ကေလာ - ေအာင္ပန္း အၾကားတြင္ စိန္ပန္းျပာ အပင္ေပါင္း (၁၀၅၀) စုေပါင္း စိုက္ပ်ဳိး

ကေလာ - ေအာင္ပန္း အၾကားတြင္ စိန္ပန္းျပာ အပင္ေပါင္း (၁၀၅၀) စုေပါင္း စိုက္ပ်ဳိး
ဇွန် 19, 2019
By Tachileik News Agency

ရွမ္းျပည္နယ္ေတာင္ပိုင္း ကေလာ - ေအာင္ပန္း အၾကားတြင္ စိန္ပန္းျပာ အပင္ေပါင္း (၁၀၅၀)ကို မိုးသီရာသီသစ္ပင္စိုက္ပ်ဳိးပြဲအျဖစ္ ၂၀၁၉ခုႏွစ္ ဇြန္လ(၁၉)ရက္ေန႔တြင္ စုေပါင္း စိုက္ပ်ဳိးရာ ေတာင္ေပၚေဒသလမ္းေဆာက္လုပ္ေရးကုမၸဏီက ယေန႔စိုက္ပ်ဳိးသည့္ အပင္မ်ား အပါအ၀င္ အပင္ေပါင္း (၂၀,၀၀၀)တိတိ စိုက္ပ်ဳိးခဲ့ၿပီး ျဖစ္ေၾကာင္း သိရသည္။

စိုက္ပ်ဳိးခဲ့ၿပီးသည့္ သစ္ပင္မ်ားအား ေရရွည္ရွင္သန္ႀကီးထြားေရး ႏွင့္ ထိန္းသိမ္းေစာင့္ေရွာက္ေရးအပိုင္းႏွင့္ ပတ္သက္၍ ေတာင္ေပၚေဒသလမ္းေဆာက္လုပ္ေရးကုမၸဏီက တာ၀န္သြားမည္ျဖစ္ေၾကာင္း သိရသည္။

"ကြ်န္ေတာ္တို႔ ကုမၸဏီအေနနဲ႔ အခုလို ထပ္စိုက္ဖို႔ရွိတယ္၊ ကုမၸဏီရဲ႕ သစ္ပင္စိုက္တဲ့အဖြဲ႔ေတြက တနဂၤေႏြဆိုရင္ အၿမဲတမ္း သစ္ပင္စိုက္ပ်ဳိးေပးဖို႔ရွိတယ္၊ အားတဲ့အခ်ိန္ေလးေတြမွာ ေတာက္ေလွ်ာက္ စိုက္သြားမွာပါ၊ အပင္ရွင္သန္ေရးအတြက္ ကုမၸဏီကပဲ ထိန္းသိမ္းေစာင့္ေရွာက္သြားမွာပါ၊ ညႇဳိးသြားတဲ့အပင္ေတြကို လဲလွယ္စိုက္ပ်ဳိးတာ၊ ေရေလာင္းေပးသြားတာေတြက အစ ကုမၸဏီကပဲ တာ၀န္ယူသြားမွာပါ"ဟု မိတၱီလာ - ကေလာ - ေတာင္ႀကီးလမ္းပိုင္းအား ေဆာက္လုပ္ခြင့္ရရွိထားသည့္ ေတာင္ေပၚေဒသလမ္းေဆာက္လုပ္ေရးကုမၸဏီမွ ကို၀င္းေက်ာ္က ေျပာသည္။

မိုးရာသီသစ္ပင္စိုက္ပြဲအျဖစ္ ဇြန္လ(၁၉)ရက္ေန႔ နံနက္က စိန္ပန္းျပာ အပင္ေပါင္း (၁၀၅၀)အား ကေလာၿမိဳ႕နယ္ မဲဆႏၵနယ္မွ ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္ ေဒၚၿပံဳးေကသီႏိုင္ ႏွင့္ ကေလာၿမိဳ႕နယ္အမ်ဳိးသားဒီမိုကေရစီအဖြဲ႔ခ်ဳပ္ ဥကၠဌ ဦးကိုကိုထြန္း ႏွင့္ ပါတီ၀င္မ်ား၊ ကေလာၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမွဴး ဦးခင္မင္း ႏွင့္ ဌာနဆိုင္ရာမ်ား၊ ဟိန္းျမန္မာကိုယ္ပိုင္အထက္တန္းေက်ာင္းမွ ေက်ာင္းသား ေက်ာင္းသူမ်ားႏွင့္ ေတာင္ေပၚေဒသလမ္းေဆာက္လုပ္ေရးကုမၸဏီမွ ၀န္ထမ္းမ်ားက စုေပါင္း စိုက္ပ်ဳိးခဲ့ၾကျခင္း ျဖစ္ေၾကာင္း သိရသည္။

မိတၱီလာ - ကေလာ - ေတာင္ႀကီးလမ္းပိုင္းအား BOT စနစ္ျဖင့္ လမ္းေဆာက္လုပ္ခြင့္ရရွိထားသည့္ ေတာင္ေပၚေဒသလမ္းေဆာက္လုပ္ေရးကုမၸဏီက ကေလာ - ေတာင္ႀကီးအၾကား စိန္ပန္းျပာမ်ား အပါအ၀င္ ေရသင္း၀င္ ႏွင့္ ခါေတာ္မွီ အပင္ေပါင္း (၂၀၀၀၀)တိတိကို ၂၀၁၉ခုႏွစ္ ဇြန္လ(၁၉)ရက္ေန႔အထိ စိုက္ပ်ဳိးထားရွိၿပီးျဖစ္ေၾကာင္း သိရသည္။

