လူထုအပေါ် ဥပဒေမဲ့ အကြမ်းဖက် ရာဇဝတ်မှု ကျူးလွန်နေသည့် အာဏာသိမ်းစစ်တပ်အား နယ်ခြားစောင့်တပ် ကလလတ က ပြင်းပြင်းထန်ထန် ကန့်ကွက်ရှုတ်ချ

လူထုအပေါ် ဥပဒေမဲ့ အကြမ်းဖက် ရာဇဝတ်မှု ကျူးလွန်နေသည့် အာဏာသိမ်းစစ်တပ်အား နယ်ခြားစောင့်တပ် ကလလတ က ပြင်းပြင်းထန်ထန် ကန့်ကွက်ရှုတ်ချ
ဒီဇင်ဘာ 25, 2021 | ကယား

 အာဏာသိမ်းစစ်တပ်က ပြည်သူလူထုအပေါ်  ဥပဒေမဲ့ အကြမ်းဖက်ရာဇဝတ်မှုများ ကျူးလွန်နေခြင်းကို နယ်ခြားစောင့်တပ်ဖွဲ့ဖြစ်သည့် ကလလတ (ကရင်နီပြည်လူမျိုးပေါင်းစုံပြည်သူ့လွတ်မြောက်ရေးတပ်ဦး) က ပြင်းပြင်းထန်ထန် ကန့်ကွက်ရှုတ်ချသည်ဟု ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ (၂၅) ရက်နေ့တွင် သဘောထားကြေညာချက်ထုတ်ပြန်လိုက်သည်။

အာဏာသိမ်းစစ်တပ်က ယမန်နေ့တွင် ဖရူဆိုမြို့နယ်အတွင်း မူဆိုကျေးရွာအနီးတွင် ဒေသခံများအား ဖမ်းဆီးနေ၍ နယ်ခြားစောင့်တပ်မှ ရဲဘော် (၄) ဦးက ညှိနှိုင်းပေးရန် သွားရောက်သည်ကို အာဏာသိမ်းစစ်တပ်က ရဲဘော်များအား လက်ပြန်ကြိုးတုပ်၍ ဦးခေါင်းကို ပစ်သတ်ထားခဲ့ကြကြောင်း သိရသည်။

ယင်းအပြင် အာဏာသိမ်းစစ်တပ်က ယမန်နေ့တွင် မူဆိုရွာအနီးမှ ဖမ်းဆီးထားသည့် ဒေသခံများကိုပါ အစုလိုက် အပြုံလိုက် မီးရှို့သတ်ဖြတ်ထားခဲ့ခြင်းဖြစ်သည်။