နမ့်စန်လေတပ်မှ စစ်ရဟတ်ယာဉ်များ မြို့၏ မြောက်ဘက်သို့ ဦးတည်ပျံသန်းနေ

နမ့်စန်လေတပ်မှ စစ်ရဟတ်ယာဉ်များ မြို့၏ မြောက်ဘက်သို့ ဦးတည်ပျံသန်းနေ
ဇန်နဝါရီ 11, 2022 | ရှမ်းတောင်

ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်မြို့ရှိ လေတပ်စခန်းကနေ စစ်ရဟတ်ယာဉ်များ မြို့၏ မြောက်ဖက်သို့ ဦးတည်ထွက်ခွာသွားကြောင်း သိရသည်။



ခုမနက် စပျံနေပြီ ရဟတ်ယာဉ်တွေ၊ မြောက်ဘက်ကို ဦးတည်သွားတာ။ အတက်တွေချည်းပဲ (၆)ခေါက်။ ပထမ (၁)စီးက ဝမ်းဗိုက်မှာ အပြာရောင်နဲ့၊ နောက်ယာဉ်တွေကတော့ အစိမ်းတွေပဲ

ဟု ဒေသခံ တစ်ဦးက Tachileik News Agency ပြောသည်။



ယနေ့ ၂၀၂၂ခုနှစ် ဇန်နဝါရီလ(၁၁)ရက်နေ့ (၁၀)နာရီ (၁၀)မိနစ်အချိန်က စစ်ရဟတ်ယာဉ်များ နမ့်စန်မြို့၏ မြောက်ဘက်သို့ ဦးတည်ထွက်ခွာသွားခြင်း ဖြစ်သည်။

ယမန့်နေ့ ဇန်နဝါရီလ(၁၀)ရက်နေ့ကလည်း ရဟတ်ယာဉ်များ မြို့၏ မြောက်ဘက်သို့ ပျံသန်းမှုများလည်းရှိခဲ့သည်။