တောင်ကြီးမြို့ ရေကြီးရေလျှံမှုမဖြစ်စေရန် ပြည်နယ်အစိုးရက တံတား (၃) စင်း တည်ဆောက်မည်

တောင်ကြီးမြို့ ရေကြီးရေလျှံမှုမဖြစ်စေရန် ပြည်နယ်အစိုးရက တံတား (၃) စင်း တည်ဆောက်မည်
နိုဝင်ဘာ 20, 2019
By Tachileik News Agency

တောင်ကြီးမြို့ ရေကြီးရေလျှံမှုမဖြစ်စေရန် ပြည်နယ်အစိုးရက တံတား (၃) စင်း တည်ဆောက်မည်

ရှမ်းပြည်နယ်မြို့တော်ဖြစ်သည့် တောင်ကြီးမြို့ပေါ်တွင် ရေကြီးရေလျှံမှုများ ပပျောက်ရေးအတွက် လိုအပ်နေသည့် တံတား (၃) စင်းကို ၂၀၁၉ -၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် ပြည်နယ်အစိုးရဘဏ္ဍာငွေဖြင့် တည်ဆောက်ပေးမည်ဟု နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် လူထုတွေ့ဆုံပွဲကျင်းပသည့် ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ (19)ရက်နေ့တွင် ပြည်နယ်ဝန်ကြီးက ပြောသည်။

"တောင်ကြီးမြို့ ရေကြီးရေလျှံကိစ္စရပ်တွေကို ဝန်ကြီးချုပ်နဲ့ ကွင်းဆင်းစစ်ဆေးပြီး တံတား (၃) စင်း တည်ဆောက်ရမှာ ဖြစ်ပါတယ်။ စည်ပင်ဘတ်ဂျက်နဲ့ မလုံလောက်တဲ့အတွက် ရှမ်းပြည်နယ်အစိုးရအဖွဲ့ရဲ့ ၂၀၁၉-၂၀၂၀ ဘတ်ဂျက်မှာ လျာထားပြီးဖြစ်ပါတယ်"ဟု ပြည်နယ်စည်ပင်သာယာရေးဝန်ကြီး ဦးစိုင်းစွံဆိုင်းက ပြောသည်။

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် တောင်ကြီးမြို့ခံလူထုတွေ့ဆုံပွဲကို ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ (၁၉) ရက်နေ့ ညနေပိုင်းက တောင်ကြီးမြို့ရှိ မြို့တော်ခန်းမတွင် ကျင်းပရာ တောင်ကြီးမြို့ ရေကြီးရေလျှံမှုများ ကာကွယ်ရေးအတွက် ဒေသခံတစ်ဦးက မေးမြန်းခဲ့ခြင်းဖြစ်သည်။

တောင်ကြီးမြို့ရေကြီး ရေလျှံမှုများ ကာကွယ်နိုင်ရေးအတွက် Town Plan အသစ်ရေးဆွဲနေပြီး တိုးတက်လာသည့် အဆောက်အဦးများကြောင့် ရေမြောင်းများတိုးချဲ့ဆောင်ရွက်ရန်လိုအပ်နေပြီး စည်းကမ်းမဲ့ အမှိုက်စွန့်ပစ်မှုများကြောင့် ရေမြောင်းပိတ်ဆို့မှုများကြောင့် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်နေကြောင်း သိရသည်။

Tachileik News Agency

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net