တာခ်ီလိတ္တြင္ က်င္းပသည့္ ကေလးစာေပပြဲေတာ္သို႔ ႏိုင္ငံေတာ္သမၼတ(ၿငိမ္း)ဦးထင္ေက်ာ္ ႏွင့္ ျပည္ေထာင္စု၀န္ႀကီးမ်ား တက္ေရာက္ဖြင့္လွစ္

တာခ်ီလိတ္တြင္ က်င္းပသည့္ ကေလးစာေပပြဲေတာ္သို႔ ႏိုင္ငံေတာ္သမၼတ(ၿငိမ္း)ဦးထင္ေက်ာ္ ႏွင့္ ျပည္ေထာင္စု၀န္ႀကီးမ်ား တက္ေရာက္ဖြင့္လွစ္
ဇွန် 25, 2019
By Tachileik News Agency

ရွမ္းျပည္နယ္ေရွ႕ပိုင္း၊ တာခ်ီလိတ္ၿမိဳ႕ရွိ အေျခခံပညာအထက္တန္းေက်ာင္း(တာခ်ီလိတ္)တြင္ ကေလးစာေပပြဲေတာ္အား က်င္းပျပဳလုပ္ရာ ပြဲေတာ္၏ ဖြင့္ပြဲအား ၂၀၁၉ခုႏွစ္ ဇြန္လ(၂၅)ရက္ေန႔ နံနက္ပိုင္းက က်င္းပျပဳလုပ္ရာတြင္ ႏိုင္ငံေတာ္သမၼတ(ၿငိမ္း)ႏွင့္ ျပည္ေထာင္စု၀န္ႀကီးမ်ား၊ ရွမ္းျပည္နယ္အစိုးရအဖြဲ႔၀င္မ်ား တက္ေရာက္ဖြင့္လွစ္ေပးခဲ့ၾကသည္။

ဖြင့္ပြဲအခမ္းအနားတြင္ ႏိုင္ငံေတာ္သမၼတ(ၿငိမ္း)ဦးထင္ေက်ာ္၊ ျပန္ၾကားေရး၀န္ႀကီးဌာန ျပည္ေထာင္စု၀န္ႀကီး ေဒါက္တာေဖျမင့္၊ ပညာေရး၀န္ႀကီးဌာန ျပည္ေထာင္စု၀န္ႀကီးေဒါက္တာမ်ိဳးသိမ္းႀကီး၊ တိုင္းရင္းသားလူမ်ိဳးေရးရာ၀န္ႀကီးဌာန ျပည္ေထာင္စု၀န္ႀကီး ဦးႏိုင္သက္လြင္၊ ရွမ္းျပည္နယ္၀န္ႀကီးခ်ဳပ္ေဒါက္တာလင္းထြဋ္၊ ရွမ္းျပည္နယ္စည္ပင္သာယာေရး၀န္ႀကီး စိုင္းစြံဆိုင္းႏွင့္ ရွမ္းျပည္နယ္ဗမာတိုင္းရင္းသားေရးရာ၀န္ႀကီး ေဒါက္တာေအာင္သန္းေမာင္တို႔က ဖဲႀကိဳးျဖတ္ဖြင့္လွစ္ေပးၿပီးေနာက္ ေရႊမဟာကိုယ္ပိုင္အထက္တန္းေက်ာင္းမွ ဘင္ခရာအဖြဲ႔ႏွင့္ ပန္းပြားအကအဖြဲ႔မ်ား ႏွင့္ ဆင္အကအဖြဲ႔တို႔က တီးမႈတ္ကခုန္ေဖ်ာ္ေျဖခဲ့ၾကသည္။

ဖြင့္ပြဲအခမ္းအနား ဒုတိယပိုင္းအစီအစဥ္ကို ခန္းမတြင္ ဆက္လက္က်င္းပရာ အေျခခံပညာေက်ာင္းမ်ားမွ ေက်ာင္းသား၊ ေက်ာင္းသူမ်ားမွ ကေလးစာေပပြဲေတာ္သီခ်င္းျဖင့္ ဖြင့္လွစ္ၿပီး ႏိုင္ငံေတာ္သမၼတ(ၿငိမ္း)ႏွင့္ ျပည္ေထာင္စု၀န္ႀကီး (၃) ဦးမွ အဖြင့္အမွာစကားေျပာၾကားခဲ့ၿပီး ရွမ္းျပည္နယ္၀န္ႀကီးခ်ဳပ္မွ ေက်းဇူးတင္စကားျပန္လည္ေျပာၾကားသည္။

ယင္းေနာက္ ရွမ္းတိုင္းရင္းသားယဥ္ေက်းမႈအဖြဲ႕မွ ရွမ္းရိုးရာအကျဖင့္ လည္းေကာင္း၊ အာခါတိုင္းရင္းသားယဥ္ေက်းမႈအဖြဲ႕မွ အာခါရိုးရာအကျဖင့္ လည္းေကာင္း၊ လားဟူတိုင္းရင္းသားယဥ္ေက်းမႈအဖြဲ႕မွ လားဟူရိုးရာအကျဖင့္ လည္းေကာင္း ကျပေဖ်ာ္ေျဖခဲ့ၾကေၾကာင္း သိရသည္။

