ကယားျပည္နယ္အတြင္း ဖမ္းဆီးရမိသည့္ ယမ္းႏွင့္ဆက္စပ္ပစၥည္းမ်ားႏွင့္ ပတ္သက္၍ ဆက္စပ္သူ (၃)ဦး ႏွင့္အတူ တရုတ္ႏုိင္ငံသား(၁)ဦးတုိ႔ကို ထပ္မံ စစ္ေဆးေတြ႔ရွိ

ကယားျပည္နယ္အတြင္း ဖမ္းဆီးရမိသည့္ ယမ္းႏွင့္ဆက္စပ္ပစၥည္းမ်ားႏွင့္ ပတ္သက္၍ ဆက္စပ္သူ (၃)ဦး ႏွင့္အတူ တရုတ္ႏုိင္ငံသား(၁)ဦးတုိ႔ကို ထပ္မံ စစ္ေဆးေတြ႔ရွိ
ဇွန် 19, 2018
By Tachileik News Agency

ကယားျပည္နယ္၊ လိြဳင္ေကာ္ၿမိဳ႕တြင္ ဖမ္းဆီးရမိထားသည့္ ယမ္းႏွင့္ဆက္စပ္ပစၥည္းမ်ားေတြ႔ရိွမႈႏွင့္ ပတ္သက္၍ ဆက္စပ္သူ (၃)ဦးႏွင့္ တရုတ္ႏုိင္ငံသားတစ္ဦးတို႔အား လက္ရိွတြင္ ေဖၚထုတ္ရရိွထားေၾကာင္း သိရသည္။

ယမ္းႏွင့္ဆက္စပ္ပစၥည္းမ်ား သိမ္းဆည္းထားသည့္ ဂိုေဒါင္ပိုင္ရွင္ ျမျမစိမ္း(ခ) အားတံုအား ယင္းေန႔မွာပင္ ဖမ္းဆီး အမႈဖြင့္ထားၿပီး ယမ္းႏွင့္ဒီတုိေနတာမ်ားအား တရားမ၀င္လ်ွဳိ႕၀ွက္စြာ သိမ္းဆည္းရာတြင္ တာ၀န္ရွိသူ တရုတ္ႏုိင္ငံသား လ်ဴၾကင္း၊ ယမ္းႏွင့္ ဆက္စပ္ပစၥည္းမ်ားအား သယ္ေဆာင္ေပးခဲ့သူ ယာဥ္ေမာင္း ခင္ေမာင္ဝင္းႏွင့္ ယာဥ္ေနာက္လုိက္ သန္းေထြးေအာင္တို႔အား ရဲတပ္ဖြဲ႕က ၂၀၁၈ ခုႏွစ္ ဇြန္လ (၁၂)ရက္ေန႔တြင္ ဖမ္းဆီးခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

ယမ္းႏွင့္ဆက္စပ္ ပစၥည္းမ်ား ရွာေဖြေတြ႔ရိွရသည့္ ဂိုေဒါင္မွ ျမျမစိမ္း (ခ) အားတုံအား လက္နက္ဥပေဒ ပုဒ္မ ၁၈ (ဂ) / ၁၉ (စ)ျဖင့္လည္းေကာင္း၊ တရုတ္ႏုိင္ငံသား လ်ဴၾကင္းအား လက္နက္ဥပေဒပုဒ္မ ၁၉ (စ) ျဖင့္ လည္းေကာင္း၊ ယာဥ္ေမာင္း ခင္ေမာင္၀င္းႏွင့္ ယာဥ္ေနာက္လုိက္ သန္းေထြးေအာင္တုိ႔အား လက္နက္ဥပေဒပုဒ္မ ၁၉ (ဃ) ျဖင့္လည္းေကာင္း တရားစြဲဆိုႏုိင္ေရးေဆာင္ရြက္ေနေၾကာင္း သိရသည္။

