မေကြးတိုင္းေဒသႀကီးအတြင္း ျမန္မာႏိုင္ငံရဲတပ္ဖဲြ႔ေန႔ကို ႀကိဳ ဆိုဂုဏ္ျပဳေသာအားျဖင့္ ရဲတပ္ဖြဲ႔၀င္(၁၁၉)ဦးက စုေပါင္းေသြးလွဴ

မေကြးတိုင္းေဒသႀကီးအတြင္း ျမန္မာႏိုင္ငံရဲတပ္ဖဲြ႔ေန႔ကို ႀကိဳ ဆိုဂုဏ္ျပဳေသာအားျဖင့္ ရဲတပ္ဖြဲ႔၀င္(၁၁၉)ဦးက စုေပါင္းေသြးလွဴ
စက်တင်ဘာ 18, 2019
By Tachileik News Agency

ျမန္မာႏိုင္ငံရဲတပ္ဖဲြ႔ေန႔အား ႀကိဳဆိုဂုဏ္ျပဳေသာအားျဖင့္ မေကြးတိုင္းေဒသႀကီးရဲတပ္ဖဲြ႔မွ ရဲတပ္ဖဲြ႔ဝင္ (၁၁၉) ဦးက စက္တင္ဘာလ(၁၈)ရက္ေန႔တြင္ မေကြးတိုင္းေဒသႀကီး ျပည္သူ႔ေဆးရံုႀကီး၌ စုေပါင္း၍ ေသြးလွဴဒါန္း ခဲ့ၾကေၾကာင္း သိရသည္။

“ျမန္မာႏိုင္ငံရဲတပ္ဖဲြ႔ရဲ႕ ရည္မွန္းခ်က္မွာပါတဲ့အတိုင္းပဲ ျပည္သူ႔အက်ိဳးျပဳလုပ္ငန္းေတြေဆာင္ရြက္တဲ့ေနရာ မွာ တပ္ဖဲြ႔ဝင္ေတြဟာ သူတို႔ရဲ႕ဆႏၵအေလွ်ာက္ ေဆးရံုႀကီးမွာ အမွန္တကယ္ေသြးလိုအပ္တဲ့လူနာေတြ အ တြက္ ေသြးရရိွႏိိုင္ေအာင္ ေအာက္တိုဘာလ(၁)ရက္ေန႔မွာက်ေရာက္မယ့္ ျမန္မာႏိုင္ငံရဲတပ္ဖဲြ႔ေန႔ကို ႀကိဳ ဆိုဂုဏ္ျပဳတဲ့အေနနဲ႔ ဒီေန႔ဒီရက္မွာ စုေပါင္းေသြးလွဴဒါန္းၾကတာျဖစ္ပါတယ္” ဟု   ဒုတိယတိုင္းရဲတပ္ဖဲြ႔မွဴး ရဲမွဴးႀကီးခင္ေမာင္လတ္ က တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

မေကြးတိုင္းေဒသႀကီးရဲတပ္ဖဲြ႔မွဴးရံုး၊ ရဲအကူတပ္ဖဲြ႔ခဲြ၊ ယာဥ္ထိန္းတပ္ဖဲြ႔ခဲြ၊ ရထားရဲတပ္ဖဲြ႔၊ သတင္းရဲတပ္ဖဲြ႔ႏွင့္ ၿမိဳ႕နယ္အသီးသီးမွ ရဲတပ္ဖဲြ႔ဝင္မ်ား အရာရိွအဆင့္(၂၆)ဦးႏွင့္ အျခားအဆင့္ (၉၃)ဦး၊ စုစုေပါင္း ရဲတပ္ဖဲြ႔ဝင္ (၁၁၉)ဦးတို႔က (၅၅)နွစ္ေျမာက္ ျမန္မာႏိုင္ငံရဲတပ္ဖဲြ႔ေန႔ကို ႀကိဳဆိုဂုဏ္ျပဳေသာအားျဖင့္ စုေပါင္းေသြးလွဴဒါန္း ၾကျခင္းျဖစ္သည္။