ဖြင့္ပြဲအခမ္းအနားအၿပီးတြင္ ႏိုင္ငံေတာ္သမၼတ(ၿငိမ္း)ႏွင့္ အဖြဲ႕က ကေလးစာေပပြဲေတာ္တြင္ ျပသထားသည့္ပညာေရးျပခန္းမ်ား၊ တိုင္းရင္းသားရိုးရာ ျပခန္းမ်ား၊ သုတျပခန္းမ်ား ႏွင့္ ဌာနဆိုင္ရာျပခန္းမ်ား အျပင္ စာေပေဟာေျပာပြဲ က်င္းပေနမႈမ်ားကို လွည့္လည္ၾကည့္ရႈခဲ့ေၾကာင္း သိရသည္။

တာခ်ီလိတ္တြင္ က်င္းပျပဳလုပ္သည့္ ကေလးစာေပပြဲေတာ္အား ျပန္ၾကားေရးႏွင့္ျပည္သူ႔ဆက္ဆံေရးဦးစီးဌာန၊ အေျခခံပညာဦးစီးဌာနႏွင့္ တာခ်ီလိတ္ခရိုင္စီမံခန္႔ခြဲမႈေကာ္မတီတို႔ ပူးေပါင္းက်င္းပျခင္း ျဖစ္ၿပီး ေဒသေန ေစတနာရွင္အလွဴရွင္မ်ား၏ စုေပါင္းပါ၀င္ကူညီမႈမ်ားျဖင့္ က်င္းပျခင္း ျဖစ္ေၾကာင္း သိရသည္။

အဆိုပါ ပြဲေတာ္ ျပင္ဆင္ေရးႏွင့္ ပြဲေတာ္ကာလအတြင္း ျပခန္းႏွင့္ၿပိဳင္ပြဲမ်ားအတြက္ ျပန္ၾကားေရးႏွင့္ျပည္သူ႔ဆက္ဆံေရးဦးစီးဌာန၏ ျပည္နယ္တြဲဖက္(က်ဳိင္းတံု)ရံုးမွ ၀န္ထမ္းမ်ား၊ က်ဳိင္းတံုခရိုင္၊ မိုင္းဆတ္ခရိုင္ ႏွင့္ တာခ်ီလိတ္ခရိုင္အတြင္းတို႔ရွိ ျပန္/ဆက္၀န္ထမ္းမ်ားအားလံုး လာေရာက္၍ အားျဖည့္ေဆာင္ရြက္ၾကျခင္းျဖစ္ၿပီး တာခ်ီလိတ္ၿမိဳ႕နယ္တြင္းရွိ ပညာေရး၀န္ထမ္းမ်ားျဖင့္လည္း အားျဖည့္ေဆာင္ရြက္ၾကျခင္းလည္းျဖစ္ေၾကာင္း သိရသည္။

အဆိုပါ ပြဲေတာ္အား ၂၀၁၉ခုႏွစ္ ဇြန္လ(၂၅)ရက္ေန႔မွ ဇြန္လ(၂၆)ရက္ေန႔အထိ နံနက္(၉)နာရီမွ ညေန(၅)နာရီ အထိ က်င္းပျပဳလုပ္သြားမည္ျဖစ္ၿပီး ပြဲေတာ္သို႔ ကေလးမ်ားအျပင္ ေက်ာင္းသားမိဘမ်ားႏွင့္ မည္သူမဆို လာေရာက္ေလ့လာကာ စာအုပ္စာေပမ်ားကိုလည္း ၀ယ္ယူႏိုင္ေၾကာင္း သိရသည္။