အဆိုပါ ဖမ္းဆီးရမိမႈႏွင့္ ပတ္သက္၍ စိစစ္ေဖာ္ထုတ္ေတြ႕ရွိခ်က္မ်ား ရွင္းလင္းေဆြးေႏြးပြဲကို ၂၀၁၈ ခုႏွစ္၊ ဇြန္လ (၁၈)ရက္ေန႔ ေန႔လယ္ (၁)နာရီခြဲက ကယားျပည္နယ္အစုိးရအဖြဲ႕ရုံးတြင္ က်င္းပျခင္းျဖစ္သည္။

အဆိုပါ ရွင္းလင္းေဆြးေႏြးပြဲတြင္ လက္ရိွဖမ္းဆီးရမိထားသည့္ ျမျမစိမ္း (ခ) အားတုံႏွင့္ ေငြႏွင္းေတာင္ ကုမၸဏီတုိ႔ ဆက္ႏႊယ္ ပတ္သက္မႈမ်ား၊ အားတုံႏွင့္ တရုတ္ႏုိင္ငံသား ဆူက်ိဟုိင္တုိ႔ ဆက္ႏႊယ္ပတ္သက္မႈ အေျခအေန၊ အားတုံႏွင့္ ခင္ေမာင္ထူး(ခ) ကုိထူးတို႔ ဆက္ႏႊယ္ပတ္သက္မႈအေျခအေန၊ ဆူက်ိဟုိင္က စက္ယႏၱရားမ်ားအား လြဳိင္ေကာ္သုိ႔ သယ္ယူေျပာင္းေရႊ႕မႈအေျခအေန၊ ေဒၚျမျမစိမ္းႏွင့္ ဦးသိန္းျမင့္တုိ႔ ဆက္ႏႊယ္ပတ္သက္မႈအေျခအေန၊ ယမ္းႏွင့္ဒီတုိေနတာမ်ား မွာယူသယ္ေဆာင္သည့္ အေျခအေန၊ ယမ္းမ်ားအား မႏၱေလးမွ လြဳိင္ေကာ္ၿမိဳ႕သုိ႔ သယ္ယူသည့္ အေျခအေနမ်ားအား ကယားျပည္နယ္ ရဲတပ္ဖြဲ႕မွဴးရုံး၊ ျပည္နယ္ရဲတပ္ဖြဲ႕မွဴး ရဲမွဴးႀကီး၀င္းၾကည္က အစီရင္ခံတင္ျပေၾကာင္း သိရသည္။

ဖမ္းဆီးရမိမႈႏွင့္ပတ္သက္၍ စံုစမ္းေဖၚထုတ္ရန္ စံုစမ္းစစ္ေဆးေရးအဖြဲ႕အား ဖြဲ႕စည္းစိစစ္ေစၿပီးေနာက္ ၂၀၁၈ ခုႏွစ္ ဇြန္လ (၄)ရက္ေန႔ကလည္းေကာင္း၊ ဇြန္လ (၁၁)ရက္ေန႔ကလည္းေကာင္း၊ ဇြန္လ (၁၈)ရက္ေန႔က လည္းေကာင္း ျပည္နယ္ဝန္ႀကီးခ်ဳပ္ထံ တင္ျပေပးခဲ့ေၾကာင္း သိရသည္။