Tachileik News Agency
ဓါတ္ပံု - ၀င္းမင္းေဌး


~~~~~~~~⊰❂ Unicode Version ~~~~~~~~

ရှမ်းပြည်နယ်တောင်ပိုင်း ကလော - အောင်ပန်း အကြားတွင် စိန်ပန်းပြာ အပင်ပေါင်း (၁၀၅၀)ကို မိုးသီရာသီသစ်ပင်စိုက်ပျိုးပွဲအဖြစ် ၂၀၁၉ခုနှစ် ဇွန်လ(၁၉)ရက်နေ့တွင် စုပေါင်း စိုက်ပျိုးရာ တောင်ပေါ်ဒေသလမ်းဆောက်လုပ်ရေးကုမ္ပဏီက ယနေ့စိုက်ပျိုးသည့် အပင်များ အပါအဝင် အပင်ပေါင်း (၂၀,ဝဝဝ)တိတိ စိုက်ပျိုးခဲ့ပြီး ဖြစ်ကြောင်း သိရသည်။

စိုက်ပျိုးခဲ့ပြီးသည့် သစ်ပင်များအား ရေရှည်ရှင်သန်ကြီးထွားရေး နှင့် ထိန်းသိမ်းစောင့်ရှောက်ရေးအပိုင်းနှင့် ပတ်သက်၍ တောင်ပေါ်ဒေသလမ်းဆောက်လုပ်ရေးကုမ္ပဏီက တာဝန်သွားမည်ဖြစ်ကြောင်း သိရသည်။

"ကျွန်တော်တို့ ကုမ္ပဏီအနေနဲ့ အခုလို ထပ်စိုက်ဖို့ရှိတယ်၊ ကုမ္ပဏီရဲ့ သစ်ပင်စိုက်တဲ့အဖွဲ့တွေက တနင်္ဂေနွဆိုရင် အမြဲတမ်း သစ်ပင်စိုက်ပျိုးပေးဖို့ရှိတယ်၊ အားတဲ့အချိန်လေးတွေမှာ တောက်လျှောက် စိုက်သွားမှာပါ၊ အပင်ရှင်သန်ရေးအတွက် ကုမ္ပဏီကပဲ ထိန်းသိမ်းစောင့်ရှောက်သွားမှာပါ၊ ညှိုးသွားတဲ့အပင်တွေကို လဲလှယ်စိုက်ပျိုးတာ၊ ရေလောင်းပေးသွားတာတွေက အစ ကုမ္ပဏီကပဲ တာဝန်ယူသွားမှာပါ"ဟု မိတ္တီလာ - ကလော - တောင်ကြီးလမ်းပိုင်းအား ဆောက်လုပ်ခွင့်ရရှိထားသည့် တောင်ပေါ်ဒေသလမ်းဆောက်လုပ်ရေးကုမ္ပဏီမှ ကိုဝင်းကျော်က ပြောသည်။

မိုးရာသီသစ်ပင်စိုက်ပွဲအဖြစ် ဇွန်လ(၁၉)ရက်နေ့ နံနက်က စိန်ပန်းပြာ အပင်ပေါင်း (၁၀၅၀)အား ကလောမြို့နယ် မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ပြုံးကေသီနိုင် နှင့် ကလောမြို့နယ်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဦးကိုကိုထွန်း နှင့် ပါတီဝင်များ၊ ကလောမြို့နယ်အုပ်ချုပ်ရေးမှူး ဦးခင်မင်း နှင့် ဌာနဆိုင်ရာများ၊ ဟိန်းမြန်မာကိုယ်ပိုင်အထက်တန်းကျောင်းမှ ကျောင်းသား ကျောင်းသူများနှင့် တောင်ပေါ်ဒေသလမ်းဆောက်လုပ်ရေးကုမ္ပဏီမှ ဝန်ထမ်းများက စုပေါင်း စိုက်ပျိုးခဲ့ကြခြင်း ဖြစ်ကြောင်း သိရသည်။

မိတ္တီလာ - ကလော - တောင်ကြီးလမ်းပိုင်းအား BOT စနစ်ဖြင့် လမ်းဆောက်လုပ်ခွင့်ရရှိထားသည့် တောင်ပေါ်ဒေသလမ်းဆောက်လုပ်ရေးကုမ္ပဏီက ကလော - တောင်ကြီးအကြား စိန်ပန်းပြာများ အပါအဝင် ရေသင်းဝင် နှင့် ခါတော်မှီ အပင်ပေါင်း (၂၀၀၀၀)တိတိကို ၂၀၁၉ခုနှစ် ဇွန်လ(၁၉)ရက်နေ့အထိ စိုက်ပျိုးထားရှိပြီးဖြစ်ကြောင်း သိရသည်။

Tachileik News Agency
ဓာတ်ပုံ - ဝင်းမင်းဌေး

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net