တာချီလိတ်မြို့တွင်းသို့ ခိုးဝင်လာသည့် တရုတ်နိုင်ငံသား (၈)ဦးနှင့် ပို့ဆောင်ပေးသူ မြန်မာနိုင်ငံသား (၄)ဦးတို့ကို ဖမ်းဆီးအရေးယူ

တာချီလိတ်မြို့တွင်းသို့ ခိုးဝင်လာသည့် တရုတ်နိုင်ငံသား (၈)ဦးနှင့် ပို့ဆောင်ပေးသူ မြန်မာနိုင်ငံသား (၄)ဦးတို့ကို ဖမ်းဆီးအရေးယူ
နိုဝင်ဘာ 18, 2020
By Tachileik News Agency
တာချီလိတ်မြို့တွင်းသို့ ခိုးဝင်လာသည့် တရုတ်နိုင်ငံသား (၈)ဦးနှင့် ပို့ဆောင်ပေးသူ မြန်မာနိုင်ငံသား (၄)ဦးတို့ကို ဖမ်းဆီးအရေးယူ
တာချီလိတ်မြို့အတွင်းသို့ မယ်ယန်းကျန်းမာရေးစစ်ဆေးရေးစခန်းကို ရှောင်ကွင်းပြီး တရားမဝင် ဝင်ရောက်လာသည့် တရုတ်နိုင်ငံသား (၈) ဦးနှင့် ပို့ဆောင်ပေးသူ မြန်မာနိုင်ငံသား (၄) ဦးကို အမှုဖွင့်အရေးယူ
မြန်မာ - ထိုင်းနယ်စပ်ဒေသ တာချီလိတ်မြို့အတွင်းသို့ ကျိုင်းလပ်မြို့ဘက်မှလာရောက်ပြီး မယ်ယန်း Covid-19 ကျန်းမာရေးစစ်ဆေးရေးစခန်းကို ရှောင်ကွင်းကာ တရားမဝင် ဝင်ရောက်လာသည့် တရုတ်နိုင်ငံသား (၈) ဦးနှင့် ပို့ဆောင်ပေးသူ မြန်မာနိုင်ငံသား (၄) ဦးကို လူဝင်မှုကြီးကြပ်ရေးဥပဒေပုဒ်မမျာဒဖြင့် အမှုဖွင့်အရေးယူထားကြောင်း သိရသည်။
၂၀၂၀ ခုနှစ် နိုဝင်ဘာလ (၁၇) ရက်နေ့ မနက် (၈) နာရီခန့်တွင် မယ်ယန်းပူးပေါင်းစစ်စေးရေးဂိတ် (ဝမ်ကောင်းမွန်- မယ်ဟုတ်ကွင်းရှောင်လမ်းတွင်) ကျိုင်းလပ်၊ တာလေဘက်မှ တာချီလိတ်မြို့တွင်းဘက်သို့ မောင်းနှင်ဝင်ရောက်လာသည့် မော်တော်ယာဉ် (၃) စီးကိုရပ်တန့်ရှာဖွေရာမှ တရုတ်နိုင်ငံသား (၈) ဦးနှင့် လိုက်ပါပို့ဆောင်ပေးသည့် မြန်မာနိုင်ငံသား (၄) ဦးကို ဖမ်းစီးရမိခဲ့ကြောင်း သိရသည်။
တရုတ်နိုင်ငံသား (၇) ဦးနှင့် တရုတ်နိုင်ငံသူ (၁) ဦးကို စစ်ဆေးရာတွင် လွန်ခဲ့သော (၁၀) ရက်ခန့်က လူမှုကွန်ရက်စာမျက်နှာတွင် အလုပ်အကိုင်ရရှိမည်ဟု ခေါ်ယူသဖြင့် တရုတ်နိုင်ငံ ယူနန်ပြည်နယ် ဆစ်ဆောင်ပန်းနားမြို့မှ တဆင့် မော်တော်ယာဉ်ဖြင့် လည်းကောင်း၊ တောလမ်းခရီးအချို့ကို လမ်းလျောက်၍ လည်းကောင်း၊ မဲခေါင်မြစ်အတိုင်း သင်္ဘောစီးပြီး ကျိုင်းလပ်မြို့ရှိ ပါးလျှိုးရွာရေဆိပ်သို့ နိုဝင်ဘာ (၁၇) ရက်နေ့မနက်ပိုင်းတွင်ရောက်ရှိခဲ့ပြီး တာချီလိတ်မြို့သို့ လာရောက်စဉ် ဖမ်းစီးခံရခြင်းဖြစ်ကြောင်း သိရသည်။
လိုက်ပါပို့ဆောင်ပေးသူ မြန်မာနိုင်ငံသား (၄)ဦးကို စစ်ဆေးရာတွင် အမည်မသိလူတစ်ဦးမှ တယ်လီဖုန်းဖြင့်ဆက်သွယ်ခဲ့ပြီး ကျိုင်းလပ်မြို့ ပါလျှိုးရွာရေဆိပ်မှတဆင့် တာချီလိတ်မြို့သို့ တရုတ်နိုင်ငံသားတစ်ဦးလျှင် ယွမ် (၅၀၀) ဖြင့် ပို့ဆောင်ပေးရန်ပြောဆိုလာသဖြင့် သွားရောက်ခေါ်ဆောင်ပြီး တာချီလိတ်မြို့သို့ လာရောက်စဉ် ဖမ်းစီးခံရခြင်းဖြစ်ကြောင်း သိရသည်။
ဖမ်းဆီးရမိသူများကို မယ်ယန်း Covid-19 ကျန်းမာရေးစစ်ဆေးရေးစခန်းသို့ ပို့ဆောင်ပြီး Covid-19 စစ်ဆေးရာ အားလုံးတွင် ပိုးမတွေ့ရကြောင်း သိရသည်။
တာချီလိတ်မြို့တွင်းသို့ တရားမဝင် ဝင်ရောက်လာသည့် တရုတ်နိုင်ငံသား (၈) ဦးကို ၁၉၄၇ ခုနှစ်၊ လူဝင်မှုကြီးကြပ်ရေး အက်ဥပဒေပုဒ်မ ၃(၁)ကျူး ၁၃(၁) အရလည်းကောင်း၊ ကူညီဆောင်ရွက်ပေးသည့် မြန်မာနိုင်ငံသား (၄) ဦးကို ယင်းအက်ဥပဒေပုဒ်မ ၁၃(၅) အရလည်းကောင်း အမှုဖွင့်အရေးယူထားကြောင်း သိရသည်။
Tachileik News Agency
 


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~