အားတုံ (ခ)ျမျမစိမ္းသည္ ေငြႏွင္းေတာင္ကုမၸဏီအေနျဖင့္ မိတ္ေဆြ တရုတ္ႏုိင္ငံသား Shu Jihai အား ျပည္နယ္တြင္း Business Visa ျဖင့္ ဝင္ေရာက္ႏုိင္ေရးေဆာင္ရြက္ေပးျခင္း၊ Shu Jihai အား ျပည္နယ္အတြင္း ေနထုိင္ႏုိင္ေရး ေဆာင္ရြက္ေပးျခင္း၊ ဆက္စပ္ပစၥည္းမ်ား သုိေလွာင္ထားရန္ သုိေလွာင္ရုံႏွင့္ စကားျပန္ ငွားရမ္းေပးျခင္း၊ တရုတ္ႏုိင္ငံသားမ်ားႏွင့္ လုပ္ငန္းစပ္တူ လုပ္ကုိင္ရန္အတြက္ ေက်ာက္မုိင္းခြဲျခင္း လုပ္ငန္းတြင္ လုိအပ္ေသာ ယမ္းႏွင့္ ဒီတုိနီတာမ်ားကုိ Wechat မွတစ္ဆင့္ တရုတ္ႏုိင္ငံရွိ ယမ္းေရာင္းဝယ္ေရး လုပ္ငန္းမ်ားျဖင့္ ဆက္သြယ္မွာယူျခင္း၊ အဆိုပါပစၥည္းမ်ားအတြက္ တရုတ္ႏုိင္ငံ၊ ေရႊလီ ၿမဳိ႕ရွိ သူငယ္ခ်င္းျဖစ္သူ အားရွန္အကူအညီျဖင့္ ေငြေပးေခ်ျခင္းမ်ားကို လုပ္ေဆာင္ခဲ့ေၾကာင္း စစ္ေဆးေတြ႔ရိွခဲ့ေၾကာင္း သိရသည္။

ဇြန္လ (၁၈)ရက္ေန႔က ျပဳလုပ္သည့္ ေဆြးေႏြးပြဲတြင္ ကယားျပည္နယ္အစုိးရအဖြဲ႕၀န္ႀကီးခ်ဳပ္၊ ျပည္နယ္အစုိးရအဖြဲ႕၀င္ ၀န္ႀကီးမ်ား၊ ျပည္နယ္ဥပေဒခ်ဳပ္၊ ျပည္နယ္စာရင္းစစ္ခ်ဳပ္၊ ျပည္နယ္အစုိးရအဖြဲ႕ရုံး ညႊန္ၾကားေရးမွဴး၊ ဌာနဆုိင္ရာတာ၀န္ရွိသူမ်ား၊ စက္မႈဇုန္ဥကၠဌတုိ႔ တက္ေရာက္ၾကေၾကာင္း သိရသည္။

ကယားျပည္နယ္ဝန္ႀကီးခ်ဳပ္ ဦးေဆာင္သည့္အဖြဲ႕က လြဳိင္ေကာ္ၿမိဳ႕၊ စက္မႈဇုန္အတြင္းသုိ႔ ၂၀၁၈ ခုႏွစ္၊ ဇြန္လ (၃) ရက္ေန႔တြင္ ေရွာင္တခင္ဝင္ေရာက္စစ္ေဆးခဲ့ၿပီး မ်က္ျမင္ေတြ႕ရွိရသည့္ ယမ္းႏွင့္ ဆက္စပ္ပစၥည္းမ်ား၊ သတၳဳသန္႔စင္ရာတြင္ အသုံးျပဳသည္ဟု ယူဆရေသာ သတၳဳသန္႔စင္ပစၥည္းမ်ား၊ ဓါတ္ခြဲခန္းသုံးပစၥည္းမ်ား သိမ္းဆည္းရမိမႈႏွင့္ ပတ္သက္ၿပီး သက္ဆုိင္ရာ ဌာနမ်ားက ကနဦး စစ္ေဆး ေတြ႕ရွိခ်က္မ်ားအား ၂၀၁၈ ခုႏွစ္ ဇြန္လ (၄)ရက္ေန႔တြင္ တင္ျပေဆာင္ရြက္ေစခဲ့ၿပီး ယင္းေန႔မွာပင္ ဆက္စပ္ စစ္ေဆးရရွိမႈမ်ားႏွင့္ ပတ္သက္၍ လုံၿခဳံေရးႏွင့္ နယ္စပ္ေရးရာဝန္ႀကီး၊ လမ္းပန္း ဆက္သြယ္ေရးႏွင့္ လ်ွပ္စစ္ဝန္ႀကီး၊ သယံဇာတႏွင့္ သဘာဝပတ္၀န္းက်င္ ထိန္းသိမ္းေရးဝန္ႀကီး၊ စီမံကိန္းႏွင့္ ဘ႑ာေရးဝန္ႀကီး၊ ျပည္နယ္ဥပေဒခ်ဳပ္၊ ျပည္နယ္အစုိးရအဖြဲ႕ အတြင္းေရးမွဴးႏွင့္ သက္ဆုိင္ရာဌာန တာ၀န္ရွိသူမ်ားႏွင့္ ေဆြးေႏြးကာ စစ္ေဆးမည့္ ပူးေပါင္းအဖြဲ႕အား ဖြဲ႕စည္း ေပးခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

