုႏိုင္ဖို႔ အခု လို ေတြ႔ ဆံုေဆြးေႏြးပဲြ ျပဳလုပ္ရျခင္းျဖစ္ပါတယ္”ဟု ျပည္ေထာင္စုေရြးေကာက္ပဲြေကာ္မရွင္အဖဲြ႔ဝင္ (မေကြး တိုင္းေဒ သႀကီးတာဝန္ခံ) ဦးလွတင့္ က တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာၾကားသည္။

လာမည့္ ၂၀၂၀ ေရြးေကာက္ပဲြေအာင္ျမင္ႏိုင္ေရးအတြက္ အခန္း(၁၁)ခန္းပါရိွသည့္ မဟာဗ်ဴဟာစီမံကိန္းပါ အခ်က္မ်ားအား အခ်ိန္အလိုက္ဇယားေရးဆဲြ၍ အဆင့္ဆင့္ ေဆာင္ရြက္သြားမည္ျဖစ္ေၾကာင္း သိရသည္။

“ျပည္ေထာင္စုအစိုးရအဖဲြ႔ဝန္ႀကီးဌာနရယ္၊ လူဝင္မႈႀကီးၾကပ္ေရးႏွင့္ ျပည္သူ႔အင္အား ဝန္ႀကီးဌာနရယ္ က်ေနာ္တို႔ေကာ္မရွင္ရယ္ ပူးေပါင္းၿပီးေတာ့ အရင္ကၾကံဳေတြ႔ခဲ့တဲ့ အားနည္းခ်က္ေတြ ထပ္ၿပီးမေပၚေပါက္ ေအာင္ လူဦးေရစာရင္းကို အေထြေထြအုပ္ခ်ဳပ္ေရးဦးစီးဌာနက တာဝန္ယူမယ္။ လူဦးေရစာရင္းအေပၚ တည္မွီၿပီးေတာ့ လူမ်ိဳးေရးကိစၥ၊ ႏိုင္ငံသား ဟုတ္၊ မဟုတ္ကိစၥေတြကို လူဝင္မႈႀကီးၾကပ္ေရးႏွင့္ျပည္သူ႔အင္ အားဝန္ႀကီးဌာန က စိစစ္ဖို႔ တာဝန္ယူမယ္။ အဲလိုစိစစ္ၿပီးတဲ့အေပၚမွာ ေကာ္မရွင္အဖဲြ႔ခဲြအဆင့္ဆင့္က ေန ၿပီးေတာ့ မဲစာရင္းကိုျပဳစုမွာျဖစ္ပါတယ္”ဟု ဦးလွတင့္က ေျပာသည္။

လူဦးေရစာရင္းေကာက္ယူမႈအား ၂၀၁၉ခုႏွစ္ ဇြန္လမွစ၍ စက္တင္ဘာလတြင္ အၿပီးျဖတ္ကာ လူဝင္မႈႀကီး ၾကပ္ေရးႏွင့္ျပည္သူ႔အင္ အားဝန္ႀကီးဌာန မွ အတည္ျပဳၿပီးပါက ေကာ္မရွင္အဖဲြ႔ခဲြမ်ားတြင္ ဖဲြ႔ေပးထားသည့္ လုပ္ငန္းေကာ္မတီမ်ားက မဲစာရင္းျပဳစုေရးကို  လုပ္ေဆာင္ၾကမည္ျဖစ္ေၾကာင္း သိရၿပီး ၂၀၁၅ ခုႏွစ္ ေရြး ေကာက္ပဲြတြင္ ႀကံဳေတြ႔ခဲ့ရသည့္ အကၡရာစဥ္လိုက္ မဲဆႏၵရွင္စာရင္းျပဳစုခဲ့၍ တစ္မိသားစုအတြင္းမွာပင္ မဲရံုမ်ား ကဲြခဲ့သည့္ ျဖစ္ရပ္မ်ိဳး ၂၀၂၀ခုႏွစ္ေရြးေကာက္ပဲြတြင္ ရိွေတာ့မည္မဟုတ္ေၾကာင္း သိရသည္။

