လားရိႈးၿမိဳ႕နယ္ အေကာက္ခြန္ဦးစီးဌာနက က်ပ္သိန္း (၁၆၀၀)ေက်ာ္ တန္ဖိုးရိွ အေကာက္ခြန္မဲ့ပစၥည္းမ်ားကို ဖ်က္ဆီး

လားရိႈးၿမိဳ႕နယ္ အေကာက္ခြန္ဦးစီးဌာနက က်ပ္သိန္း (၁၆၀၀)ေက်ာ္ တန္ဖိုးရိွ အေကာက္ခြန္မဲ့ပစၥည္းမ်ားကို ဖ်က္ဆီး
စက်တင်ဘာ 19, 2019
By Tachileik News Agency

ရွမ္းျပည္နယ္(ေျမာက္ပိုင္း) သိႏၷီၿမိဳ႕နယ္ ေရပူစစ္ေဆးေရးစခန္းႏွင့္ လားရိႈးၿမိဳ႕နယ္အတြင္း ဖမ္းဆီးရမိထားသည့္  အမႈေပါင္း ( ၂၀) ခုမွ စုစုေပါင္း က်ပ္သိန္းေပါင္း (၁,၆၀၀)ေက်ာ္တန္ဖိုးရိွ အေကာက္ခြန္မဲ့ကုန္ပစၥည္းမ်ားႏွင့္ စားသံုးရန္မသင့္ကုန္ပစၥည္းမ်ားအား ၂၀၁၉ ခုႏွစ္၊ စက္တင္ဘာလ (၁၉)ရက္ေန႔တြင္ ဖ်က္ဆီးသည္။

လားရိႈးၿမိဳ႕နယ္ အေကာက္ခြန္ဦးစီးဌာနရံုးဝန္းအတြင္း၌ စက္တင္ဘာလ (၁၉)ရက္ေန႔တြင္ ဖ်က္ဆီးမႈမွာ ၂၀၁၉ ခုႏွစ္အတြင္း ဒုတိယအႀကိမ္ျဖစ္ေၾကာင္း သိရသည္။

"အဓိကေတြ႔ခဲ့တာကေတာ့ ဘီယာေတြ၊ အခ်ိဳရည္၊ ၾကက္အူေခ်ာင္း၊ မႈိေျခာက္ပန္းေျခာက္စတဲ့ စားသံုးကုန္ေတြ ကို လမ္းႀကိတ္စက္နဲ႔ႀကိတ္ၿပီး ဖ်က္ဆီးတယ္။ အဝတ္အထည္ေတြကိုေတာ့ မီးရႈိ႕ဖ်က္ဆီးတာမ်ိဳး လုပ္တယ္။ အမ်ားဆံုးကေတာ့ ဘီယာေတြကို ဖ်က္ဆီးတာေတြ႔တယ္" ဟု ဖ်က္ဆီးေရးအခမ္းအနားသို႔ တက္ေရာက္ခဲ့သည့္ စားသံုးသူေရးရာဦးစီးဌာန ဒုတိယျပည္နယ္ဦးစီးမွဴးရံုး (လားရိႈး)မွ ဒုတိယျပည္နယ္ဦးစီးမွဴး ဦးေဇာ္မင္းသန္းက တာခ်ီလိတ္သတင္းေအဂ်င္စီသုိ႔ ေျပာသည္။

အေကာက္ခြန္ဦးစီးဌာနက ေရပူစစ္ေဆးေရးစခန္းႏွင့္ လားရိႈးၿမိဳ႕နယ္အတြင္း ဖမ္းဆီးရမိထားေသာ အေကာက္ခြန္မဲ့ ပစၥည္းမ်ားႏွင့္ သံုးစြဲရန္မသင့္ပစၥည္းမ်ား၊ စားသံုးရန္မသင့္ အစားအေသာက္ႏွင့္ ေဆးဝါးမ်ား အပါအဝင္ ဖမ္းဆီးရမိသည့္ စုစုေပါင္း အမႈ (၂၀) မွ ခန္႔မွန္းကာလတန္ဖိုး က်ပ္ (၁၆၀,၉၉၅,၀၀၀ )တန္ဖိုးရွိ ပစၥည္းမ်ားကို လမ္းႀကိတ္စက္ျဖင့္ႀကိတ္ျခင္း၊ မီးရႈိ႕ဖ်က္ဆီးျခင္းမ်ား ျပဳလုပ္ခဲ့သည္ဟု သိရသည္။

ေရပူစစ္ေဆးေရးစခန္းတြင္ ၂၀၁၉ ခုႏွစ္ ဘ႑ာႏွစ္အတြင္း ဖမ္းဆီးရမိထားေသာ အေကာက္ခြန္မဲ့ ကုန္ပစၥည္း မ်ားကို ၂၀၁၉ ခုႏွစ္ ေဖေဖၚဝါရီလ (၄) ရက္ေန႔က ပထမအႀကိမ္ဖ်က္ဆီးခဲ့ျခင္းျဖစ္သည္။

