တာခ်ီလိတ္ၿမိဳ႕တြင္ ဆိုင္ကယ္ခိုးလာသူ လူငယ္ႏွစ္ဦးအား ဆိုင္ကယ္ႏွင့္အတူ ဖမ္းဆီးရမိ

တာခ်ီလိတ္ၿမိဳ႕တြင္ ဆိုင္ကယ္ခိုးလာသူ လူငယ္ႏွစ္ဦးအား ဆိုင္ကယ္ႏွင့္အတူ ဖမ္းဆီးရမိ
ဇူလိုင် 22, 2019
By Tachileik News Agency

ျမန္မာ - ထိုင္းနယ္စပ္ေဒသ၊ တာခ်ီလိတ္ၿမိဳ႕တြင္ ၂၀၁၉ ခုႏွစ္၊ ဇူလုိင္လ (၂၂)ရက္ေန႔ နံနက္ပိုင္းက ဆုိင္ကယ္တစ္စီး ခုိးယူလာသည့္ လူငယ္(၂)ဦးကို ဆိုင္ကယ္ႏွင့္အတူ ဖမ္းဆီးရမိထားေၾကာင္း သိရသည္။

“လွည့္ကင္းပတ္ရင္းနဲ႔ေပါ့။ ဆိုင္ကယ္စီးလာတာေတြ႔ေတာ့ မသကၤာတာနဲ႔ စစ္ေဆးတာ ပိုင္ဆိုင္မႈ မျပႏိုင္ဘူး။ ဆန္ဆိုင္းထဲက ဝန္ထမ္းအိမ္ယာက တြန္ၿပီး းခိုးလာတယ္ေျပာတယ္။ ဆိုင္ကယ္ပိုင္႐ွင္ေတာ့စံုစမ္းေနတုန္း”ဟု တာခ်ီလိတ္ၿမိဳ႕မရဲစခန္းမွ နယ္ထိန္းေခါင္းေဆာင္ ဒုရဲအုပ္ေက်ာ္ေဇယ်က တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

နံနက္ (၁၁)နာရီေက်ာ္က ဆန္ဆိုင္း(ခ)ရပ္ကြက္၊ ထြန္းလင္းေအာင္လမ္းသြယ္ၾကားတြင္ ဗိုလ္ခ်ဳပ္လမ္းဘက္မွ Wave I 110 ျဖဴ/ျပာၾကားဆုိင္ကယ္တစ္စီး ေမာင္းႏွင္လာသည့္ ဟိစေတ(ခ)လဝ (ခ)မီးသတ္ႏွင့္ မ်ိဳးလိႈင္ကို (ခ) အငယ္ေကာင္တို႔အား ရပ္တန္႔စစ္ေဆးရာမွ ဆုိင္ကယ္အား ခိုးယူလာသည္ကို စစ္ေဆးေတြ႔ရိွရျခင္းျဖစ္ေၾကာင္း သိရသည္။

ဟိစေတ(ခ)လဝ (ခ)မီးသတ္ႏွင့္ မ်ိဳးလိႈင္ကို (ခ) အငယ္ေကာင္တို႔အား တာခ်ီလိတ္ၿမိဳ႕မရဲစခန္းတြင္ (ပ) ၃၉၉၊/၁၉၊ ရာဇသတ္ႀကီးပုဒ္မ ၃၇၉/၅၄ (ဆိုင္ကယ္)ျဖင့္ အမႈဖြင့္ထားေၾကာင္း သိရသည္။

Tachileik News Agency


~~~~~~~~⊰❂ Unicode Version ~~~~~~~~

မြန်မာ - ထိုင်းနယ်စပ်ဒေသ၊ တာချီလိတ်မြို့တွင် ၂၀၁၉ ခုနှစ်၊ ဇူလိုင်လ (၂၂)ရက်နေ့ နံနက်ပိုင်းက ဆိုင်ကယ်တစ်စီး ခိုးယူလာသည့် လူငယ်(၂)ဦးကို ဆိုင်ကယ်နှင့်အတူ ဖမ်းဆီးရမိထားကြောင်း သိရသည်။

“လှည့်ကင်းပတ်ရင်းနဲ့ပေါ့။ ဆိုင်ကယ်စီးလာတာတွေ့တော့ မသင်္ကာတာနဲ့ စစ်ဆေးတာ ပိုင်ဆိုင်မှု မပြနိုင်ဘူး။ ဆန်ဆိုင်းထဲက ဝန်ထမ်းအိမ်ယာက တွန်ပြီးခိုးလာတယ်ပြောတယ်။ ဆိုင်ကယ်ပိုင်ရှင်တော့စုံစမ်းနေတုန်း”ဟု တာချီလိတ်မြို့မရဲစခန်းမှ နယ်ထိန်းခေါင်းဆောင် ဒုရဲအုပ်ကျော်ဇေယျက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

နံနက် (၁၁)နာရီကျော်က ဆန်ဆိုင်း(ခ)ရပ်ကွက်၊ ထွန်းလင်းအောင်လမ်းသွယ်ကြားတွင် ဗိုလ်ချုပ်လမ်းဘက်မှ Wave I 110 ဖြူ/ပြာကြားဆိုင်ကယ်တစ်စီး မောင်းနှင်လာသည့် ဟိစတေ(ခ)လဝ (ခ)မီးသတ်နှင့် မျိုးလှိုင်ကို (ခ) အငယ်ကောင်တို့အား ရပ်တန့်စစ်ဆေးရာမှ ဆိုင်ကယ်အား ခိုးယူလာသည်ကို စစ်ဆေးတွေ့ရှိရခြင်းဖြစ်ကြောင်း သိရသည်။

ဟိစတေ(ခ)လဝ (ခ)မီးသတ်နှင့် မျိုးလှိုင်ကို (ခ) အငယ်ကောင်တို့အား တာချီလိတ်မြို့မရဲစခန်းတွင် (ပ) ၃၉၉၊/၁၉၊ ရာဇသတ်ကြီးပုဒ်မ ၃၇၉/၅၄ (ဆိုင်ကယ်)ဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။

Tachileik News Agency

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net