သတ္တုလုပ်ငန်းအနီးနားကချောင်းတွေကို ထိခိုက်မှု ဘယ်လောက်ရှိတယ်ဆိုတာ သိစေဖို့ ရေအရည်အသွေးတိုင်းတာ

သတ္တုလုပ်ငန်းအနီးနားကချောင်းတွေကို ထိခိုက်မှု ဘယ်လောက်ရှိတယ်ဆိုတာ သိစေဖို့ ရေအရည်အသွေးတိုင်းတာ
ဒီဇင်ဘာ 18, 2019
By Tachileik News Agency

တင်ဆက် - ကိုဇောင်း
သတင်းရိုက်ကူး - ဟန်စိုးထိုက်

သတ္တုလုပ်ငန်းအနီးနားကချောင်းတွေကို ထိခိုက်မှု ဘယ်လောက်ရှိတယ်ဆိုတာ သိစေဖို့ 
ရေအရည်အသွေးတိုင်းတာ

တာချီလိတ်မြို့နယ် မိုင်းကိုးကျေးရွာအုပ်စုအတွင်းက မဂ္ဂနိဒိုင်အောက်ဆိုဒ် တူးဖော်ရေးလုပ်ကွက်တွေအနီးက ချောင်းရေနမူနာတွေကို တာချီလိတ်ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဌာက ကောက်ယူခဲ့ပါတယ်။

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရဲ့ လမ်းညွှန်ချက်နဲ့ နမ့်တွန်ချောင်းနဲ့ နန့်ကိုင်းချောင်းက ရေနမူနာ (၄) နေရာရယူပြီး ပြည်နယ်ကိုပေးပို့ခဲ့တာဖြစ်ပြီး ရေနမူနာတွေကို ပြည်နယ်က စစ်ဆေးပြီးရင်တော့ ပြည်ထောင်စုအဆင့်ကို တင်ပြမှုတွေ လုပ်ဆောင်သွားမယ်လို့ သိရပါတယ်။

သတ္တုလုပ်ငန်းတွေက တူးယူဖြိုချတဲ့မြေတွေကြောင့် အနီးနားကချောင်းတွေကို ထိခိုက်မှုဘယ်လောက်ရှိတယ်ဆိုတာ သိစေဖို့ ရေအရည်အသွေးတိုင်းတာမှုတွေလုပ်ဖို့ကို သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းက ၂၀၁၉ ခုနှစ် နိုဝင်ဘာ ၂၁ ရက်နေ့က လာရောက်ခဲ့တဲ့ တာချီလိတ်ခရီးစဉ်မှာ  လမ်းညွှန်ခဲ့ပါတယ်။

တာချီလိတ်မြို့နယ် မိုင်းကိုးကျေးရွာအုပ်အတွင်းက လုပ်ကွက်တွေမှာ ကျောက်ဆောင်နီ၊ ဝဏ္ဏသိန်းသန်း၊ စံပါရမီ၊ စိုင်းလောင်ဟိန်း၊ ဟိန်းလင်းစံ၊ မြင့်ဦးအောင်နဲ့ ရွှေဖြူကောင်းကင်နန်းတော် ကုမ္ပဏီ (၇) ခုက မဂ္ဂနိဒိုင်အောက်ဆိုဒ် တူးဖော်မှုတွေလုပ်ဆောင်နေပြီးတော့ အသေးစားလုပ်ကွက်တွေကနေ အလတ်စားလုပ်ကွက်တွေအဖြစ်ပြောင်းလဲဖို့ ခွင့်ပြုချက်တင်ထားတာဖြစ်ပါတယ်။

Tachileik News Agency
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~