အာခါတိုင်းရင်းသား အဆိုတော် လီဂါ ၏ အာခါသီချင်းခွေသစ် ယခုနှစ် ခါးထောင်းဖားပွဲအမီ ထွက်ရှိမည်

အာခါတိုင်းရင်းသား အဆိုတော် လီဂါ ၏ အာခါသီချင်းခွေသစ် ယခုနှစ် ခါးထောင်းဖားပွဲအမီ ထွက်ရှိမည်
စကျတငျဘာ 20, 2019
By Tachileik News Agency
မြန်မာနိုင်ငံတွင် ရှမ်းပြည်နယ်အရှေ့ပိုင်းဒေသများ၌သာ အများစုနေထိုင်ကြသည့် အာခါတိုင်းရင်းသားများ ကြားတွင် အာခါမျိုးကြီးဟု ကျော်ကြားသည့် အာခါအဆိုတော် လီဂါ၏ တစ်ကိုယ်တော်အာခါသီချင်းခွေသစ်ကို ၂၀၁၉ ခုနှစ် အာခါရိုးရာနှစ်သစ်ကူးပွဲ(ခါးထောင်းဖားပွဲ)အမီ ထွက်လာနိုင်မည်ဖြစ်ကြောင်း သိရသည်။




အနုပညာလောကတွင် (၁၅)နှစ်ကြာ ရပ်တည်ခဲ့သည့် အဆိုတော်လီဂါအနေဖြင့် အာခါသီချင်းခွေ (၃)ခွေမြောက် ထုတ်လုပ်နိုင်ပြီဖြစ်သည့်အပြင် တစ်ကိုယ်တော်အဖြစ် မြန်မာသီချင်းခွေတစ်ခွေကိုလည်း သီဆိုထားသူဖြစ်သည်။

Tachileik News Agency



~~~~~~~~⊰❂ Unicode Version ~~~~~~~~

မြန်မာနိုင်ငံတွင် ရှမ်းပြည်နယ်အရှေ့ပိုင်းဒေသများ၌သာ အများစုနေထိုင်ကြသည့် အာခါတိုင်းရင်းသားများ ကြားတွင် အာခါမျိုးကြီးဟု ကျော်ကြားသည့် အာခါအဆိုတော် လီဂါ၏ တစ်ကိုယ်တော်အာခါသီချင်းခွေသစ်ကို ၂၀၁၉ ခုနှစ် အာခါရိုးရာနှစ်သစ်ကူးပွဲ(ခါးထောင်းဖားပွဲ)အမီ ထွက်လာနို်င်မည်ဖြစ်ကြောင်း သိရသည်။

“ကျွန်တော့်ရဲ့အခွေလေးကို (၁၁)လပိုင်းအကုန် ဒါမှမဟုတ် (၁၂) လပိုင်း ကျွန်တော်တို့ အာခါ ခါးထောင်းဖားပွဲအမီ ထွက်နိုင်အောင် ကြိုးစားနေပါတယ်။ သီချင်းသစ် မထွက်ဖြစ်တာ (၇)နှစ်လောက်ကြာပါပြီ။ ငွေအားဖြင့်လည်းကောင်း ပံ့ပိုးပေးသူတွေကိုလည်း ကျေးဇူးတင်ပါတယ်။ ကျွန်တော့်အခွေထွက်ရင်လည်း ဝယ်ယူအားပေးကြပါဦးလို့ ကျွန်တော် ကျေးဇူးအများကြီးတင်ပါတယ်”ဟု အဆိုတော် လီဂါက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

သီချင်းခွေသစ်တွင် သီချင်း (၁၄)ပုဒ်ပါဝင်သည့်အနက် (၁၃)ပုဒ်ကို အာခါဘာသာဖြင့် သီဆိုထားပြီး အာခါအမျိုးသားနေ့သီချင်းကို မြန်မာဘာသာဖြင့် သီဆိုထားကြောင်း သိရသည်။

အဆိုပါ သီချင်းခွေသစ်တွင် အဆိုတော် လီဂါအပါအဝင် တေးရေး (၅)ဦး၏ သီချင်းများပါဝင်မည်ဖြစ်ပြီး အဆိုတော် (၅)ဦးလည်း ပါဝင်အားဖြည့်ထားကြောင်း သိရသည်။

အနုပညာလောကတွင် (၁၅)နှစ်ကြာ ရပ်တည်ခဲ့သည့် အဆိုတော်လီဂါအနဖြေင့် အာခါသီချင်းခွေ (၃)ခွေမြောက် ထုတ်လုပ်နိုင်ပြီဖြစ်သည့်အပြင် တစ်ကိုယ်တော်အဖြစ် မြန်မာသီချင်းခွေတစ်ခွေကိုလည်း သီဆိုထားသူဖြစ်သည်။

Tachileik News Agency
ဓာတ်ပုံ - Ardi Muzi Studio

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net