ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်မြို့တွင် စာပေဟောပြောပွဲ ကျင်းပပြုလုပ်မည်

ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်မြို့တွင် စာပေဟောပြောပွဲ ကျင်းပပြုလုပ်မည်
ဇူလိုင် 21, 2019
By Tachileik News Agency

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်မြို့တွင် စာပေချစ်မြတ်နိုးသူများနှင့် ဒေသခံပြည်သူများစုပေါင်း၍ စာရေးဆရာ(၃)ဦးဖြင့် စာပေဟောပြောပွဲအား ၂၀၁၉ခုနှစ် သြဂုတ်လ(၁၉)ရက်နေ့တွင် ကျင်းပပြုလုပ်ရန် စီစဉ်ထားရှိပြီး ရန်ပုံငွေနည်းနေသေး၍ ပါဝင်ပံ့ပိုးလိုသူများအနေဖြင့် ပါဝင်ကူညီနိုင်ကြောင်း သိရသည်။



စာပေဟောပြောပွဲအတွက် ကုန်ကျမှုများရှိမည်ဖြစ်၍ လက်ရှိ ရန်ပုံငွေအနေအထားအရ ပါဝင်ပံ့ပိုးသူများ၏ အကူအညီများလိုနေခြင်းကြောင့် ပါဝင်ကူညီ လှူဒါန်းလိုသူများအနေဖြင့်  ဒေါ်မြစန်းရီ ( ၀၉၂၅၀၈၄၀၅၉၉ )၊ ဦးငွေထွန်း ( ၀၉၄၂၈၂၁၉၁၀၇ )၊ ဦးစိုင်းနောင့် ( ၀၉၄၂၈၂၃၃၉၉၃ )၊ ဒေါ်နန်းခမ်းလွမ်း ( ၀၉၂၅၀၁၃၁၉၉၅ ) နှင့် ဒေါ်ဝင်းဝင်းဇင် (၀၉၄၅၈၀၃၂၄၃၁ )တို့၏ ဖုန်းများသို့ ဆက်သွယ်စုံစမ်းကာ လှူဒါန်းနိုင်ကြောင်း သိရသည်။

မိုင်းဆတ်မြို့တွင် ကျင်းပပြုလုပ်မည့် စာပေဟောပြောပွဲအတွက် မိုင်းဆတ်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးငြိမ်းထွေး နှင့် စာပေချစ်မြတ်နိုးသူများတို့ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ Community Center ခန်းမတွင် ဇူလိုင်လ(၁၅)ရက်နေ့က တွေ့ဆုံ အစည်းအဝေးပြုလုပ်ကာ ဆုံးဖြတ်ခဲ့ကြခြင်း ဖြစ်ပြီး မိုင်းဆတ်မြို့တွင် စာပေဟောပြောပွဲ မကျင်းပနိုင်ခဲ့သည်မှ (၅)နှစ်ဝန်းကျင်ရှိပြီဖြစ်ကြောင်းလည်း သိရှိရသည်။

Tachileik News Agency


~~~~~~~~⊰❂ Unicode Version ~~~~~~~~

 ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်မြို့တွင် စာပေချစ်မြတ်နိုးသူများနှင့် ဒေသခံပြည်သူများစုပေါင်း၍ စာရေးဆရာ(၃)ဦးဖြင့် စာပေဟောပြောပွဲအား ၂၀၁၉ခုနှစ် သြဂုတ်လ(၁၉)ရက်နေ့တွင် ကျင်းပပြုလုပ်ရန် စီစဉ်ထားရှိပြီး ရန်ပုံငွေနည်းနေသေး၍ ပါဝင်ပံ့ပိုးလိုသူများအနဖြေင့် ပါဝင်ကူညီနိုင်ကြောင်း သိရသည်။

"လောလောဆယ်က ဆရာ မြင်းမူမောင်နိုင်မိုး နဲ့ ဆရာမကြီးမိုးပန်းမွန်တို့ကို ဆက်သွယ်ထားပြီးပြီ ဆရာ ဦးဘုန်း(ဓာတု)ကိုတော့ ဆက်သွယ်လို့ မရသေးဘူးဖြစ်နေတယ်၊ တဆင့်တော့ ဆက်သွယ်နေပါတယ်"ဟု စာပေဟောပြောပွဲ ကျင်းပပြုလုပ်မည့်အဖွဲ့မှ မိုင်းဆတ်ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၏ ဦးစီးမှူး ဦးသန်းဇော်ဦးက ပြောသည်။

စာရေးဆရာများဖြစ်သည့် မြင်းမူမောင်နိုင်မိုး၊ ဆရာဦးဘုန်း(ဓာတု)နှင့် မိုးပန်းမွန်(ရာမည)တို့မှ လာရောက်၍ ၂၀၁၉ခုနှစ် သြဂုတ်လ(၁၉)ရက်နေ့ နံနက်ပိုင်းတွင် မိုင်းဆတ်မြို့ရှိ မိုးလုံလေလုံအားကစားရုံ၌ ကျောင်းသား ကျောင်းသူများအား လည်းကောင်း၊ ညပိုင်းတွင် ဒေသခံပြည်သူ စာပေချစ်မြတ်နိုးသူများအားလည်းကောင်း ဟောပြောရန် စီစဉ်ထားခြင်းဖြစ်ကြောင်း သိရသည်။

စာပေဟောပြောပွဲအတွက် ကုန်ကျမှုများရှိမည်ဖြစ်၍ လက်ရှိ ရန်ပုံငွေအနေအထားအရ ပါဝင်ပံ့ပိုးသူများ၏ အကူအညီများလိုနခြေင်းကြောင့် ပါဝင်ကူညီ လှူဒါန်းလိုသူများအနဖြေင့် ဒေါ်မြစန်းရီ ( ဝ၉၂၅၀၈၄၀၅၉၉ )၊ ဦးငွေထွန်း ( ဝ၉၄၂၈၂၁၉၁၀၇ )၊ ဦးစိုင်းနောင့် ( ဝ၉၄၂၈၂၃၃၉၉၃ )၊ ဒေါ်နန်းခမ်းလွမ်း ( ဝ၉၂၅၀၁၃၁၉၉၅ ) နှင့် ဒေါ်ဝင်းဝင်းဇင် (ဝ၉၄၅၈၀၃၂၄၃၁ )တို့၏ ဖုန်းများသို့ ဆက်သွယ်စုံစမ်းကာ လှူဒါန်းနိုင်ကြောင်း သိရသည်။

မိုင်းဆတ်မြို့တွင် ကျင်းပပြုလုပ်မည့် စာပေဟောပြောပွဲအတွက် မိုင်းဆတ်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးငြိမ်းထွေး နှင့် စာပေချစ်မြတ်နိုးသူများတို့ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ Community Center ခန်းမတွင် ဇူလိုင်လ(၁၅)ရက်နေ့က တွေ့ဆုံ အစည်းအေဝးပြုလုပ်ကာ ဆုံးဖြတ်ခဲ့ကြခြင်း ဖြစ်ပြီး မိုင်းဆတ်မြို့တွင် စာပေဟောပြောပွဲ မကျင်းပနိုင်ခဲ့သည်မှ (၅)နှစ်ဝန်းကျင်ရှိပြီဖြစ်ကြောင်းလည်း သိရှိရသည်။

Tachileik News Agency

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net