ေတြ႔ဆံုပဲြသို႔ ေကြးတိုင္းေဒသႀကီး၊ ခရိုင္၊ ၿမိဳ႕နယ္အသီးသီးမွ ေရြးေကာက္ပဲြေကာ္မရွင္ အဖဲြ႔ခဲြဥကၠဌႏွင့္ အဖဲြ႔ ဝင္မ်ား၊ ဌာနဆိုင္ရာအႀကီးအကဲမ်ား၊ ႏိုင္ငံေရးပါတီမ်ား၊ အရပ္ဖက္ဆိုင္ရာလူမႈအဖဲြ႔အစည္းမ်ား တက္ ေရာက္ၾကၿပီး  ျပည္ေထာင္စုေရြးေကာက္ပဲြေကာ္မရွင္၏ မဟာဗ်ဴဟာစီမံကိန္း(၂၀၁၉-၂၀၂၂)ႏွင့္ မဲဆႏၵရွင္စာရင္း တိက်မွန္ကန္ေရး၊ မဲေပးပိုင္ခြင့္ရိွသူတိုင္း မဲေပးႏိုင္ေရး ပူးေပါင္းေဆာင္ရြက္သြားမည့္ အေျခအေနမ်ားကို ရွင္းလင္း၍ တာ၀န္ရွိသူမ်ားက ရွင္းလင္းၿပီးေနာင္ တက္ေရာက္လာသူမ်ားက အၾကံျပဳေဆြးေႏြးၾကေၾကာင္း သိရသည္။

