ကယားပြည်နယ်ဝန်ကြီးချုပ်က စွပ်စွဲပြစ်တင်ခံရခြင်းနှင့် ပတ်သက်၍ အခွင့်အခါသင့်ပါက ဥပဒေကြောင်းအရ ဖြေရှင်းမည်

ကယားပြည်နယ်ဝန်ကြီးချုပ်က စွပ်စွဲပြစ်တင်ခံရခြင်းနှင့် ပတ်သက်၍ အခွင့်အခါသင့်ပါက ဥပဒေကြောင်းအရ ဖြေရှင်းမည်
စက်တင်ဘာ 4, 2020
By Tachileik News Agency
ကယားပြည်နယ်ဝန်ကြီးချုပ်က စွပ်စွဲပြစ်တင်ခံရခြင်းနှင့် ပတ်သက်၍ အခွင့်အခါသင့်ပါက ဥပဒေကြောင်းအရ ဖြေရှင်းမည်
လွှတ်တော်က စွပ်စွဲပြစ်တင်၍ ကယားပြည်နယ်ဝန်ကြီးချုပ်တာဝန်မှ ရပ်စဲခံလိုက်ရသည့် ဦးအယ်လ်ဖောင်းရှိုက စွပ်စွဲပြစ်တင်ခံရခြင်းနှင့်ပတ်သက်၍ အခါအခွင့်သင့်ပါက ဥပဒေကြောင်းအရ ဖြေရှင်းမည်ဟု ၂၀၂၀ ခုနှစ်၊ စက်တင်ဘာလ (၃) ရက်နေ့တွင် ပြောသည်။
“အကောင်းဆုံးပြည်သူတွေအတွက် အလုပ် လုပ်ပေးတဲ့အပေါ်မှာ  ပြည်သူတွေကို ရိုးသားခဲ့တယ်။ ဒီအပေါ်မှာ ဒီလိုမျိုးထင်မြင်ယူဆချက်တွေနဲ့ တစ်ဖက်သတ်ပြောတဲ့ အနေအထားတစ်ခုကိုတော့ အခါအခွင့်သင့်ရင် သင့်သလို  ရှင်းသွားမယ်။ ဥပဒေကြောင်းလမ်းအရ ဒါဆက်လက်ဆောင်ရွက်သွားမယ့် ကိစ္စတွေရှိတယ်”ဟု  ဦးအယ်လ်ဖောင်းရှိုက ပြောသည်။
ဝန်ကြီးချုပ်ရာထူးမှ  ရပ်စဲခံရသည့်  ဦးအယ်လ်ဖောင်းရှိုက ၎င်းအားစွပ်စွဲပြစ်တင်ထားသည့် ကိစ္စများကို အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ထံသို့ တင်ပြပါကလည်း ဥပဒေနှင့်အညီ ဖြေရှင်းရန်  အသင့်ရှိသည်ဟု ဆိုထားပြီး ပြည်နယ်လွှတ်တော် ဥက္ကဌ ဦးလှထွေးက  ၎င်းအနေဖြင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်သို့ တင်ပြရန် မရှိသော်လည်း အခြားလွှတ်တော်ကိုယ်စားလှယ်များက တင်ပြကောင်း တင်ပြနိုင်သည်ဟု ဆိုသည်။
ကယားပြည်နယ်ဝန်ကြီးချုပ်ဟောင်း  ဦးအယ်လ်ဖောင်းရှိုက  ယခင်အစိုးရလက်ထက်က ဝယ်ယူထားသည့် စက်ယန္တရားကြီး (၁၈) စီးကို ငှားရမ်းခဲ့ရာတွင် ရရှိသည့်ငှ ားရမ်းခများကို မိမိကိုယ်ကျိုးနှင့်ပါတီအတွက်  သုံးစွဲထားကြောင်းနှင့် ကယားဒေး ကျင်းပရေးမြေနေရာကို အများပြည်သူပိုင်မြေအဖြစ် ပြည်နယ်လွှတ်တော်က အတည်ပြု ထားသော်လည်း မြေအငှားစာချုပ်များဖြင့် စီးပွားလုပ်ငန်းများအား လုပ်ကိုင် ဆောင်ရွက်ခွင့်ပြုနေသည်ဟု ပြည်နယ်လွှတ်တော်က စွပ်စွဲပြစ်တင်ကာ စက်တင်ဘာလ (၁)ရက်နေ့၌ ထောက်ခံမဲအသာဖြင့် စွပ်စွဲပြစ်တင်မှုကို အတည်ပြုခဲ့ခြင်းဖြစ်သည်။
လွှတ်တော်မှ စွပ်စွဲပြစ်တင်မှု အတည်ပြုလိုက်သဖြင့်  ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေအရ ပြည်နယ်ဝန်ကြီးချုပ်ရာထူးတာဝန်မှ ရပ်စဲလိုက်ကြောင်း နိုင်ငံတော်သမ္မတက စက်တင်ဘာလ (၃)ရက်နေ့၌ အမိန့်ထုတ်ပြန်လိုက်ပြီး ပြည်နယ် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးဘော့စကိုအား ခေတ္တဝန်ကြီးချုပ်အဖြစ် ပူးတွဲတာဝန်ပေးအပ်ထားခြင်းဖြစ်သည်။
Tachileik News Agency
သတင်း - ဆန်းဖြိုးထွန်း
 

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~