{ကြော်ငြာ} တာချီလိတ်(ရှမ်းအရှေ့)ရေပေးဝေရေးကုမ္ပဏီက တာချီလိတ်မှ ရေသုံးစွဲသူ မိဘပြည်သူများအား အသိပေးကြေညာ

{ကြော်ငြာ} တာချီလိတ်(ရှမ်းအရှေ့)ရေပေးဝေရေးကုမ္ပဏီက တာချီလိတ်မှ ရေသုံးစွဲသူ မိဘပြည်သူများအား အသိပေးကြေညာ
ဒီဇင်ဘာ 2, 2020
By Tachileik News Agency

{ကြော်ငြာ} တာချီလိတ်(ရှမ်းအရှေ့)ရေပေးဝေရေးကုမ္ပဏီက တာချီလိတ်မှ ရေသုံးစွဲသူ မိဘပြည်သူများအား အသိပေးကြေညာ 

မိမိတို့တာချီလိတ်မြို့၌ အရှိန်အဟုန်မြင့်လာနေသည့် COVID-19 ရောဂါပြန့်ပွားမှုကို လျှော့ချ ထိန်းချုပ်နိုင်စေရေး အစီအစဉ်အဖြင့် တာချီလိတ်(ရှမ်းအရှေ့)ရေပေးဝေရေး ကုမ္ပဏီ၏ ဝန်ဆောင်မှုများကို အောက်ပါအတိုင်းဆောင်ရွက်သွားမည်ဖြစ်ပါသည်။
(က) ယခုလအတွင်း လစဉ်ရေယူနစ်ကြေးကောက်ခံခြင်းနှင့်အရစ်ကျရေမီတာကြေးကောက်ခံခြင်းကို ခေတ္တဆိုင်းငံ့ထားပါမည်။ ရောဂါအား ထိန်းချုပ်ကာကွယ်ရေးအစီအစဉ်ပြီးမြောက်၍ ငွေကြေးပြန်လည်ကောက်ခံသွားမည့်အကြောင်းအား ကြိုတင်၍ပြန်လည်ကြေညာပေးသွားမည်ဖြစ်ပါသည်။ နိုဝင်ဘာလအတွက် ငွေပေးသွင်းရန် ရက်လွန်ကြေးကောက်ခံမှုမရှိပါကြောင်းကြိုတင် တင်ပြအပ်ပါသည်။ 
(ခ) လစဉ်သုံးစွဲထားသည့်ရေမီတာများ ဖတ်ရှုခြင်းလုပ်ငန်းစဉ်ကို သင့်လျှော်စွာလုပ်ဆောင်သွားပါမည်။ သို့ရာတွင် ထိတွေ့မှုလျှော့ချစေရန် ရည်ရွယ်ချက်ဖြင့် ရေသုံးစွဲသူ၏အိမ်များသို့ ပြေစာပေးပို့သွားမည်မဟုတ်ပါ။ သုံးစွဲထားသည့်ရေယူနစ်ကိုတိုက်စစ်နိုင်ရန် ကုမ္ပဏီ၏ Facebook Page တွင်ဖော်ပြပါမည်ဖြစ်ပါသည်။ 
(ဂ) ရေမီတာရောင်းချခြင်းနှင့် ရေမီတာတပ်ဆင်ခြင်းလုပ်ငန်းကိုလည်းခေတ္တရပ်ဆ်ိုင်းထားမည်ဖြစ်ပါသည်။
ရေမီတာအသစ်လျှောက်ထားခြင်းနှင့် ပတ်သက်၍ မေးမြန်းလိုပါက 09-268301717 (မြန်မာ) / 086-9205324 ( ထိုင်း) သို့ဆက်သွယ်နိုင်ပါသည်။
(ဃ) အများပြည်သူနှင့်သက်ဆိုင်သည့်အရေးပေါ်လုပ်ငန်းစဉ်နှင့်ကိစ္စရပ်များအတွက်သာ ရေမီတာတပ်ဆင်ခြင်းဆောင်ရွက်သွားမည်ဖြစ်ပါသည်။  
မိမိတို့၏အရေးပေါ်လုပ်ငန်းများအား ခရိုင် (COVID 19) ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ လမ်းညွှန်ချက်များအတိုင်းစည်းကမ်းတကျလိုက်နာဆောင်ရွက်သွားမည်ဖြစ်ပါသည်။
မိမိတို့ကုမ္ပဏီမှသွယ်တန်းထားသောရေပိုက်လိုင်းနှင့်ပတ်သက်၍ ပြောကြားမေးမြန်းလိုပါက Hotline နံပါတ် 09-754877471 (မြန်မာ) သို့ဆက်သွယ်နိုင်ပါသည်။
Tachileik News Agency