COVID -19 ရောဂါဖြစ်ပွားလာပါက ကုသနိုင်ရန် ကုသရေးပစ္စည်းများနှင့် လူနာထားရှိရန်နေရာများ လွိုင်ကော်ပြည်သူ့ဆေးရုံကြီးတွင်ပြင်ဆင်ထားရှိ

COVID -19 ရောဂါဖြစ်ပွားလာပါက ကုသနိုင်ရန် ကုသရေးပစ္စည်းများနှင့် လူနာထားရှိရန်နေရာများ လွိုင်ကော်ပြည်သူ့ဆေးရုံကြီးတွင်ပြင်ဆင်ထားရှိ
မတ် 24, 2020
By 🌸

COVID -19 ရောဂါဖြစ်ပွားလာပါက ကုသနိုင်ရန် ကုသရေးပစ္စည်းများနှင့် လူနာထားရှိရန်နေရာများ လွိုင်ကော်ပြည်သူ့ဆေးရုံကြီးတွင်ပြင်ဆင်ထားရှိ

ကယားပြည်နယ်တွင် COVID -19 ရောဂါဖြစ်ပွားလာပါက ကုသနိုင်ရန် ကုသရေးပစ္စည်းများနှင့် လူနာထားရှိရန်နေရာများအား လွိုင်ကော်ပြည်သူ့ဆေးရုံကြီးတွင် ကြိုတင်ပြင်ဆင်ထားရှိကြောင်းသိရသည်။

လတ်တလောတွင် ကယားပြည်နယ်သို့ ပြည်ပမှပြန်လည်ဝင်ရောက်လာသူအများအပြားရှိနေပြီး ရောဂါဖြစ်ပွားလာပါက ချက်ချင်းစောင့်ရှောက်ကုသပေးနိုင်ရန် လွိုင်ကော်ပြည်သူ့ဆေးရုံကြီးတွင် ပြည်နယ်အစိုးရ၏ ထောက်ပံ့မှုဖြင့်ပြင်ဆင်ထားရှိကြောင်း ကယားပြည်နယ်ကုသရေးနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာဌေးလွင်ကပြောသည်။

"လောလောဆယ် လူနာငါးယောက်ပဲရှိပေမဲ့ လက်ရှိဒီမှာပြင်ဆင်ထားပြီးသား ကုတင်က(၂၅)လုံးရယ် အရေးပေါ်ကုသဖို့အတွက် (၈)လုံးရယ် (၃၃)လုံးရှိတဲ့အပြင်နောက်ထပ် ကုတင်အလုံး(၆၀)စာအခန်းတွေကို ပြင်ဆင်ထားပါတယ်။ ဒါက ကျွန်တော်တို့ပြည်နယ်အစိုးရအဖွဲ့ရဲ့ ပံ့ပိုးငွေ သိန်း(၉၇၃)သိန်း ကျန်တဲ့ဆေးပစ္စည်းတွေ ဝယ်နိုင်ဖို့အတွက် အမြန်ဆုံးဆောင်ရွက်နေတာဖြစ်ပါတယ် ။ "ဟု ကယားပြည်နယ်ကုသရေးနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာဌေးလွင်က ၂၀၂၀ ခုနှစ်၊ မတ်လ (၂၃)ရက်နေ့တွင် ပြောသည်။

COVID -19 ရောဂါဖြစ်ပွားလာပါက လူနာများထားရှိရန်  လွိုင်ကော်ဆေးရုံကြီး ကုသဆောင်ဟောင်း၏ အပေါ်ထပ်နှင့် အောက်ထပ်အခန်းများအား ပြန်လည်ပြုပြင်၍ ကုတင်များထား ရှိမှာဖြစ်ပြီး ကုသရေးအတွက်လိုအပ်သည့်  PPE ဝတ်စုံ (၂၄၈)စုံ၊ နှာခေါင်းစည်း N95 Mask ( ၉၀၀၂) ခု နှင့် Surgicall Mask (၁၅၄၉၀)ခု၊ Hand Gel (၅၉၇)ခု ၊ အဖျားတိုင်းကိရိယာ Infrared Thermometer (၉)ခု  တို့အားရောဂါကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများအတွက် ပြင်ဆင်ထားရှိကြောင်းသိရသည်။

" ဒီလိုသံသယ လူနာတွေရောက်လာတာနဲ့ ဆေးရုံကိုဝင်တာနဲ့ ရီဆက်ရှင်ဝန်ထမ်းတွေကစပြီး ကုသရေးဆိုင်ရာ သမားတော်ကြီးတွေကလည်း လမ်းကြောင်းတွေသတ်မှတ်ထားတယ် ။သံသယလူနာတွေကိုလည်းဘယ်လိုစပြီး ကုသရမလဲဆိုတာတွေကိုလည်းသတ်မှတ်ထားတယ် "ဟု လွိုင်ကော်ပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာ ဒေါ်ခင်စန်းမြင့်ကပြောသည်။

COVID -19 ရောဂါဖြစ်ပွားလာပါက လွိုင်ကော်ပြည်သူ့ဆေးရုံကြီးတွင် လူနာများအားသီးခြားခွဲ၍ ကုသရန်နှင့် သံသယလူနာများအား စောင့်ကြည့်ကုသနိုင်ရန် လိုအပ်သည့် ခန်းမပြင်ဆင်ခြင်း ၊ ကုတင်နှင့်မွှေ့ယာများ ၊ အောက်ဆီဂျင်အိုး ၊သွေးပေါင်ချိန်နားကြပ် ၊ လူနာစောင့်ကြပ်ကြည့်ရှုသည့်စက် ၊ အပူချိန်တိုင်းကိရိယာများ ၊ အသက်ရှူအထောက်အကူပြုစက် နှင့် COVID -19ရောဂါ လူနာများအတွက် (၁၀)ဦးစာအရေးပေါ်ဆေးဝါးများ ဝယ်ယူထားရှိရန် ကယားပြည်နယ်အစိုးရအဖွဲ့မှ (၉၇၃)သိန်းအား ကူညီထောက်ပံ့ပေးထားကြောင်းသိရသည်။

Tachileik News Agency
သတင်း ဆန်းဖြိုးထွန်း 


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~