ေက်ာက္မဲၿမိဳ႕ရွိ နႏၵမာလာပန္းၿခံအား ဗိုလ္ခ်ဳပ္ေအာင္ဆန္းပန္းၿခံဟု အမည္ေျပာင္းလဲျခင္းႏွင့္အတူ ဗိုလ္ခ်ဳပ္ေၾကးရုပ္ရင္ျပင္သစ္ဖြင့္ပြဲ ျပဳလုပ္ေက်ာက္မဲၿမိဳ႕ရွိ နႏၵမာလာပန္းၿခံအား ဗိုလ္ခ်ဳပ္ေအာင္ဆန္းပန္းၿခံဟု အမည္ေျပာင္းလဲျခင္းႏွင့္အတူ ဗိုလ္ခ်ဳပ္ေၾကးရုပ္ရင္ျပင္သစ္ဖြင့္ပြဲ ျပဳလုပ္

ေက်ာက္မဲၿမိဳ႕ရွိ နႏၵမာလာပန္းၿခံအား ဗိုလ္ခ်ဳပ္ေအာင္ဆန္းပန္းၿခံဟု အမည္ေျပာင္းလဲျခင္းႏွင့္အတူ ဗိုလ္ခ်ဳပ္ေၾကးရုပ္ရင္ျပင္သစ္ဖြင့္ပြဲ ျပဳလုပ္ေက်ာက္မဲၿမိဳ႕ရွိ နႏၵမာလာပန္းၿခံအား ဗိုလ္ခ်ဳပ္ေအာင္ဆန္းပန္းၿခံဟု အမည္ေျပာင္းလဲျခင္းႏွင့္အတူ ဗိုလ္ခ်ဳပ္ေၾကးရုပ္ရင္ျပင္သစ္ဖြင့္ပြဲ ျပဳလုပ္
ဇူလိုင် 18, 2019
By Tachileik News Agency

ရွမ္းျပည္နယ္( ေျမာက္ပိုင္း) ေက်ာက္မဲၿမိဳ႕အဝင္မုခ္ဦးအနီးရွိ နႏၵမာလာပန္းၿခံအား ဗိုလ္ခ်ဳပ္ေအာင္ဆန္း ပန္းၿခံ ဟု အမည္ေျပာင္းလဲျခင္းႏွင့္ ဗိုလ္ခ်ဳပ္ေၾကးရုပ္တုအနီး ရင္ျပင္အသစ္ဖြင့္ပြဲကို ၂၀၁၉ခုႏွစ္ ဇူလိုင္လ (၁၈)ရက္ နံနက္ပိုင္းက ျပဳလုပ္ခဲ့သည္။

ျပည္ေထာင္စုလမ္းမႀကီးႏွင့္ ေက်ာက္မဲၿမိဳ႕အဝင္ ပင္လံုလမ္းဆံုရာအနီးရွိ နႏၵမာလာပန္းၿခံအား ဗိုလ္ခ်ဳပ္ ေအာင္ဆန္းပန္းၿခံဟု အမည္ေျပာင္းလဲျခင္းႏွင့္ ပန္းၿခံအတြင္းရွိ ဗိုလ္ခ်ဳပ္ေၾကးရုပ္တုအား ေနရာ ေရႊ႕ေျပာင္းကာ ရင္ျပင္အသစ္ ခင္းက်င္းျခင္းကို ၿပီးခဲ့သည့္ ၂၀၁၈ ခုႏွစ္က စတင္လုပ္ေဆာင္ခဲ့ျခင္းျဖစ္သည္။

