ျမန္မာႏိုင္ငံရဲတပ္ဖြဲ႔ေန႔အား ႀကိဳဆိုဂုဏ္ျပဳသည့္အေနျဖင့္ တာခ်ီလိတ္မွ ရဲတပ္ဖြဲ႔၀င္ (၅၁)ဦး စုေပါင္းေသြးလွဴ

ျမန္မာႏိုင္ငံရဲတပ္ဖြဲ႔ေန႔အား ႀကိဳဆိုဂုဏ္ျပဳသည့္အေနျဖင့္ တာခ်ီလိတ္မွ ရဲတပ္ဖြဲ႔၀င္ (၅၁)ဦး စုေပါင္းေသြးလွဴ
စက်တင်ဘာ 17, 2019
By Tachileik News Agency

(၅၅)ႏွစ္ေျမာက္ ျမန္မာႏိုင္ငံရဲတပ္ဖြဲ႔ေန႔အား ႀကိဳဆိုဂုဏ္ျပဳသည့္အေနျဖင့္ တာခ်ီလိတ္ခရိုင္အတြင္းရွိ ရဲတပ္ဖြဲ႔မ်ားမွ တာခ်ီလိတ္ခရိုင္ ခုတင္(၁၀၀)ဆံ့ျပည္သူ႔ေဆးရံုတြင္ စုေပါင္းေသြးလွူဒါန္းပြဲအား ၂၀၁၉ခုႏွစ္ စက္တင္ဘာလ(၁၇)ရက္ေန႔ နံနက္က ျပဳလုပ္ရာ တပ္ဖြဲ႔၀င္ (၅၁)ဦးမွ ေသြးလွူဒါန္းခဲ့ၾကေၾကာင္း သိရသည္။

တာခ်ီလိတ္ခရိုင္/ၿမိဳ႕နယ္ရဲတပ္ဖြဲ႔ႏွင့္ တာခ်ီလိတ္ၿမိဳ႕မရဲစခန္းအပါအ၀င္ ေရေၾကာင္းရဲတပ္ဖြဲ႔(၀မ္ပံု)၊ သတင္းရဲတပ္ဖြဲ႔၊ လူကုန္တားရဲတပ္ဖြဲ႔၊ မူးယစ္ရဲတပ္ဖြဲ႔၊ ေလေၾကာင္းရဲတပ္ဖြဲ႔၊ ခရီးသြားရဲတပ္ဖြဲ႔၊ မႈခင္းရဲတပ္ဖြဲ႔ ႏွင့္ နယ္ထိန္းတပ္ဖြဲ႔ စသည္တို႔မွ (၆၁)ဦး ေသြးလွဴဒါန္းရန္အတြက္ စီစဥ္ထားေသာ္လည္း ေသြးတိုးသူ ႏွင့္ ေသြးအားနည္းသူ (၁၀)ဦး ပါ၀င္ေန၍ (၅၁)ဦးသာ ေသြးလွူဒါန္းခဲ့ၾကေၾကာင္း သိရသည္။

ေသြးလွဴဒါန္းရာသို႔ တာခ်ီလိတ္ခရိုင္ရဲတပ္ဖြဲ႕မွဴး ဒုတိယရဲမွဴးႀကီး ေပၚထြန္း၊  ေရေၾကာင္းရဲတပ္ဖြဲ႕ခြဲ(၀မ္ပံု)မွ ဒုတိယရဲမွဴးႀကီးရဲ၀င္းေနာင္ ႏွင့္ တာ၀န္ရွိသူမ်ားတက္ေရာက္ခဲ့ၾကၿပီးေနာက္ တာခ်ီလိတ္ခရိုင္ ခုတင္(၁၀၀)ဆံ့ျပည္သူ႔ေဆးရံုအုပ္ႀကီး ေဒါက္တာေရႊ၀င္းက ေသြးလွဴဒါန္းျခင္းအတြက္ ဂုဏ္ျပဳမွတ္တမ္းလႊာျပန္လည္ေပးအပ္သည္။

