တာချီလိတ် ကလေးစာပေပွဲတော်၏ ပထမနေ့တွင် စေတနာရှင်များမှ စတုဒိသာများ ပေးဝေလှူဒါန်း ဒုတိယနေ့တွင်လည်း မည်သူမဆို စတုဒိသာများ လာရောက်လှူဒါန်းနိုင်

တာချီလိတ် ကလေးစာပေပွဲတော်၏ ပထမနေ့တွင် စေတနာရှင်များမှ စတုဒိသာများ ပေးဝေလှူဒါန်း ဒုတိယနေ့တွင်လည်း မည်သူမဆို စတုဒိသာများ လာရောက်လှူဒါန်းနိုင်
ဇှနျ 25, 2019
By Tachileik News Agency

တာချီလိတ်မြို့ရှိ အခြေခံပညာအထက်တန်းကျောင်း(တာချီလိတ်)တွင် ကျင်းပပြုလုပ်နေသည့် ကလေးစာပေပွဲတော်၏ ပထမနေ့တွင် စေတနာရှင်အလှူရှင်များက စုပေါင်း၍ စတုဒိသာများဖြင့် ပေးဝေလှူဒါန်းခဲ့ကြကြောင်း နှင့် ဒုတိယမြောက်နေ့တွင်လည်း မည်သူမဆို စတုဒိသာများ လာရောက်လှူဒါန်းနိုင်ကြောင်း သိရသည်။

အဆိုပါ ပွဲတော်၏ ပထမနေ့ဖြစ်သည့် ဇွန်လ(၂၅)ရက်နေ့ နံနက်ပိုင်းက စ၍ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းက မုန့်နှင့်အအေးများဖြင့် လည်းကောင်း၊ အထက(တာချီလိတ်)ကျောင်းသား ကျောင်းသူဟောင်းများက ပဲနို့ရည်နှင့်ပေါင်မုန့်ဖြင့် လည်းကောင်း၊ မန်းရတနာပုံလေကြောင်းလိုင်း က နို့ချဉ်ဗူး နှင့် မုန့်များဖြင့် လည်းကောင်း၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ပေါင်မုန့်နို့ဆမ်းများဖြင့် လည်းကောင်း၊ MAMA ကုမ္ပဏီက မားမားခေါက်ဆွဲများဖြင့် လည်းကောင်း၊ ကယ်လ်ဆမ်ကွေကာကုမ္ပဏီက ကယ်လ်ဆမ်ကွေကာများဖြင့် လည်းကောင်း ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးရုံးများက သက်ဆိုင်ရာအလိုက် လှူဒါန်းခြင်းဖြင့် လည်းကောင်း အသီးသီးပေးဝေလှူဒါန်းခဲ့ကြသည်။

ကလေးစာပေပွဲတော်အား ဇွန်လ(၂၆)ရက်နေ့အထိ ကျင်းပပြုလုပ်မည်ဖြစ်ရာ ပွဲတော်သို့ တာချီလိတ်မြို့ပေါ်နှင့်ကျေးရွာများမှ ကျောင်းသား၊ ကျောင်းသူများ နှင့် ကျောင်းသားမဟုတ်သူများလည်း လာရောက်လည်ပတ်လေ့လာကြမည်ဖြစ်၍ စေတနာရှင်များအနေဖြင့်လည်း မည်သူမဆို လာရောက်၍ စတုဒိသာများ ပေးဝေလှူဒါန်းနိုင်ကြောင်း သိရသည်။

Tachileik News Agency



~~~~~~~~⊰❂ Unicode Version ~~~~~~~~

တာချီလိတ်မြို့ရှိ အခြေခံပညာအထက်တန်းကျောင်း(တာချီလိတ်)တွင် ကျင်းပပြုလုပ်နေသည့် ကလေးစာပေပွဲတော်၏ ပထမနေ့တွင် စေတနာရှင်အလှူရှင်များက စုပေါင်း၍ စတုဒိသာများဖြင့် ပေးေဝလှူဒါန်းခဲ့ကြကြောင်း နှင့် ဒုတိယမြောက်နေ့တွင်လည်း မည်သူမဆို စတုဒိသာများ လာရောက်လှူဒါန်းနိုင်ကြောင်း သိရသည်။

အဆိုပါ ပွဲတော်၏ ပထမနေ့ဖြစ်သည့် ဇွန်လ(၂၅)ရက်နေ့ နံနက်ပိုင်းက စ၍ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းက မုန့်နှင့်အအေးများဖြင့် လည်းကောင်း၊ အထက(တာချီလိတ်)ကျောင်းသား ကျောင်းသူဟောင်းများက ပဲနို့ရည်နှင့်ပေါင်မုန့်ဖြင့် လည်းကောင်း၊ မန်းရတနာပုံလေကြောင်းလိုင်း က နို့ချဉ်ဗူး နှင့် မုန့်များဖြင့် လည်းကောင်း၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ပေါင်မုန့်နို့ဆမ်းများဖြင့် လည်းကောင်း၊ MAMA ကုမ္ပဏီက မားမားခေါက်ဆွဲများဖြင့် လည်းကောင်း၊ ကယ်လ်ဆမ်ကွေကာကုမ္ပဏီက ကယ်လ်ဆမ်ကွေကာများဖြင့် လည်းကောင်း ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးရုံးများက သက်ဆိုင်ရာအလိုက် လှူဒါန်းခြင်းဖြင့် လည်းကောင်း အသီးသီးပေးေဝလှူဒါန်းခဲ့ကြသည်။

ကလေးစာပေပွဲတော်အား ဇွန်လ(၂၆)ရက်နေ့အထိ ကျင်းပပြုလုပ်မည်ဖြစ်ရာ ပွဲတော်သို့ တာချီလိတ်မြို့ပေါ်နှင့်ကျေးရွာများမှ ကျောင်းသား၊ ကျောင်းသူများ နှင့် ကျောင်းသားမဟုတ်သူများလည်း လာရောက်လည်ပတ်လေ့လာကြမည်ဖြစ်၍ စေတနာရှင်များအနဖြေင့်လည်း မည်သူမဆို လာရောက်၍ စတုဒိသာများ ပေးေဝလှူဒါန်းနိုင်ကြောင်း သိရသည်။

Tachileik News Agency

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net