"၂၀၁၈ ခုႏွစ္ မွာ ၿမိဳ႕နယ္စည္ပင္သာယာေရးက အုတ္ခံုကိုစၿပီး လုပ္ေပးခဲ့တာ၊ ရုပ္တုေရႊ႕ေျပာင္းတာနဲ႔ မုခ္ဦးမွာ အမည္အသစ္ တပ္ဆင္တာကို စည္ပင္ကျပဳလုပ္ေပးတာျဖစ္ၿပီး  ရင္ျပင္အတြက္ကေတာ့ ၿမိဳ႕မိ ၿမိဳ႕ဖေတြ ဖြဲ႔စည္း ထားတဲ့ ျဖစ္ေျမာက္ေရးေကာ္မတီက အလွဴရွင္အသီးသီးလွဴဒါန္းထားတ့ဲ့ လွဴဒါန္းေငြေတြနဲ႔ လုပ္ေဆာင္ေပးတာ ျဖစ္ပါတယ္"ဟု ရင္ျပင္တည္ေဆာက္ျခင္းႏွင့္ ဗုိလ္ခ်ဳပ္ေၾကးရုပ္ေရႊ႕ေျပာင္းျခင္း၊ အမည္ ေျပာင္းလဲျခင္း ျဖစ္ေျမာက္ေရးေကာ္မတီမွ ေကာ္မတီအတြင္းေရးမွဴး ဦးတင္ေမာင္ဦး က တာခ်ီလိတ္သတင္းေအဂ်င္စီ သုိ႔ ေျပာသည္။

အဆိုပါ ဖြင့္ပြဲ အခမ္းအနားသို႔ ရွမ္းျပည္နယ္လႊတ္ေတာ္ကိုယ္စားလွယ္ ဦးစိုင္းထြန္းဥာဏ္၊ ေက်ာက္မဲခရိုင္အုပ္ခ်ဳပ္ေရးမွဴး ဦးမ်ဳိးေက်ာ္ ႏွင့္ ခရိုင္/ၿမိဳ႕နယ္အဆင့္ ဌာနဆိုင္ရာမ်ား၊ လူဖိတ္ၾကားထားသူမ်ား တက္ေရာက္ခဲ့ၾကေၾကာင္း သိရသည္။

ေပ ( ၆၀× ၁၁၅ ) အက်ယ္အဝန္းရွိ ရင္ျပင္တစ္ခုကို ၂၀၁၈ ခုႏွစ္က စတင္အေကာင္အထည္ေဖၚခဲ့ျခင္း ျဖစ္ၿပီး ယခင္ရွိထားၿပီးျဖစ္သည့္ ဗိုလ္ခ်ဳပ္ေၾကးရုပ္တုအား ေနရာေရႊ႕ေျပာင္းျခင္းႏွင့္ ပန္းၿခံအဝင္မုခ္ဦးမွ "နႏၵမာလာပန္းၿခံ " အား "ဗိုလ္ခ်ဳပ္ေအာင္ဆန္းပန္းၿခံ" ဟု ျပဳျပင္ေျပာင္းလဲျခင္း စသည္တို႔ကို လုပ္ေဆာင္ရာ၌ ၿမိဳ႕နယ္စည္ပင္သာယာေရးဌာန ႏွင့္ ၿမိဳ႕မိၿမိဳ႕ဖမ်ားပါဝင္ စုေပါင္းထားသည့္ ျဖစ္ေျမာက္ေရးေကာ္မတီတို႔ ပူးေပါင္း ေဆာင္ရြက္ ခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

ယခင္ရွိထားၿပီးျဖစ္သည့္ ဗိုလ္ခ်ဳပ္ေအာင္ဆန္းေၾကးရုပ္တုအား ၂၀၁၉ ခုႏွစ္ ဇြန္လ (၁၄)ရက္ေန႔က ေနရာ အေဟာင္း မွ ေရႊ႕ေျပာင္း ကာ ဇြန္လ (၁၅)ရက္ေန႔တြင္ လက္ရွိ ေနရာအုတ္ခံုအသစ္ေပၚသို႔ ေရႊ႕ေျပာင္းခဲ့ၿပီး၊ ဇူလိုင္လ (၁၄)ရက္ေန႔ တြင္ အၿပီးသတ္လုပ္ေဆာင္ခဲ့ျခင္းျဖစ္ကာ (၁၈)ရက္ေန႔ နံနက္ (၉)နာရီက ဖြင့္ပြဲျပဳလုပ္ ခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