Tachileik News Agency


~~~~~~~~⊰❂ Unicode Version ~~~~~~~~

ရှမ်းပြည်နယ်ရှေ့ပိုင်း၊ တာချီလိတ်မြို့ရှိ အခြေခံပညာအထက်တန်းကျောင်း(တာချီလိတ်)တွင် ကလေးစာပေပွဲတော်အား ကျင်းပပြုလုပ်ရာ ပွဲတော်၏ ဖွင့်ပွဲအား ၂၀၁၉ခုနှစ် ဇွန်လ(၂၅)ရက်နေ့ နံနက်ပိုင်းက ကျင်းပပြုလုပ်ရာတွင် နိုင်ငံတော်သမ္မတ(ငြိမ်း)နှင့် ပြည်ထောင်စုဝန်ကြီးများ၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင်များ တက်ရောက်ဖွင့်လှစ်ပေးခဲ့ကြသည်။

ဖွင့်ပွဲအခမ်းအနားတွင် နိုင်ငံတော်သမ္မတ(ငြိမ်း)ဦးထင်ကျော်၊ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖမြေင့်၊ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာမျိုးသိမ်းကြီး၊ တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးနိုင်သက်လွင်၊ ရှမ်းပြည်နယ်ဝန်ကြီးချုပ်ဒေါက်တာလင်းထွဋ်၊ ရှမ်းပြည်နယ်စည်ပင်သာယာရေးဝန်ကြီး စိုင်းစွံဆိုင်းနှင့် ရှမ်းပြည်နယ်ဗမာတိုင်းရင်းသားရေးရာဝန်ကြီး ဒေါက်တာအောင်သန်းမောင်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီးနောက် ရွှေမဟာကိုယ်ပိုင်အထက်တန်းကျောင်းမှ ဘင်ခရာအဖွဲ့နှင့် ပန်းပွားအကအဖွဲ့များ နှင့် ဆင်အကအဖွဲ့တို့က တီးမှုတ်ကခုန်ဖျော်ဖြေခဲ့ကြသည်။

ဖွင့်ပွဲအခမ်းအနား ဒုတိယပိုင်းအစီအစဉ်ကို ခန်းမတွင် ဆက်လက်ကျင်းပရာ အခြေခံပညာကျောင်းများမှ ကျောင်းသား၊ ကျောင်းသူများမှ ကလေးစာပေပွဲတော်သီချင်းဖြင့် ဖွင့်လှစ်ပြီး နိုင်ငံတော်သမ္မတ(ငြိမ်း)နှင့် ပြည်ထောင်စုဝန်ကြီး (၃) ဦးမှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး ရှမ်းပြည်နယ်ဝန်ကြီးချုပ်မှ ကျေးဇူးတင်စကားပြန်လည်ပြောကြားသည်။

ယင်းနောက် ရှမ်းတိုင်းရင်းသားယဉ်ကျေးမှုအဖွဲ့မှ ရှမ်းရိုးရာအကဖြင့် လည်းကောင်း၊ အာခါတိုင်းရင်းသားယဉ်ကျေးမှုအဖွဲ့မှ အာခါရိုးရာအကဖြင့် လည်းကောင်း၊ လားဟူတိုင်းရင်းသားယဉ်ကျေးမှုအဖွဲ့မှ လားဟူရိုးရာအကဖြင့် လည်းကောင်း ကပြဖျော်ဖြေခဲ့ကြကြောင်း သိရသည်။

ဖွင့်ပွဲအခမ်းအနားအပြီးတွင် နိုင်ငံတော်သမ္မတ(ငြိမ်း)နှင့် အဖွဲ့က ကလေးစာပေပွဲတော်တွင် ပြသထားသည့်ပညာရေးပြခန်းများ၊ တိုင်းရင်းသားရိုးရာ ပြခန်းများ၊ သုတပြခန်းများ နှင့် ဌာနဆိုင်ရာပြခန်းများ အပြင် စာပေဟောပြောပွဲ ကျင်းပနေမှုများကို လှည့်လည်ကြည့်ရှုခဲ့ကြောင်း သိရသည်။

တာချီလိတ်တွင် ကျင်းပပြုလုပ်သည့် ကလေးစာပေပွဲတော်အား ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနနှင့် တာချီလိတ်ခရိုင်စီမံခန့်ခွဲမှုကော်မတီတို့ ပူးပေါင်းကျင်းပခြင်း ဖြစ်ပြီး ဒေသနေ စေတနာရှင်အလှူရှင်များ၏ စုပေါင်းပါဝင်ကူညီမှုများဖြင့် ကျင်းပခြင်း ဖြစ်ကြောင်း သိရသည်။

အဆိုပါ ပွဲတော် ပြင်ဆင်ရေးနှင့် ပွဲတော်ကာလအတွင်း ပြခန်းနှင့်ပြိုင်ပွဲများအတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၏ ပြည်နယ်တွဲဖက်(ကျိုင်းတုံ)ရုံးမှ ဝန်ထမ်းများ၊ ကျိုင်းတုံခရိုင်၊ မိုင်းဆတ်ခရိုင် နှင့် တာချီလိတ်ခရိုင်အတွင်းတို့ရှိ ပြန်/ဆက်ဝန်ထမ်းများအားလုံး လာရောက်၍ အားဖြည့်ဆောင်ရွက်ကြခြင်းဖြစ်ပြီး တာချီလိတ်မြို့နယ်တွင်းရှိ ပညာရေးဝန်ထမ်းများဖြင့်လည်း အားဖြည့်ဆောင်ရွက်ကြခြင်းလည်းဖြစ်ကြောင်း သိရသည်။

အဆိုပါ ပွဲတော်အား ၂၀၁၉ခုနှစ် ဇွန်လ(၂၅)ရက်နေ့မှ ဇွန်လ(၂၆)ရက်နေ့အထိ နံနက်(၉)နာရီမှ ညနေ(၅)နာရီ အထိ ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး ပွဲတော်သို့ ကလေးများအပြင် ကျောင်းသားမိဘများနှင့် မည်သူမဆို လာရောက်လေ့လာကာ စာအုပ်စာပေများကိုလည်း ဝယ်ယူနိုင်ကြောင်း သိရသည်။

Tachileik News Agency

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net