ကယားပြည်နယ်အတွင်း ပညာရေး ကဏ္ဍဖွံ့ဖြိုးတိုးတတ်စေရန် ပြည်ထောင်စုဝန်ကြီးဦးဆောင်၍ လွိုင်ကော်မြို့တွင် ညှိနှိုင်းဆွေးနွေးပွဲပြုလုပ်

ကယားပြည်နယ်အတွင်း ပညာရေး ကဏ္ဍဖွံ့ဖြိုးတိုးတတ်စေရန် ပြည်ထောင်စုဝန်ကြီးဦးဆောင်၍ လွိုင်ကော်မြို့တွင် ညှိနှိုင်းဆွေးနွေးပွဲပြုလုပ်
နိုဝင်ဘာ 25, 2019
By Tachileik News Agency

ကယားပြည်နယ်အတွင်း ပညာရေးကဏ္ဍဖွံ့ဖြိုးတိုးတတ်လာစေရန် ပညာရေးဝန်ကြီးဌာန ၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တမျိုးသိမ်းကြီး ဦးဆောင်၍ သင်ယူမှုနှင့် သက်ဆိုင်သောညှိနှိုင်းဆွေးနွေးပွဲအား လွိုင်ကော်မြို့ရှိ ပြည်နယ်ခန်းမတွင် ၂၀၁၉ခုနှစ် နိုဝင်ဘာလ(၂၅)ရက်နေ့ နံနက်က ပြုလုပ်ခဲ့သည်။

ကယားပြည်နယ်တွင်း သင်ယူမှုအခွင့်အလမ်းမြင့်မာလာစေရန် ၊ အရည်သွေးရှိသော သင်ယူမှုမှ ပူးပေါင်းအကောင်ထည်ဖော် ဆောင်ရွက်ရန် နှင့် ပညာရေးတွင် လိုအပ်လျှက်ရှိသော လိုအပ်ချက်များ ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရန် ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးမှ ဦးဆောင်ဆွေးနွေးခဲ့သည်။

ပညာရေးနှင့်ပတ်သက်၍ အခြေခံပညာကဏ္ဍ၊ သုတေသန စီမံကိန်း နှင့် လေ့ကျင့်ရေးကဏ္ဍ၊ နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေးကဏ္ဍ၊  အဆင့်မြင့်ပညာကဏ္ဍ၊ ကျောင်းပြင်ပ နှင့် တစ်သက်တာပညာရေး ကဏ္ဍ များအား သက်ဆိုင်ရာ ပညာရေးဝန်ကြီးဌာန၊ ညွှန်ကြားရေးမှူးချုပ်များ မှ ဆွေးနွေးပေးခဲ့ပြီး အမေးအဖြေအစီစဉ်များပြုလုပ်ခဲ့သည်။

သင်ယူမှုအခွင့်အလမ်းမြှင့်မားရေးနှင့် အရည်အသွေးရှိသော သင်ယူမှုအတွက် တစ်သက်တာသင်ယူမှုအခွင့် အလမ်းနှင့် အလုပ်အကိုင်ကောင်းရသည်အထိ ကောင်မွန်စွာလုပ်ကိုင်ပေးရန်၊ ပညာရေးကဏ္ဍကို လုပ်ဆောင်နေပြီး ပညာရေးကဏ္ဍ ဖွံ့ဖြိုးတိုးတတ်ဖို့ အားလုံးပူးပေါင်းဆောင်ရွက်ပေးကြရန် ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးမှ တိုက်တွန်းခဲ့သည်။

အဆိုပါ ဆွေးနွေးပွဲအား နိုဝင်ဘာလ (၂၅)ရက်နေ့ မနက်ပိုင်းမှ ညနေပိုင်းထိ ပြုလုပ်ခဲ့ပြီး ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး၊ ကယားပြည်နယ် အစိုးရ အဖွဲ့ ဝန်ကြီးချုပ် နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ပညာရေးဝန်ထမ်းများ၊ လွှတ်တော် (၃)ရပ်မှ ကိုယ်စားလှယ်များ၊ ကျောင်းသာ မိဘများ နှင့် တိုင်းရင်းသား ယဉ်ကျေးမှုနှင့်စာပေအဖွဲ့အစည်းများ တတ်ရောက်ခဲ့ကြကြောင်း သိရသည်။

Tachileik News Agency
သတင်း/ဓါတ်ပုံ - ဆန်းဖြိုးထွန်း

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net