ကျောက်မဲမြို့တွင် ယနေ့ပြုလုပ်မည့် တပ်ထောက်ခံပွဲ လူစုမရ၍ ပွဲပျက်

ကျောက်မဲမြို့တွင် ယနေ့ပြုလုပ်မည့် တပ်ထောက်ခံပွဲ လူစုမရ၍ ပွဲပျက်
ဖေဖော်ဝါရီ 2, 2022 | ရှမ်းမြောက်

ရှမ်းပြည်နယ်(မြောက်ပိုင်း) ကျောက်မဲမြို့တွင် ယနေ့ ၂၀၂၂ ခုနှစ်၊ ဖေဖေါ်ဝါရီလ ( ၂ ) ရက်နေ့ နံနက်ပိုင်းတွင် ပြုလုပ်ရန် စီစဉ်ထားသည့် အာဏာသိမ်းစစ်ကောင်စီတပ် ထောက်ခံပွဲအတွက် လူစုမရသဖြင့် ပွဲပျက်သွားသည်ဟု သိရသည်။

ယနေ့နံနက် ( ၁၀ )နာရီတွင် ကျောက်မဲမြို့ရှိ  မြို့တော်ခန်းမ၌ လူစုပြီး မြို့တွင်းလမ်းများ၌ လမ်းလျှောက်ကြွေးကြော်ရန် စီစဉ်ထားခြင်းဖြစ်သော်လည်း ထောက်ခံပွဲလာမည့်သူများအား ငွေမပေးဘဲ စုဆောင်းနေသဖြင့် လာရောက်သူ မရှိဖြစ်ခဲ့ကြောင်း ဒေသခံတစ်ဦးက Tachileik News Agency သို့ အတည်ပြုသည်။

ယင်းအပြင် ယမန်နေ့က တာချီလိတ်မြို့၌ ဖြစ်ပွားခဲ့သည့် စစ်ကောင်စီ ထောက်ခံပွဲအတွင်း ပေါက်ကွဲမှုဖြစ်ပွားရာ အရပ်ဝတ်ဖြင့် လုံခြုံရေး လိုက်ပါလာသည့် အာဏာသိမ်းစစ်ကောင်စီတပ်က ရမ်းသမ်းပစ်ခတ်မှုဖြစ်ပွားခဲ့၍ (၂) ဦးသေပြီး (၃၅)ဦးကျော် ဒဏ်ရာရခဲ့သည့်ဖြစ်စဉ်ကြောင့် ထောက်ခံပွဲလာရန် လူစုမရဖြစ်ခဲ့ကြောင်းလည်း သိရသည်။