“ျပည္သူ႔ေဆးရံုႀကီးမွာ အမွန္တကယ္လိုအပ္ေနတဲ့ ေသြးကို အခုလို စုေပါင္းလွဴဒါန္းေပးၾကတဲ့အတြက္ အတိုင္း မသိ ေက်းဇူးတင္ပါတယ္။ အခုေခတ္မွာက ေရာဂါဘယေတြကလည္း အရမ္းထူေျပာလာတယ္။ ေသြးလွဴရွင္ တစ္ေယာက္ျဖစ္ဖို႔ဆိုတာက ကူးစက္ေရာဂါပိုးဝင္လို႔မရဘူး။ က်န္းမာရမယ္။ ဒီေတာ့ ေသြးလွဴ ျခင္းအားျဖင့္ သူတို႔သည္ က်န္းမာေသာဘဝကို သူတို႔ကိုယ္သူတို႔ တည္ေဆာက္ရေတာ့မွာျဖစ္လို႔ ေသြးကို ပံုမွန္လွဴျဖစ္ျခင္းအားျဖင့္ ျပည္သူမ်ားရဲ႕က်န္းမာေရးကို အေထာက္အကူေပးသလို မိမိကိုယ္ကိုယ္လည္း က်န္းမာေအာင္တည္ေဆာက္ၿပီးသားျဖစ္ပါတယ္။ ဒါ့ေၾကာင့္ ေသြးကို ပံုမွန္လွဴဒါန္းေပးၾကဖို႔ ဖိတ္ေခးခ်င္ပါ တယ္”ဟု ေရာဂါေဗဒဌာနႏွင့္ေသြးလွဴဘဏ္ခဲြမွ တာဝန္ခံ အထူးကုဆရာဝန္ ေဒါက္တာေက်ာ္စိုးထြန္း က ေျပာသည္။

မေကြးတိုင္းေဒသႀကီးရဲတပ္ဖဲြ႔ဝင္မ်ားက ျမန္မာႏိုင္ငံရဲတပ္ဖဲြ႔ေန႔ကို ႀကိဳဆိုဂုဏ္ျပဳေသာအားျဖင့္ စက္တင္ဘာ လ(၂၁)ရက္ေန႔တြင္လည္း မေကြးတိုင္းျပည္သူ႔ေဆးရံုႀကီးဝန္းအတြင္း တပ္ဖဲြ႔ဝင္အင္အား(၁၇၀)ဝန္းက်င္ ျဖင့္ စုေပါင္းသန္႔ရွင္းေရးေဆာင္ရြက္သြားၾကမည္ျဖစ္ေၾကာင္း သိရသည္။

