တာချီလိတ် - မယ်ဆိုင်ကြား ပြေးဆွဲခွင့်ရ မြန်မာမော်တော်ယာဉ် (၆)စီးဖြင့် ဈေးတွင်ဖြန့်မည့် အသား၊ ငါးနှင့် ဟင်းသီးဟင်းရွက်များ အချိန်မီသယ်ယူနိုင်ရန် သက်ဆိုင်ရာက စီစဉ်ကြီးကြပ်ပေးနေ

တာချီလိတ် - မယ်ဆိုင်ကြား ပြေးဆွဲခွင့်ရ မြန်မာမော်တော်ယာဉ် (၆)စီးဖြင့် ဈေးတွင်ဖြန့်မည့် အသား၊ ငါးနှင့် ဟင်းသီးဟင်းရွက်များ အချိန်မီသယ်ယူနိုင်ရန် သက်ဆိုင်ရာက စီစဉ်ကြီးကြပ်ပေးနေ
စက်တင်ဘာ 19, 2020
By Tachileik News Agency
တာချီလိတ် - မယ်ဆိုင်ကြား ပြေးဆွဲခွင့်ရ မြန်မာမော်တော်ယာဉ် (၆)စီးဖြင့် ဈေးတွင်ဖြန့်မည့် အသား၊ ငါးနှင့် ဟင်းသီးဟင်းရွက်များ အချိန်မီသယ်ယူနိုင်ရန် သက်ဆိုင်ရာက စီစဉ်ကြီးကြပ်ပေးနေ
မြန်မာ - ထိုင်းနယ်စပ်ဒေသ၊ တာချီလိတ်နှင့် မယ်ဆိုင်ကြား ၂၀၂၀ ခုနှစ်၊ စက်တင်ဘာလ (၁၇) ရက်နေ့မှစ၍ နှစ်နိုင်ငံ ကုန်တင်ယာဉ် (၆)စီးစီဖြင့်သာ ကုန်သွယ်နေသော်လည်း တာချီလိတ်မြို့တွင်းရှိ ဈေးများ၌ အသား၊ ငါးနှင့် ဟင်းသီးဟင်းရွက်များ အချိန်မီရောက်ရှိစေရန်အတွက် သက်ဆိုင်ရာအဖွဲ့အစည်းများက ကြီးကြပ်ဆောင်ရွက်ပေးနေရကြောင်း သိရသည်။
တာချီလိတ်နှင့်မယ်ဆိုင်ကြား ကုန်စည်ပို့ဆောင်ရေးအတွက် တစ်နိုင်ငံလျှင် ကားအစီးရေ (၆) စီးသာ ဖြတ်သန်းရန် စတင်သတ်မှတ်လိုက်သည့် စက်တင်ဘာလ (၁၇) ရက်နေ့၌ တံတားစဖွင့်သည့် နံနက်(၆)နာရီ၌ မယ်ဆိုင်ဘက်မှ ဝင်ခွင့်ရကား (၆)စီးမှာ ချက်ချင်းဝင်လာနိုင်ကြသော်လည်း မြန်မာဘက်မှ ထွက်ခွာခွင့်ရ ကား (၆)စီးက နံနက် (၈)နာရီခန့်မှသာ ရောက်လာ၍ တာချီလိတ်ဈေးများတွင် ဖြန့်ဖြူးရမည့် သားငါး၊ ဟင်းသီးဟင်းရွက်များကို မယ်ဆိုင်ဘက်မှ ဝင်လာသည့်ကားများအား အကူအညီတောင်းကာ သယ်ယူခဲ့ရသဖြင့် မြန်မာကားများ ပစ္စည်းသယ်ယူခြင်းကို သက်ဆိုင်ရာ တာဝန်ရှိသူများက ကြီးကြပ်ခဲ့ရခြင်းဖြစ်သည်။
“မြန်မာဘက်က သွားတဲ့ကား (၆) စီးက ပထမအခေါက်မှာ အသား၊ ငါးနဲ့ အသီး၊ အရွက်တွေကို ဦးစားပေး သယ်ယူဖို့ ညှိနှိုင်းပေးလိုက်ပါတယ်။ ကျန်တဲ့နေ့ခင်းအခေါက်တွေမှာ သွားတဲ့အချိန်မှာ သူတို့ အဆင်ပြေတာသယ်ယူဖို့ စီစဉ်ပေးလိုက်ပါတယ်။ ထို့အတူပဲ ထိုင်းနိုင်ငံဘက်ကလည်း စက်သုံးဆီတို့၊ အိမ်ဆောက်ပစ္စည်းတို့ အခြားသောကုန်ပစ္စည်းတွေ သယ်ယူချင်တယ်ဆိုတော့ ဝင်လာတဲ့ကား (၆) စီးထဲမှာ အချိုးမျှတစွာပါဖို့ ထိုင်းနိုင်ငံဘက်ကို စီစဉ်ဖို့ ကျွန်တော် ညှိနှိုင်းပေးလိုက်တယ်”ဟု တာချီလိတ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးမြင့်နိုင်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
မယ်ဆိုင်ဘက်က ဝင်ခွင့်ပြုထားသည့် မြန်မာမော်တော်ယာဉ် (၆)စီးက မိမိတို့ကုန်ပစ္စည်းများကိုသာ အဓိကထားသယ်ယူနေ၍ ကုန်စိမ်းပစ္စည်းနှင့် သားငါးများအား ဦးစားပေးသယ်ယူပြီးမှ အခြားကုန်ပစ္စည်းများ သယ်ယူစေရန် တာချီလိတ်မှ တာဝန်ရှိသူများက မော်တော်ယာဉ် (၆)စီးအား မောင်းနှင်သူများကို စက်တင်ဘာလ (၁၉)ရက်နေ့၌ စီစဉ်ကြီးကြပ်ပေးထားခြင်းဖြစ်သည်။
မော်တော်ယာဉ် (၆) စီးစီ စတင်ဝင်ခွင့်ပြုသည့် စက်တင်ဘာလ (၁၇) ရက်နေ့၌ မယ်ဆိုင်ဘက်မှ အသီးအရွက်နှင့် အသားငါးတင်သည့် မှန်လုံမော်တော်ယာဉ်ငယ် (၆) စီး၊ စက်တင်ဘာလ (၁၈)ရက်နေ့တွင်လည်း မှန်လုံမော်တော်ယာဉ်ငယ် (၆)စီးနှင့် စက်တင်ဘာလ (၁၉) ရက်နေ့တွင် စက်သုံးဆီတင်ယာဉ် (၂) စီး၊ အိမ်ဆောက်ပစ္စည်းယာဉ် (၂) စီးနှင့် မော်တော်ယာဉ်၊ မော်တော်ဆိုင်ကယ် အပိုပစ္စည်းတင်ဆောင်လာသည့် ယာဉ် (၂) စီးဝင်ရောက်ခဲ့သည်။

 Tachileik News Agency

သတင်း / ဓါတ်ပုံ - ဟန်စိုးထိုက်
 
 

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~