ၿမိဳ႕မိၿမိဳ႕ဖမ်ား ပူးေပါင္းပါဝင္ထားသည့္ ျဖစ္ေျမာက္ေရးေကာ္မတီအား လွဴဒါန္းေငြမ်ားထဲမွ က်ပ္သိန္း (၁၄၀)ေက်ာ္ ကို ရင္ျပင္အသစ္အတြက္ အသံုးျပဳထားျခင္းျဖစ္ၿပီး ၿမိဳ႕နယ္စည္ပင္သာယာေရးဌာနက အေျခခံ အုတ္ခံုႏွင့္ တမံတလင္း ခင္းျခင္းအတြက္ က်ပ္ (၈၄)သိန္းေက်ာ္ ႏွင့္  မုခ္ဦးအမည္ ဆိုင္းဘုတ္အသစ္ေျပာင္းလဲျခင္းတို႔ကို ကုန္က်စရိတ္က်ခံခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

ေက်ာက္မဲတြင္ ပန္းၿခံအေနျဖင့္ ယခုနာမည္ေျပာင္းလဲ ဖြင့္လွစ္လိုက္သည့္ ဗိုလ္ခ်ဳပ္ေအာင္ဆန္းပန္းၿခံ တစ္ခုသာရွိၿပီး ေက်ာက္မဲ ဘူတာအနီးတြင္ ႏွစ္ကာလမ်ားစြာ အသံုးမျပဳဘဲထားရွိထားေသာ ပန္းၿခံေနရာတစ္ခုက်န္ရွိေနေသးေၾကာင္း သိရသည္။