လိြဳင္ေကာ္ၿမိဳ႕ ႏြားလဝိုးစက္မႈဇုန္အတြင္း ကားႀကီးဝင္းေဖၚေဆာင္မည့္ ေနရာရိွ သုိေလွာင္ရုံတြင္ သစ္၊ သတၳဳထုတ္လုပ္ရာတြင္ အသုံးျပဳသည့္ စက္ယႏၱရားပစၥည္းမ်ား၊ ယမ္း ႏွင့္ ဆက္စပ္ပစၥည္းမ်ား ဖမ္းဆီးရမိထားျခင္းအား စံုစမ္းေဖၚထုတ္ေနျခင္းျဖစ္သည္။


~~~~~~~~⊰❂ unicode ~~~~~~~~

ကယားပြည်နယ်၊ လွိုင်ကော်မြို့တွင် ဖမ်းဆီးရမိထားသည့် ယမ်းနှင့်ဆက်စပ်ပစ္စည်းများတွေ့ရှိမှုနှင့် ပတ်သက်၍ ဆက်စပ်သူ (၃)ဦးနှင့် တရုတ်နိုင်ငံသားတစ်ဦးတို့အား လက်ရှိတွင် ဖော်ထုတ်ရရှိထားကြောင်း သိရသည်။

ယမ်းနှင့်ဆက်စပ်ပစ္စည်းများ သိမ်းဆည်းထားသည့် ဂိုဒေါင်ပိုင်ရှင် မြမြစိမ်း(ခ) အားတုံအား ယင်းနေ့မှာပင် ဖမ်းဆီး အမှုဖွင့်ထားပြီး ယမ်းနှင့်ဒီတိုနေတာများအား တရားမဝင်လျှို့ဝှက်စွာ သိမ်းဆည်းရာတွင် တာဝန်ရှိသူ တရုတ်နိုင်ငံသား လျူကြင်း၊ ယမ်းနှင့် ဆက်စပ်ပစ္စည်းများအား သယ်ဆောင်ပေးခဲ့သူ ယာဉ်မောင်း ခင်မောင်ဝင်းနှင့် ယာဉ်နောက်လိုက် သန်းထွေးအောင်တို့အား ရဲတပ်ဖွဲ့က ၂၀၁၈ ခုနှစ် ဇွန်လ (၁၂)ရက်နေ့တွင် ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယမ်းနှင့်ဆက်စပ် ပစ္စည်းများ ရှာဖွေတွေ့ရှိရသည့် ဂိုဒေါင်မှ မြမြစိမ်း (ခ) အားတုံအား လက်နက်ဥပဒေ ပုဒ်မ ၁၈ (ဂ) / ၁၉ (စ)ဖြင့်လည်းကောင်း၊ တရုတ်နိုင်ငံသား လျူကြင်းအား လက်နက်ဥပဒေပုဒ်မ ၁၉ (စ) ဖြင့် လည်းကောင်း၊ ယာဉ်မောင်း ခင်မောင်ဝင်းနှင့် ယာဉ်နောက်လိုက် သန်းထွေးအောင်တို့အား လက်နက်ဥပဒေပုဒ်မ ၁၉ (ဃ) ဖြင့်လည်းကောင်း တရားစွဲဆိုနိုင်ရေးဆောင်ရွက်နေကြောင်း သိရသည်။

အဆိုပါ ဖမ်းဆီးရမိမှုနှင့် ပတ်သက်၍ စိစစ်ဖော်ထုတ်တွေ့ရှိချက်များ ရှင်းလင်းဆွေးနွေးပွဲကို ၂၀၁၈ ခုနှစ်၊ ဇွန်လ (၁၈)ရက်နေ့ နေ့လယ် (၁)နာရီခွဲက ကယားပြည်နယ်အစိုးရအဖွဲ့ရုံးတွင် ကျင်းပခြင်းဖြစ်သည်။