Tachileik Nes Agency
သတင္း/ဓာတ္ပံု-ဖီးနစ္


~~~~~~~~⊰❂ Unicode Version ~~~~~~~~

မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့အား ကြိုဆိုဂုဏ်ပြုသောအားဖြင့် မကွေးတိုင်းဒေသကြီးရဲတပ်ဖွဲ့မှ ရဲတပ်ဖွဲ့ဝင် (၁၁၉) ဦးက စက်တင်ဘာလ(၁၈)ရက်နေ့တွင် မကွေးတိုင်းဒေသကြီး ပြည်သူ့ဆေးရုံကြီး၌ စုပေါင်း၍ သွေးလှူဒါန်း ခဲ့ကြကြောင်း သိရသည်။

“မြန်မာနိုင်ငံရဲတပ်ဖွဲ့ရဲ့ ရည်မှန်းချက်မှာပါတဲ့အတိုင်းပဲ ပြည်သူ့အကျိုးပြုလုပ်ငန်းတွေဆောင်ရွက်တဲ့နေရာ မှာ တပ်ဖွဲ့ဝင်တွေဟာ သူတို့ရဲ့ဆန္ဒအလျှောက် ဆေးရုံကြီးမှာ အမှန်တကယ်သွေးလိုအပ်တဲ့လူနာတွေ အ တွက် သွေးရရှိနိုင်အောင် အောက်တိုဘာလ(၁)ရက်နေ့မှာကျရောက်မယ့် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြို ဆိုဂုဏ်ပြုတဲ့အနေနဲ့ ဒီနေ့ဒီရက်မှာ စုပေါင်းသွေးလှူဒါန်းကြတာဖြစ်ပါတယ်” ဟု ဒုတိယတိုင်းရဲတပ်ဖွဲ့မှူး ရဲမှူးကြီးခင်မောင်လတ် က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

မကွေးတိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံး၊ ရဲအကူတပ်ဖွဲ့ခွဲ၊ ယာဉ်ထိန်းတပ်ဖွဲ့ခွဲ၊ ရထားရဲတပ်ဖွဲ့၊ သတင်းရဲတပ်ဖွဲ့နှင့် မြို့နယ်အသီးသီးမှ ရဲတပ်ဖွဲ့ဝင်များ အရာရှိအဆင့်(၂၆)ဦးနှင့် အခြားအဆင့် (၉၃)ဦး၊ စုစုပေါင်း ရဲတပ်ဖွဲ့ဝင် (၁၁၉)ဦးတို့က (၅၅)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် စုပေါင်းသွေးလှူဒါန်း ကြခြင်းဖြစ်သည်။

“ပြည်သူ့ဆေးရုံကြီးမှာ အမှန်တကယ်လိုအပ်နေတဲ့ သွေးကို အခုလို စုပေါင်းလှူဒါန်းပေးကြတဲ့အတွက် အတိုင်း မသိ ကျေးဇူးတင်ပါတယ်။ အခုခေတ်မှာက ရောဂါဘယတွေကလည်း အရမ်းထူပြောလာတယ်။ သွေးလှူရှင် တစ်ယောက်ဖြစ်ဖို့ဆိုတာက ကူးစက်ရောဂါပိုးဝင်လို့မရဘူး။ ကျန်းမာရမယ်။ ဒီတော့ သွေးလှူ ခြင်းအားဖြင့် သူတို့သည် ကျန်းမာသောဘဝကို သူတို့ကိုယ်သူတို့ တည်ဆောက်ရတော့မှာဖြစ်လို့ သွေးကို ပုံမှန်လှူဖြစ်ခြင်းအားဖြင့် ပြည်သူများရဲ့ကျန်းမာရေးကို အထောက်အကူပေးသလို မိမိကိုယ်ကိုယ်လည်း ကျန်းမာအောင်တည်ဆောက်ပြီးသားဖြစ်ပါတယ်။ ဒါ့ကြောင့် သွေးကို ပုံမှန်လှူဒါန်းပေးကြဖို့ ဖိတ်ခေးချင်ပါ တယ်”ဟု ရောဂါဗေဒဌာနနှင့်သွေးလှူဘဏ်ခွဲမှ တာဝန်ခံ အထူးကုဆရာဝန် ဒေါက်တာကျော်စိုးထွန်း က ပြောသည်။

မကွေးတိုင်းဒေသကြီးရဲတပ်ဖွဲ့ဝင်များက မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် စက်တင်ဘာ လ(၂၁)ရက်နေ့တွင်လည်း မကွေးတိုင်းပြည်သူ့ဆေးရုံကြီးဝန်းအတွင်း တပ်ဖွဲ့ဝင်အင်အား(၁၇၀)ဝန်းကျင် ဖြင့် စုပေါင်းသန့်ရှင်းရေးဆောင်ရွက်သွားကြမည်ဖြစ်ကြောင်း သိရသည်။

Tachileik Nes Agency
သတင်း/ဓာတ်ပုံ - ဖီးနစ်

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net