အဆိုပါ ဖ်က္ဆီးေရးအခမ္းအနားသို႔ လားရိႈးၿမိဳ႕ ၿမိဳ႕နယ္အေကာက္ခြန္ဦးစီးဌာန၊ စားသံုးသူေရးရာဦးစီးဌာန ဒုတိယ ျပည္နယ္ဦးစီးမွဴးရံုးမွ တာဝန္ရွိသူအခ်ိဳ႕ႏွင့္ ၿမိဳ႕နယ္အေထြေထြအုပ္ခ်ဳပ္ေရးရံုး (လားရိႈး)တို႔မွ တာဝန္ရွိသူ မ်ား တက္ေရာက္ခဲ့သည္ဟု သိရသည္။

Tachileik News Agency
သတင္း - ေနၿဖဳိးျမင့္
ဓါတ္ပံု -  စားသံူးသူေရးရာဦးစီးဌာန(လားရိႈး)


~~~~~~~~⊰❂ Unicode Version ~~~~~~~~

ရှမ်းပြည်နယ်(မြောက်ပိုင်း) သိန္နီမြို့နယ် ရေပူစစ်ဆေးရေးစခန်းနှင့် လားရှိုးမြို့နယ်အတွင်း ဖမ်းဆီးရမိထားသည့် အမှုပေါင်း ( ၂၀) ခုမှ စုစုပေါင်း ကျပ်သိန်းပေါင်း (၁,၆၀၀)ကျော်တန်ဖိုးရှိ အကောက်ခွန်မဲ့ကုန်ပစ္စည်းများနှင့် စားသုံးရန်မသင့်ကုန်ပစ္စည်းများအား ၂၀၁၉ ခုနှစ်၊ စက်တင်ဘာလ (၁၉)ရက်နေ့တွင် ဖျက်ဆီးသည်။

လားရှိုးမြို့နယ် အကောက်ခွန်ဦးစီးဌာနရုံးဝန်းအတွင်း၌ စက်တင်ဘာလ (၁၉)ရက်နေ့တွင် ဖျက်ဆီးမှုမှာ ၂၀၁၉ ခုနှစ်အတွင်း ဒုတိယအကြိမ်ဖြစ်ကြောင်း သိရသည်။

"အဓိကတွေ့ခဲ့တာကတော့ ဘီယာတွေ၊ အချိုရည်၊ ကြက်အူချောင်း၊ မှိုခြောက်ပန်းခြောက်စတဲ့ စားသုံးကုန်တွေ ကို လမ်းကြိတ်စက်နဲ့ကြိတ်ပြီး ဖျက်ဆီးတယ်။ အဝတ်အထည်တွေကိုတော့ မီးရှို့ဖျက်ဆီးတာမျိုး လုပ်တယ်။ အများဆုံးကတော့ ဘီယာတွေကို ဖျက်ဆီးတာတွေ့တယ်" ဟု ဖျက်ဆီးရေးအခမ်းအနားသို့ တက်ရောက်ခဲ့သည့် စားသုံးသူရေးရာဦးစီးဌာန ဒုတိယပြည်နယ်ဦးစီးမှူးရုံး (လားရှိုး)မှ ဒုတိယပြည်နယ်ဦးစီးမှူး ဦးဇော်မင်းသန်းက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

အကောက်ခွန်ဦးစီးဌာနက ရေပူစစ်ဆေးရေးစခန်းနှင့် လားရှိုးမြို့နယ်အတွင်း ဖမ်းဆီးရမိထားသော အကောက်ခွန်မဲ့ ပစ္စည်းများနှင့် သုံးစွဲရန်မသင့်ပစ္စည်းများ၊ စားသုံးရန်မသင့် အစားအသောက်နှင့် ဆေးဝါးများ အပါအဝင် ဖမ်းဆီးရမိသည့် စုစုပေါင်း အမှု (၂၀) မှ ခန့်မှန်းကာလတန်ဖိုး ကျပ် (၁၆၀,၉၉၅,ဝဝဝ )တန်ဖိုးရှိ ပစ္စည်းများကို လမ်းကြိတ်စက်ဖြင့်ကြိတ်ခြင်း၊ မီးရှို့ဖျက်ဆီးခြင်းများ ပြုလုပ်ခဲ့သည်ဟု သိရသည်။

ရေပူစစ်ဆေးရေးစခန်းတွင် ၂၀၁၉ ခုနှစ် ဘဏ္ဍာနှစ်အတွင်း ဖမ်းဆီးရမိထားသော အကောက်ခွန်မဲ့ ကုန်ပစ္စည်း များကို ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီလ (၄) ရက်နေ့က ပထမအကြိမ်ဖျက်ဆီးခဲ့ခြင်းဖြစ်သည်။

အဆိုပါ ဖျက်ဆီးရေးအခမ်းအနားသို့ လားရှိုးမြို့ မြို့နယ်အကောက်ခွန်ဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန ဒုတိယ ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူအချို့နှင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးရုံး (လားရှိုး)တို့မှ တာဝန်ရှိသူ များ တက်ရောက်ခဲ့သည်ဟု သိရသည်။

Tachileik News Agency
သတင်း - နဖြေိုးမြင့်
ဓာတ်ပုံ - စားသူံးသူရေးရာဦးစီးဌာန(လားရှိုး)

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net