အဆိုပါ ရှင်းလင်းဆွေးနွေးပွဲတွင် လက်ရှိဖမ်းဆီးရမိထားသည့် မြမြစိမ်း (ခ) အားတုံနှင့် ငွေနှင်းတောင် ကုမ္ပဏီတို့ ဆက်နွှယ် ပတ်သက်မှုများ၊ အားတုံနှင့် တရုတ်နိုင်ငံသား ဆူကျိဟိုင်တို့ ဆက်နွှယ်ပတ်သက်မှု အခြေအနေ၊ အားတုံနှင့် ခင်မောင်ထူး(ခ) ကိုထူးတို့ ဆက်နွှယ်ပတ်သက်မှုအခြေအနေ၊ ဆူကျိဟိုင်က စက်ယန္တရားများအား လွိုင်ကော်သို့ သယ်ယူပြောင်းရွှေ့မှုအခြေအနေ၊ ဒေါ်မြမြစိမ်းနှင့် ဦးသိန်းမြင့်တို့ ဆက်နွှယ်ပတ်သက်မှုအခြေအနေ၊ ယမ်းနှင့်ဒီတိုနေတာများ မှာယူသယ်ဆောင်သည့် အခြေအနေ၊ ယမ်းများအား မန္တလေးမှ လွိုင်ကော်မြို့သို့ သယ်ယူသည့် အခြေအနေများအား ကယားပြည်နယ် ရဲတပ်ဖွဲ့မှူးရုံး၊ ပြည်နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကြီးဝင်းကြည်က အစီရင်ခံတင်ပြကြောင်း သိရသည်။

ဖမ်းဆီးရမိမှုနှင့်ပတ်သက်၍ စုံစမ်းဖော်ထုတ်ရန် စုံစမ်းစစ်ဆေးရေးအဖွဲ့အား ဖွဲ့စည်းစိစစ်စပြေီးနောက် ၂၀၁၈ ခုနှစ် ဇွန်လ (၄)ရက်နေ့ကလည်းကောင်း၊ ဇွန်လ (၁၁)ရက်နေ့ကလည်းကောင်း၊ ဇွန်လ (၁၈)ရက်နေ့က လည်းကောင်း ပြည်နယ်ဝန်ကြီးချုပ်ထံ တင်ပြပေးခဲ့ကြောင်း သိရသည်။

အားတုံ (ခ)မြမြစိမ်းသည် ငွေနှင်းတောင်ကုမ္ပဏီအနဖြေင့် မိတ်ဆွေ တရုတ်နိုင်ငံသား Shu Jihai အား ပြည်နယ်တွင်း Business Visa ဖြင့် ဝင်ရောက်နိုင်ရေးဆောင်ရွက်ပေးခြင်း၊ Shu Jihai အား ပြည်နယ်အတွင်း နေထိုင်နိုင်ရေး ဆောင်ရွက်ပေးခြင်း၊ ဆက်စပ်ပစ္စည်းများ သိုလှောင်ထားရန် သိုလှောင်ရုံနှင့် စကားပြန် ငှါးရမ်းပေးခြင်း၊ တရုတ်နိုင်ငံသားများနှင့် လုပ်ငန်းစပ်တူ လုပ်ကိုင်ရန်အတွက် ကျောက်မိုင်းခွဲခြင်း လုပ်ငန်းတွင် လိုအပ်သော ယမ်းနှင့် ဒီတိုနီတာများကို Wechat မှတစ်ဆင့် တရုတ်နိုင်ငံရှိ ယမ်းရောင်းဝယ်ရေး လုပ်ငန်းများဖြင့် ဆက်သွယ်မှာယူခြင်း၊ အဆိုပါပစ္စည်းများအတွက် တရုတ်နိုင်ငံ၊ ရွှေလီ မြို့ရှိ သူငယ်ချင်းဖြစ်သူ အားရှန်အကူအညီဖြင့် ငွေပေးချခြေင်းများကို လုပ်ဆောင်ခဲ့ကြောင်း စစ်ဆေးတွေ့ရှိခဲ့ကြောင်း သိရသည်။

