ပအိုး၀္ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရေဒသ ဟိုပံုးၿမိဳ႕နယ္အတြင္း၌ (၄)ရက္တာကာလအတြင္း ဘိန္းစိုက္ခင္းေပါင္း (၁၀၃)ဧကကို ေတြ႔ရွိဖ်က္ဆီးခဲ့

ပအိုး၀္ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရေဒသ ဟိုပံုးၿမိဳ႕နယ္အတြင္း၌ (၄)ရက္တာကာလအတြင္း ဘိန္းစိုက္ခင္းေပါင္း (၁၀၃)ဧကကို ေတြ႔ရွိဖ်က္ဆီးခဲ့
ဇန်နဝါရီ 30, 2019
By Tachileik News Agency

ပအိုး၀္ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရေဒသ၊ ဟိုပံုးၿမိဳ႕နယ္အတြင္း၌ (၄)ရက္တာကာလ အတြင္း ဘိန္းစိုက္ခင္းေပါင္း (၁၀၃)ဧကကို ေတြ႔ရွိဖ်က္ဆီးခဲ့ၾကေၾကာင္း သိရသည္။

ပအိုး၀္ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရေဒသ၊ ဟိုပံုးၿမိဳ႕နယ္ ေကာင္တယမ္ေက်း႐ြာအလြန္တြင္ အျမင့္ေပ(၁)ေပ၀န္းက်င္ရွိ ဘိန္းစိုက္ခင္း  (၂၅)ဧကကို ဟိုပံုးၿမိဳ႕နယ္ရဲတပ္ဖြဲ႔မွဴး ရဲမွဴးမင္းဟန္ ဦးစီးသည့္ ပူးေပါင္းအဖြဲ႔က ၂၀၁၉ခုႏွစ္ ဇန္န၀ါရီလ(၂၉)ရက္ေန႔က စုေပါင္း ခုတ္ထစ္ဖ်က္ဆီးခဲ့ေၾကာင္း သိရသည္။

အလားတူပင္ ဇန္န၀ါရီလ(၂၈)ရက္ေန႔က ဟိုပံုးၿမိဳ႕နယ္  လံုေဟးေက်းရြာအေရွ႕ေတာင္ဘက္တြင္ အျမင့္ေပ (၃)ေပ၀န္းက်င္ရွိ ဘိန္းစိုက္ခင္း (၂၆)ဧကကို ၂၀၁၉ခုႏွစ္ ဇန္န၀ါရီလ(၂၈)ရက္ေန႔က လည္းေကာင္း၊  ဇန္န၀ါရီလ(၂၇)ရက္ေန႔က လံုေဟးေက်းရြာ၏ အေရွ႕ဘက္တြင္  အျမင့္ေပ(၃)ေပခန္႔ရွိသည့္ ဘိန္းစိုက္ခင္း (၂၅)ဧကကို ရွာေဖြေတြ႔ရွိ၍ ဖ်က္ဆီးခဲ့ေၾကာင္း သိရသည္။

ဇန္န၀ါရီလ(၂၆)ရက္ေန႔က ဟိုပံုးၿမိဳ႕နယ္ ငိုခ်ီးေက်းရြာ၏ ေတာင္ဘက္တြင္ အျမင့္ေပ (၃)ေပ ၀န္းက်င္ရွိသည့္ ဘိန္းစိုက္ခင္း (၂၇)ဧကကိုလည္း ရွာေဖြေတြ႔ရွိ ဖ်က္ဆီးေစခဲ့ရာ ဇန္န၀ါရီလ(၂၆)ရက္ေန႔မွ ဇန္န၀ါရီလ (၂၉)ရက္ေန႔အထိ ဖ်က္ဆီးခဲ့သည့္ ဘိန္းစိုက္ခင္း စုစုေပါင္း (၁၀၃)ဧက ရွိေၾကာင္း သိရသည္။