သတင္း - ေနၿဖဳိးျမင့္
ဓါတ္ပံု - မင္းထက္


~~~~~~~~⊰❂ Unicode Version ~~~~~~~~

ရှမ်းပြည်နယ်( မြောက်ပိုင်း) ကျောက်မဲမြို့အဝင်မုခ်ဦးအနီးရှိ နန္ဒမာလာပန်းခြံအား ဗိုလ်ချုပ်အောင်ဆန်း ပန်းခြံ ဟု အမည်ပြောင်းလဲခြင်းနှင့် ဗိုလ်ချုပ်ကြေးရုပ်တုအနီး ရင်ပြင်အသစ်ဖွင့်ပွဲကို ၂၀၁၉ခုနှစ် ဇူလိုင်လ (၁၈)ရက် နံနက်ပိုင်းက ပြုလုပ်ခဲ့သည်။

ပြည်ထောင်စုလမ်းမကြီးနှင့် ကျောက်မဲမြို့အဝင် ပင်လုံလမ်းဆုံရာအနီးရှိ နန္ဒမာလာပန်းခြံအား ဗိုလ်ချုပ် အောင်ဆန်းပန်းခြံဟု အမည်ပြောင်းလဲခြင်းနှင့် ပန်းခြံအတွင်းရှိ ဗိုလ်ချုပ်ကြေးရုပ်တုအား နေရာ ရွှေ့ပြောင်းကာ ရင်ပြင်အသစ် ခင်းကျင်းခြင်းကို ပြီးခဲ့သည့် ၂၀၁၈ ခုနှစ်က စတင်လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။

"၂၀၁၈ ခုနှစ် မှာ မြို့နယ်စည်ပင်သာယာရေးက အုတ်ခုံကိုစပြီး လုပ်ပေးခဲ့တာ၊ ရုပ်တုရွှေ့ပြောင်းတာနဲ့ မုခ်ဦးမှာ အမည်အသစ် တပ်ဆင်တာကို စည်ပင်ကပြုလုပ်ပေးတာဖြစ်ပြီး ရင်ပြင်အတွက်ကတော့ မြို့မိ မြို့ဖတွေ ဖွဲ့စည်း ထားတဲ့ ဖြစ်မြောက်ရေးကော်မတီက အလှူရှင်အသီးသီးလှူဒါန်းထားတဲ့ လှူဒါန်းငွေတွေနဲ့ လုပ်ဆောင်ပေးတာ ဖြစ်ပါတယ်"ဟု ရင်ပြင်တည်ဆောက်ခြင်းနှင့် ဗိုလ်ချုပ်ကြေးရုပ်ရွှေ့ပြောင်းခြင်း၊ အမည် ပြောင်းလဲခြင်း ဖြစ်မြောက်ရေးကော်မတီမှ ကော်မတီအတွင်းရေးမှူး ဦးတင်မောင်ဦး က တာချီလိတ်သတင်းအေဂျင်စီ သို့ ပြောသည်။

အဆိုပါ ဖွင့်ပွဲ အခမ်းအနားသို့ ရှမ်းပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းထွန်းဉာဏ်၊ ကျောက်မဲခရိုင်အုပ်ချုပ်ရေးမှူး ဦးမျိုးကျော် နှင့် ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ လူဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ပေ ( ၆၀× ၁၁၅ ) အကျယ်အဝန်းရှိ ရင်ပြင်တစ်ခုကို ၂၀၁၈ ခုနှစ်က စတင်အကောင်အထည်ဖော်ခဲ့ခြင်း ဖြစ်ပြီး ယခင်ရှိထားပြီးဖြစ်သည့် ဗိုလ်ချုပ်ကြေးရုပ်တုအား နေရာရွှေ့ပြောင်းခြင်းနှင့် ပန်းခြံအဝင်မုခ်ဦးမှ "နန္ဒမာလာပန်းခြံ " အား "ဗိုလ်ချုပ်အောင်ဆန်းပန်းခြံ" ဟု ပြုပြင်ပြောင်းလဲခြင်း စသည်တို့ကို လုပ်ဆောင်ရာ၌ မြို့နယ်စည်ပင်သာယာရေးဌာန နှင့် မြို့မိမြို့ဖများပါဝင် စုပေါင်းထားသည့် ဖြစ်မြောက်ရေးကော်မတီတို့ ပူးပေါင်း ဆောင်ရွက် ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယခင်ရှိထားပြီးဖြစ်သည့် ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ်တုအား ၂၀၁၉ ခုနှစ် ဇွန်လ (၁၄)ရက်နေ့က နေရာ အဟောင်း မှ ရွှေ့ပြောင်း ကာ ဇွန်လ (၁၅)ရက်နေ့တွင် လက်ရှိ နေရာအုတ်ခုံအသစ်ပေါ်သို့ ရွှေ့ပြောင်းခဲ့ပြီး၊ ဇူလိုင်လ (၁၄)ရက်နေ့ တွင် အပြီးသတ်လုပ်ဆောင်ခဲ့ခြင်းဖြစ်ကာ (၁၈)ရက်နေ့ နံနက် (၉)နာရီက ဖွင့်ပွဲပြုလုပ် ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မြို့မိမြို့ဖများ ပူးပေါင်းပါဝင်ထားသည့် ဖြစ်မြောက်ရေးကော်မတီအား လှူဒါန်းငွေများထဲမှ ကျပ်သိန်း (၁၄၀)ကျော် ကို ရင်ပြင်အသစ်အတွက် အသုံးပြုထားခြင်းဖြစ်ပြီး မြို့နယ်စည်ပင်သာယာရေးဌာနက အခြေခံ အုတ်ခုံနှင့် တမံတလင်း ခင်းခြင်းအတွက် ကျပ် (၈၄)သိန်းကျော် နှင့် မုခ်ဦးအမည် ဆိုင်းဘုတ်အသစ်ပြောင်းလဲခြင်းတို့ကို ကုန်ကျစရိတ်ကျခံခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ကျောက်မဲတွင် ပန်းခြံအနဖြေင့် ယခုနာမည်ပြောင်းလဲ ဖွင့်လှစ်လိုက်သည့် ဗိုလ်ချုပ်အောင်ဆန်းပန်းခြံ တစ်ခုသာရှိပြီး ကျောက်မဲ ဘူတာအနီးတွင် နှစ်ကာလများစွာ အသုံးမပြုဘဲထားရှိထားသော ပန်းခြံနေရာတစ်ခုကျန်ရှိနေသေးကြောင်း သိရသည်။

သတင်း - နဖြေိုးမြင့်
ဓာတ်ပုံ - မင်းထက်

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net