ဇွန်လ (၁၈)ရက်နေ့က ပြုလုပ်သည့် ဆွေးနွေးပွဲတွင် ကယားပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်စာရင်းစစ်ချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ရုံး ညွှန်ကြားရေးမှူး၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ စက်မှုဇုန်ဥက္ကဌတို့ တက်ရောက်ကြကြောင်း သိရသည်။

ကယားပြည်နယ်ဝန်ကြီးချုပ် ဦးဆောင်သည့်အဖွဲ့က လွိုင်ကော်မြို့၊ စက်မှုဇုန်အတွင်းသို့ ၂၀၁၈ ခုနှစ်၊ ဇွန်လ (၃) ရက်နေ့တွင် ရှောင်တခင်ဝင်ရောက်စစ်ဆေးခဲ့ပြီး မျက်မြင်တွေ့ရှိရသည့် ယမ်းနှင့် ဆက်စပ်ပစ္စည်းများ၊ သတ္ထုသန့်စင်ရာတွင် အသုံးပြုသည်ဟု ယူဆရသော သတ္ထုသန့်စင်ပစ္စည်းများ၊ ဓာတ်ခွဲခန်းသုံးပစ္စည်းများ သိမ်းဆည်းရမိမှုနှင့် ပတ်သက်ပြီး သက်ဆိုင်ရာ ဌာနများက ကနဦး စစ်ဆေး တွေ့ရှိချက်များအား ၂၀၁၈ ခုနှစ် ဇွန်လ (၄)ရက်နေ့တွင် တင်ပြဆောင်ရွက်စေခဲ့ပြီး ယင်းနေ့မှာပင် ဆက်စပ် စစ်ဆေးရရှိမှုများနှင့် ပတ်သက်၍ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး၊ လမ်းပန်း ဆက်သွယ်ရေးနှင့် လျှပ်စစ်ဝန်ကြီး၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူးနှင့် သက်ဆိုင်ရာဌာန တာဝန်ရှိသူများနှင့် ဆွေးနွေးကာ စစ်ဆေးမည့် ပူးပေါင်းအဖွဲ့အား ဖွဲ့စည်း ပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

လွိုင်ကော်မြို့ နွားလဝိုးစက်မှုဇုန်အတွင်း ကားကြီးဝင်းဖော်ဆောင်မည့် နေရာရှိ သိုလှောင်ရုံတွင် သစ်၊ သတ္ထုထုတ်လုပ်ရာတွင် အသုံးပြုသည့် စက်ယန္တရားပစ္စည်းများ၊ ယမ်း နှင့် ဆက်စပ်ပစ္စည်းများ ဖမ်းဆီးရမိထားခြင်းအား စုံစမ်းဖော်ထုတ်နခြေင်းဖြစ်သည်။

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~