လွိုင်ကော်တက္ကသိုလ်မှ Non CDM (၁၃၄)ဦးနှင့် မိသားစုဝင် (၆၄)ဦးအား ကယ်ထုတ်

လွိုင်ကော်တက္ကသိုလ်မှ Non CDM (၁၃၄)ဦးနှင့် မိသားစုဝင် (၆၄)ဦးအား ကယ်ထုတ်
နိုဝင်ဘာ 15, 2023 | 2021 Military Coup| ကယား

ကရင်နီ(ကယား)ပြည်နယ် လွိုင်ကော်တက္ကသိုလ်မှ Non CDM (၁၃၄)ဦးနှင့် မိသားစုဝင် (၆၄)ဦးတို့အား ကရင်နီပြည်တော်လှန်ရေးတပ်ပေါင်းစုံမှ ဘေးလွတ်ရာသို့ ခေါ်ထုတ်ပေးခဲ့ကြောင်း သိသည်။

၎င်းတို့အား လူသားချင်းစာနာထောက်ထားရေး၊ လူ့အခွင့်အရေးများနှင့်အညီ ပြည်ထဲရေးဝန်ကြီးဌာန၏ စီမံကြီးကြပ်မှုအောက်တွင် ဘေးကင်းလုံခြုံစွာဖြင့် စောင့်ရှောက်ထားသည်ဟု ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီက ယနေ့ ၂၀၂၃ ခုနှစ် နိုဝင်ဘာလ (၁၄)ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

နောက်ဆက်တွဲလုပ်ငန်းစဉ်အဖြစ် Non CDMနှင့်စပ်လျဉ်း၍ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီမှ ‌ရေးသားထားသော CDM နိုင်ငံ့ဝန်ထမ်းဆိုင်ရာ မူဝါဒစာတမ်းပါ Non CDM ဆိုင်ရာ ပြဌာန်းချက်များကို ကိုးကား၍သော်လည်းကောင်း၊ လူ့အခွင့်အရေးကို အခြေခံ၍ သော်လည်းကောင်း စီမံဆောင်ရွက်သွားမည်ဟု သိရသည်။

#TachileikNewsAgency