သိန္နီဘက်သို့ စစ်ကူလာသည့် စစ်ကောင်စီတပ်ကို TNLA ကြားဖြတ်တိုက်ခိုက်ရာ ကားတစ်စီးပျက်စီးပြီး တပ်ကြပ်ကြီးတစ်ဦးဖမ်းမိ

သိန္နီဘက်သို့ စစ်ကူလာသည့် စစ်ကောင်စီတပ်ကို TNLA ကြားဖြတ်တိုက်ခိုက်ရာ ကားတစ်စီးပျက်စီးပြီး တပ်ကြပ်ကြီးတစ်ဦးဖမ်းမိ
နိုဝင်ဘာ 13, 2023 | 2021 Military Coup| ရှမ်းမြောက်

ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့အခြေစိုက် စစ်ကောင်စီတပ်မှ သိန္နီဘက် (၁၂)မိုင်သို့ စစ်ကူပို့သည့် စစ်ကောင်စီယာဉ်တန်းကို တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA)က ကြားဖြတ်တိုက်ခိုက်ခဲ့ရာ ကားတစ်စီးပျက်စီးပြီး စစ်ကောင်စီတပ်ကြပ်ကြီးတစ်ဦးကို ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ယမန်နေ့ ၂၀၂၃ခုနှစ် နိုဝင်ဘာလ (၁၂)ရက်နေ့က စစ်ကောင်စီတပ်ဖွဲ့၏ အဆိုပါစစ်ကူယာဉ်ကို TNLAမှ ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်ကားတစ်စီးပျက်စီးပြီး စစ်ကောင်စီတပ်မှ တပ်ကြပ်ကြီးအဆင့်တစ်ဦးအားဖမ်းမိကာ လက်နက် (၂)လက်ကို သိမ်းဆည်းရရှိခဲ့ခြင်းဖြစ်သည်။

#TachileikNewsAgency

Photo : News & Information Department