သတင္း/ဓာတ္ပံု- ဖီးနစ္


~~~~~~~~⊰❂ Unicode Version ~~~~~~~~

ရွေးကောက်ပွဲအတွက် မှန်ကန်စွာ မဲဆန္ဒရှင်စာရင်းပြုစုနိုင်ရန် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က မကွေး တိုင်းဒေသကြီးအတွင်းရှိ နိုင်ငံရေးပါတီများ၊ ရွေးကောက်ပွဲဆိုင်ရာကဏ္ဍစုံမှ ပါဝင်ပတ်သက်သူများ နှင့် ၂၀၁၉ခုနှစ် ဇူလိုင်လ(၁၂)ရက် နံနက်ပိုင်းက မကွေးမြို့နယ်စုပေါင်းရုံး အစည်းအဝေးခန်းမ၌ တွေ့ဆုံဆွေးနွေးပွဲ ပြုလုပ်ခဲ့ကြောင်း သိရသည်။

“ရွေးကောက်ပွဲမှာ ကဏ္ဍစုံကနေ ပါဝင်ပတ်သက်သူများနဲ့ ရွေးကောက်ပွဲကော်မရှင်၊ ကော်မရှင်ခွဲ အဆင့် ဆင့်တို့ ဆက်ဆံရေး ပိုမိုတိုးမြှင့်လာစေဖို့၊ အဲဒီလို တိုးမြှင့်ခြင်းအားဖြင့် ရွေးကောက်ပွဲလုပ်ငန်းတွေ မှာ ပွင့်လင်း မြင်သာမှုကို တည်ဆောက်ဖို့၊ ပြည်သူတွေအနေနဲ့ ရွေးကောက်ပွဲလုပ်ငန်းတွေအပေါ် ဒိထက်ပိုပြီး တော့ ယုံကြည်မှု မြင့်မားလာစေဖို့ အဲဒီ ရည်ရွယ်ချက်(၃)ရပ်ကိုအခြေခံပြီး မဲဆန္ဒရှင်စာရင်းပြုစုနိုင်ဖို့ အခု လို တွေ့ ဆုံဆွေးနွေးပွဲ ပြုလုပ်ရခြင်းဖြစ်ပါတယ်”ဟု ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် (မကွေး တိုင်းဒေ သကြီးတာဝန်ခံ) ဦးလှတင့် က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောကြားသည်။

လာမည့် ၂၀၂၀ ရွေးကောက်ပွဲအောင်မြင်နိုင်ရေးအတွက် အခန်း(၁၁)ခန်းပါရှိသည့် မဟာဗျူဟာစီမံကိန်းပါ အချက်များအား အချိန်အလိုက်ဇယားရေးဆွဲ၍ အဆင့်ဆင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

“ပြည်ထောင်စုအစိုးရအဖွဲ့ဝန်ကြီးဌာနရယ်၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနရယ် ကျနော်တို့ကော်မရှင်ရယ် ပူးပေါင်းပြီးတော့ အရင်ကကြုံတွေ့ခဲ့တဲ့ အားနည်းချက်တွေ ထပ်ပြီးမပေါ်ပေါက် အောင် လူဦးရေစာရင်းကို အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက တာဝန်ယူမယ်။ လူဦးရေစာရင်းအပေါ် တည်မှီပြီးတော့ လူမျိုးရေးကိစ္စ၊ နိုင်ငံသား ဟုတ်၊ မဟုတ်ကိစ္စတွေကို လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင် အားဝန်ကြီးဌာန က စိစစ်ဖို့ တာဝန်ယူမယ်။ အဲလိုစိစစ်ပြီးတဲ့အပေါ်မှာ ကော်မရှင်အဖွဲ့ခွဲအဆင့်ဆင့်က နေ ပြီးတော့ မဲစာရင်းကိုပြုစုမှာဖြစ်ပါတယ်”ဟု ဦးလှတင့်က ပြောသည်။

လူဦးရေစာရင်းကောက်ယူမှုအား ၂၀၁၉ခုနှစ် ဇွန်လမှစ၍ စက်တင်ဘာလတွင် အပြီးဖြတ်ကာ လူဝင်မှုကြီး ကြပ်ရေးနှင့်ပြည်သူ့အင် အားဝန်ကြီးဌာန မှ အတည်ပြုပြီးပါက ကော်မရှင်အဖွဲ့ခွဲများတွင် ဖွဲ့ပေးထားသည့် လုပ်ငန်းကော်မတီများက မဲစာရင်းပြုစုရေးကို လုပ်ဆောင်ကြမည်ဖြစ်ကြောင်း သိရပြီး ၂၀၁၅ ခုနှစ် ရွေး ကောက်ပွဲတွင် ကြုံတွေ့ခဲ့ရသည့် အက္ခရာစဉ်လိုက် မဲဆန္ဒရှင်စာရင်းပြုစုခဲ့၍ တစ်မိသားစုအတွင်းမှာပင် မဲရုံများ ကွဲခဲ့သည့် ဖြစ်ရပ်မျိုး ၂၀၂၀ခုနှစ်ရွေးကောက်ပွဲတွင် ရှိတော့မည်မဟုတ်ကြောင်း သိရသည်။

တွေ့ဆုံပွဲသို့ ကွေးတိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်အသီးသီးမှ ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲဥက္ကဌနှင့် အဖွဲ့ ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ နိုင်ငံရေးပါတီများ၊ အရပ်ဖက်ဆိုင်ရာလူမှုအဖွဲ့အစည်းများ တက် ရောက်ကြပြီး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ မဟာဗျူဟာစီမံကိန်း(၂၀၁၉-၂၀၂၂)နှင့် မဲဆန္ဒရှင်စာရင်း တိကျမှန်ကန်ရေး၊ မဲပေးပိုင်ခွင့်ရှိသူတိုင်း မဲပေးနိုင်ရေး ပူးပေါင်းဆောင်ရွက်သွားမည့် အခြေအနေများကို ရှင်းလင်း၍ တာဝန်ရှိသူများက ရှင်းလင်းပြီးနောင် တက်ရောက်လာသူများက အကြံပြုဆွေးနွေးကြကြောင်း သိရသည်။

သတင်း/ဓာတ်ပုံ- ဖီးနစ်

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net