ကလောမြို့ရှိ လျှပ်စစ်း(EPCရုံ) ဖေါက်ခွဲမှုကို ကလော PDF က လုပ်ဆောင်ခဲ့ကြောင်း သတင်းထုတ်ပြန်

ကလောမြို့ရှိ လျှပ်စစ်း(EPCရုံ) ဖေါက်ခွဲမှုကို ကလော PDF က လုပ်ဆောင်ခဲ့ကြောင်း သတင်းထုတ်ပြန်
နိုဝင်ဘာ 17, 2021 | ရှမ်းတောင်

ရှမ်းပြည်နယ် (တောင်ပိုင်း) ကလောမြို့တွင် ယမန်နေ့ညက လျှပ်စစ်ရုံး၌ ဖြစ်ပွားသည့် ပေါက်ကွဲမှုကို ၎င်းတို့လုပ်ဆောင်ခြင်းဖြစ်ကြောင်း ကလော PDF က နိုဝင်ဘာလ (၁၇)ရက်နေ့၌ ထုတ်ပြန်သည်။

"ယင်းသို့ဖေါက်ခွဲမှု ပြုလုပ်ရခြင်းမှာ စစ်ကောင်စီအား မီတာခပေးဆောင်ခြင်းဖြင့် ကျည်ဆံဖိုး မပေးကြရန်၊ ဝန်ထမ်းများအား စစ်ကောင်စီအလိုကျ ၎င်းတို့၏ လက်အောက်တွင် တာဝန်မထမ်းဆောင်ကြရန် သတိပေးလိုခြင်းသက်သက်သာဖြစ်သည်"ဟု ကလော PDF ၏ ထုတ်ပြန်ချက်တွင် ဖေါ်ပြထားသည်။

ကလောမြို့ရှိ လျှပ်စစ်ရုံးတွင် နိုဝင်ဘာလ (၁၆) ရက်နေ့ ည (၈)နာရီဝန်းကျင်က ပေါက်ကွဲမှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်။



စစ်အာဏာရှင်စနစ်၏ ထောက်တိုင်အားလုံးကို ရှင်းလင်းမည်ဖြစ်၍ အများပြည်သူအနေဖြင့် ဘေးကင်းစေရေးအတွက် ထုတ်ပြန်ချက်များအား လိုက်နာပေးကြရန်ကိုလည်း ကလော PDF က သတိပေးထားသည်ကို တွေ့ရသည်။



စစ်အာဏာရှင်အား ခုခံတော်လှန်နေသည့် ပြည်သူ့ကာကွယ်ရေးအဖွဲ့များက အာဏာသိမ်းအဖွဲ့၏ ထောက်တိုက်များအား တိုက်ခိုက်ရာတွင် အများပြည်သူ မထိခိုက်စေရေးအတွက် သတိပေးစာများ၊ မေတ္တာရပ်ခံစာများ ထုတ်ပြန်အသိပေးလေ့ရှိပြီး တိုက်ခိုက်မှုများ လုပ်ပြီးပါကလည်း မိမိတို့ လုပ်ဆောင်ကြောင်း ကြေညာချက် ထုတ်လေ့ရှိသည်ကို တွေ့ရသည်။