၂၀၁၉ခုႏွစ္ ေအာက္တိုဘာလ(၁)ရက္ေန႔တြင္ က်ေရာက္မည့္ ျမန္မာႏိုင္ငံရဲတပ္ဖြဲ႔ေန႔အား ႀကိဳဆိုဂုဏ္ျပဳကာ ရဲတပ္ဖြဲ႔မွ လူမႈအက်ဳိးျပဳလုပ္ငန္းမ်ားအျဖစ္ ဆက္လက္၍ စက္တင္ဘာလ(၂၁)ရက္ေန႔တြင္ ျပည္သူ႔ေဆးရံုႀကီးအတြင္း စုေပါင္းသန္႔ရွင္းေရးျပဳလုပ္ရန္ အစီအစဥ္ရွိေၾကာင္းႏွင့္ ျမန္မာႏိုင္ငံရဲတပ္ဖြဲ႔အခမ္းအနားအား တာခ်ီလိတ္တြင္  ရဲဓမၼာရံုရွိ  ေအာင္ေဇယ်ခန္းမ၌ ေအာက္တိုဘာလ(၁)ရက္ေန႔ နံနက္ပိုင္းတြင္ က်င္းပျပဳလုပ္မည္ျဖစ္ေၾကာင္း သိရသည္။

Tachileik News Agency
ဓါတ္ပံု - ASM ၊ TS


~~~~~~~~⊰❂ Unicode Version ~~~~~~~~

(၅၅)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့အား ကြိုဆိုဂုဏ်ပြုသည့်အနဖြေင့် တာချီလိတ်ခရိုင်အတွင်းရှိ ရဲတပ်ဖွဲ့များမှ တာချီလိတ်ခရိုင် ခုတင်(၁၀၀)ဆံ့ပြည်သူ့ဆေးရုံတွင် စုပေါင်းသွေးလှူဒါန်းပွဲအား ၂၀၁၉ခုနှစ် စက်တင်ဘာလ(၁၇)ရက်နေ့ နံနက်က ပြုလုပ်ရာ တပ်ဖွဲ့ဝင် (၅၁)ဦးမှ သွေးလှူဒါန်းခဲ့ကြကြောင်း သိရသည်။

တာချီလိတ်ခရိုင်/မြို့နယ်ရဲတပ်ဖွဲ့နှင့် တာချီလိတ်မြို့မရဲစခန်းအပါအဝင် ရေကြောင်းရဲတပ်ဖွဲ့(ဝမ်ပုံ)၊ သတင်းရဲတပ်ဖွဲ့၊ လူကုန်တားရဲတပ်ဖွဲ့၊ မူးယစ်ရဲတပ်ဖွဲ့၊ လေကြောင်းရဲတပ်ဖွဲ့၊ ခရီးသွားရဲတပ်ဖွဲ့၊ မှုခင်းရဲတပ်ဖွဲ့ နှင့် နယ်ထိန်းတပ်ဖွဲ့ စသည်တို့မှ (၆၁)ဦး သွေးလှူဒါန်းရန်အတွက် စီစဉ်ထားသော်လည်း သွေးတိုးသူ နှင့် သွေးအားနည်းသူ (၁၀)ဦး ပါဝင်နေ၍ (၅၁)ဦးသာ သွေးလှူဒါန်းခဲ့ကြကြောင်း သိရသည်။

သွေးလှူဒါန်းရာသို့ တာချီလိတ်ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး ပေါ်ထွန်း၊ ရေကြောင်းရဲတပ်ဖွဲ့ခွဲ(ဝမ်ပုံ)မှ ဒုတိယရဲမှူးကြီးရဲဝင်းနောင် နှင့် တာဝန်ရှိသူများတက်ရောက်ခဲ့ကြပြီးနောက် တာချီလိတ်ခရိုင် ခုတင်(၁၀၀)ဆံ့ပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာရွှေဝင်းက သွေးလှူဒါန်းခြင်းအတွက် ဂုဏ်ပြုမှတ်တမ်းလွှာပြန်လည်ပေးအပ်သည်။

၂၀၁၉ခုနှစ် အောက်တိုဘာလ(၁)ရက်နေ့တွင် ကျရောက်မည့် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့အား ကြိုဆိုဂုဏ်ပြုကာ ရဲတပ်ဖွဲ့မှ လူမှုအကျိုးပြုလုပ်ငန်းများအဖြစ် ဆက်လက်၍ စက်တင်ဘာလ(၂၁)ရက်နေ့တွင် ပြည်သူ့ဆေးရုံကြီးအတွင်း စုပေါင်းသန့်ရှင်းရေးပြုလုပ်ရန် အစီအစဉ်ရှိကြောင်းနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့အခမ်းအနားအား တာချီလိတ်တွင် ရဲဓမ္မာရုံရှိ အောင်ဇေယျခန်းမ၌ အောက်တိုဘာလ(၁)ရက်နေ့ နံနက်ပိုင်းတွင် ကျင်းပပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။

Tachileik News Agency
ဓာတ်ပုံ - ASM၊ TS

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net