၂၀၁၉ခုႏွစ္ ဇန္န၀ါရီလအတြင္း၌ ျမန္မာႏုိင္ငံရဲတပ္ဖြဲ႔ႏွင့္ သက္ဆိုင္ရာပူးေပါင္းအဖြဲ႔တို႔မွ ဘိန္းစိုက္ခင္းမ်ားကို ဖ်က္ဆီးရာတြင္ အမ်ားဆံုးအေနျဖင့္ ရွမ္းျပည္နယ္ေတာင္ပိုင္း တြင္ ေတြ႔ရွိရၿပီး  ရွမ္းျပည္နယ္အေရွ႕ပိုင္း ႏွင့္ မေကြးတိုင္းေဒသႀကီးတို႔တြင္လည္း ေတြ႔ရွိ ဖ်က္ဆီးရရွိမႈမ်ားရွိေၾကာင္း သိရွိရသည္။

Tachileik News Agency
ဓါတ္ပံု - ရဲတပ္ဖြဲ႔



~~~~~~~~⊰❂ Unicode Version ~~~~~~~~

ပအိုးဝ်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်အတွင်း၌ (၄)ရက်တာကာလ အတွင်း ဘိန်းစိုက်ခင်းပေါင်း (၁၀၃)ဧကကို တွေ့ရှိဖျက်ဆီးခဲ့ကြကြောင်း သိရသည်။

ပအိုးဝ်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ် ကောင်တယမ်ကျေးရွာအလွန်တွင် အမြင့်ပေ(၁)ပေဝန်းကျင်ရှိ ဘိန်းစိုက်ခင်း (၂၅)ဧကကို ဟိုပုံးမြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးမင်းဟန် ဦးစီးသည့် ပူးပေါင်းအဖွဲ့က ၂၀၁၉ခုနှစ် ဇန်နဝါရီလ(၂၉)ရက်နေ့က စုပေါင်း ခုတ်ထစ်ဖျက်ဆီးခဲ့ကြောင်း သိရသည်။

အလားတူပင် ဇန်နဝါရီလ(၂၈)ရက်နေ့က ဟိုပုံးမြို့နယ် လုံဟေးကျေးရွာအရှေ့တောင်ဘက်တွင် အမြင့်ပေ (၃)ပေဝန်းကျင်ရှိ ဘိန်းစိုက်ခင်း (၂၆)ဧကကို ၂၀၁၉ခုနှစ် ဇန်နဝါရီလ(၂၈)ရက်နေ့က လည်းကောင်း၊ ဇန်နဝါရီလ(၂၇)ရက်နေ့က လုံဟေးကျေးရွာ၏ အရှေ့ဘက်တွင် အမြင့်ပေ(၃)ပေခန့်ရှိသည့် ဘိန်းစိုက်ခင်း (၂၅)ဧကကို ရှာဖွေတွေ့ရှိ၍ ဖျက်ဆီးခဲ့ကြောင်း သိရသည်။

ဇန်နဝါရီလ(၂၆)ရက်နေ့က ဟိုပုံးမြို့နယ် ငိုချီးကျေးရွာ၏ တောင်ဘက်တွင် အမြင့်ပေ (၃)ပေ ဝန်းကျင်ရှိသည့် ဘိန်းစိုက်ခင်း (၂၇)ဧကကိုလည်း ရှာဖွေတွေ့ရှိ ဖျက်ဆီးစေခဲ့ရာ ဇန်နဝါရီလ(၂၆)ရက်နေ့မှ ဇန်နဝါရီလ (၂၉)ရက်နေ့အထိ ဖျက်ဆီးခဲ့သည့် ဘိန်းစိုက်ခင်း စုစုပေါင်း (၁၀၃)ဧက ရှိကြောင်း သိရသည်။

၂၀၁၉ခုနှစ် ဇန်နဝါရီလအတွင်း၌ မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် သက်ဆိုင်ရာပူးပေါင်းအဖွဲ့တို့မှ ဘိန်းစိုက်ခင်းများကို ဖျက်ဆီးရာတွင် အများဆုံးအနဖြေင့် ရှမ်းပြည်နယ်တောင်ပိုင်း တွင် တွေ့ရှိရပြီး ရှမ်းပြည်နယ်အရှေ့ပိုင်း နှင့် မကွေးတိုင်းဒေသကြီးတို့တွင်လည်း တွေ့ရှိ ဖျက်ဆီးရရှိမှုများရှိကြောင်း သိရှိရသည်။

Tachileik News Agency
ဓာတ်ပုံ - ရဲတပ်ဖွဲ့

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~