အိုင်ယာလန်နိုင်ငံ ဒပ်ဘလင်မြို့က အိမ်ခြေမဲ့များအတွက် “လိုနေရင် တစ်ထည်ယူသွားပါ။ ကူညီချင်တယ်ဆိုရင် တစ်ထည်လာချိတ်ပေးထားပါ” အစီအစဉ်တွင် ဝေမျှသူ များပြားလာ

အိုင်ယာလန်နိုင်ငံ ဒပ်ဘလင်မြို့က အိမ်ခြေမဲ့များအတွက် “လိုနေရင် တစ်ထည်ယူသွားပါ။ ကူညီချင်တယ်ဆိုရင် တစ်ထည်လာချိတ်ပေးထားပါ” အစီအစဉ်တွင် ဝေမျှသူ များပြားလာ
ဒီဇင်ဘာ 8, 2019
By Tachileik News Agency
အိုင်ယာလန်နိုင်ငံ ဒပ်ဘလင်မြို့က အိမ်ခြေမဲ့များအတွက် “လိုနေရင် တစ်ထည်ယူသွားပါ။ ကူညီချင်တယ်ဆိုရင် တစ်ထည်လာချိတ်ပေးထားပါ” အစီအစဉ်တွင် ဝေမျှသူ များပြားလာ

အိုင်ယာလန်နိုင်ငံ၊ ဒပ်ဘလင်မြို့ ဟာပဲန်နီတံတားတွင် ဆောင်းရာသီအတွင်း အိမ်ခြေမဲ့များအတွက် နွေးထွေးမှုမျှဝေပေးသည့် အစီအစဉ်ကို စတင်လိုက်ရာ အနွေးထည်များ၊ ခေါင်းစွပ်၊လက်အိတ်များကို လူအများအပြားက လာရောက်မျှဝေထားကြသည်ကို တွေ့ရကြောင်း သိရသည်။

“လိုနေရင် တစ်ထည်ယူသွားပါ။ ကူညီချင်တယ်ဆိုရင် တစ်ထည်လာချိတ်ပေးထားပါ”ဆိုသည့် စာတမ်းကို တံတားပေါ်တွင် ချိတ်ဆွဲထားရာ အရွယ်မျိုးစုံအတွက် အနွေးထည်မျိုးစုံအပြင် ခေါင်းစွပ်၊ လက်အိတ်၊ ခြေအိတ်၊ ပဝါစသည်တို့ကိုပါ လာရောက်မျှဝေထားကြသည်ကို တွေ့လာရခြင်းဖြစ်ကြောင်း သိရသည်။

အိမ်ခြေမဲ့များ အများဆုံးဖြတ်သွားဖြတ်လာရှိသည့်အတွက် ဟာပဲန်နီတံတားတွင် အနွေးထည်များ မျှဝေထားပေးရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်ဟု အဆိုပါ အစီအစဉ်ကို စတင်ခဲ့သည့် ပက်ထရစ်ဖရိုင်ယာက ဆိုသည်။

အနွေးထည်များကို စိုစွတ်မနေစေရန်အတွက် ပလတ်စတစ်အိတ်များဖြင့် ထုပ်ပိုးပေးထားရန် ကနဦးစဉ်းစားခဲ့သော်လည်း ပလတ်စတစ်အမှိုက်များ မြစ်အတွင်းကျလာနိုင်ချေရှိသဖြင့် အနွေးထည်များကို ချိတ်ဆွဲပေးထားရန် ဆုံးဖြတ်လိုက်ခြင်းဖြစ်သည်ဟု ပက်ထရစ်ကဆိုသည်။

အဆိုပါ အစီအစဉ်ကိုစတင်လိုက်ခြင်းဖြင့် ဒေသတွင်း လိုအပ်သူများရှိနေသည့်နေရာများတွင် အလားတူမျှဝေပေးနိုင်ကြရန် ရည်ရွယ်ချက်ဖြင့် စတင်လိုက်ခြင်းဖြစ်ကြောင်း သိရသည်။

Tachileik News Agency

Ref: Irish Post
Photo: Warm for winter




~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~