ကျောက်မဲမြို့နယ်အတွင်း ရခိုင်ပြည်နယ်က ပြောင်းလာသူ ရဲဝန်ထမ်း(၄)ဦး အပါအဝင်  (၇)ဦးတွင် Covid-19 ပိုးတွေ့

Photo: ကမ်းလင့်လက်များလူမှုကူညီရေးအသင်း
Photo: ကမ်းလင့်လက်များလူမှုကူညီရေးအသင်း
ကျောက်မဲမြို့နယ်အတွင်း ရခိုင်ပြည်နယ်က ပြောင်းလာသူ ရဲဝန်ထမ်း(၄)ဦး အပါအဝင်  (၇)ဦးတွင် Covid-19 ပိုးတွေ့
ဇူလိုင် 19, 2021 | Covid-19| ရှမ်းမြောက်

ရှမ်းပြည်နယ် (မြောက်ပိုင်း) ကျောက်မဲမြို့နယ်သို့ ရခိုင်မှပြောင်းလာသည့် ရဲဝန်ထမ်း (၄) ဦးအပါအဝင် COVID 19 ပိုးတွေ့သူ (၇) ဦးကို ၂၀၂၁ ခုနှစ် ဇူလိုင်လ (၁၉) ရက်နေ့ နံနက်ပိုင်းစစ်ဆေးမှုအတွင်း တွေ့ရှိကြောင်း သိရသည်။

ရခိုင်မှပြောင်းလာ၍ နောင်ပိန်ရဲစခန်းတွင် အသွားအလာကန့်သတ်ထားသည့် ရဲဝန်ထမ်း (၄) ဦး၊ နောင်ပိန်ရွာမှ အတည်ပြုလူနာနှင့် ထိတွေ့သူ (၁) ဦး၊ နားအိုက်ခန့်ကျေးရွာမှ အတည်ပြုလူနာနှင့် ထိတွေ့သူ (၁) ဦးနှင့် အထက်ရဲရွာမှ (၁) ဦးတို့တွင် ပိုးတွေ့ရခြင်းဖြစ်သည်။

ကျောက်မဲမြို့နယ်အတွင်း ယနေ့နံနက်ပိုင်းအထိ အတည်ပြုလူနာ စုစုပေါင်း (၁၇၁) ဦးရှိပြီး ကျောက်မဲခရိုင်ပြည်သူ့ဆေးရုံနှင့် နောင်ပိန်တိုက်နယ်ဆေးရုံတို့တွင် ကုသပေးနေခြင်းဖြစ်သည်။

အတည်ပြုလူနာများမှ (၅) ဦးမှာ ကုသမှုခံယူစဉ်သေဆုံးသွားကြပြီး ဆေးရုံဆင်းခွင့်ရသူ (၄၀) နီးပါးရှိနေပြီဟု သိရသည်။