တာခ်ီလိတ္ၿမိဳ႕ ၀မ္ေကာင္းရပ္ကြက္အတြင္း မီးေလာင္မႈေၾကာင့္ ေသဆံုးသြားသူအတြက္ ေဘးအႏၱရာယ္စီမံခန္႔ခြဲမႈဦးစီးဌာနက ေထာက္ပံ့ေငြ က်ပ္(၃)သိန္း ေပးအပ္

တာခ်ီလိတ္ၿမိဳ႕ ၀မ္ေကာင္းရပ္ကြက္အတြင္း မီးေလာင္မႈေၾကာင့္ ေသဆံုးသြားသူအတြက္ ေဘးအႏၱရာယ္စီမံခန္႔ခြဲမႈဦးစီးဌာနက ေထာက္ပံ့ေငြ က်ပ္(၃)သိန္း ေပးအပ္
ဇွန် 6, 2019
By Tachileik News Agency

ရွမ္းျပည္နယ္အေရွ႕ပိုင္း၊ တာခ်ီလိတ္ၿမိဳ႕ ၀မ္ေကာင္းရပ္ကြက္တြင္ ျဖစ္ပြားခဲ့သည့္ မီးေလာင္မႈအတြင္း ေသဆံုးသြားသည့္ မိန္းကေလး၏ က်န္ရစ္သူမိသားစုအား ေဘးအႏၱရာယ္စီမံခန္႔ခြဲမႈဦးစီးဌာနမွ ၂၀၁၉ ခုႏွစ္၊ ဇြန္လ (၅)ရက္ေန႔က ေထာက္ပံ့ေငြက်ပ္သံုးသိန္းေပးအပ္ေၾကာင္း သိရသည္။

လူမႈဝန္ထမ္း၊ ကယ္ဆယ္ေရးနွင့္ျပန္လည္ေနရာခ်ထားေရးဝန္ႀကီးဌာန၏ ေဘးအႏၲရာယ္ဆိုင္ရာ စီမံခန္႔ခဲြမႈဦးစီးဌာန၊ တာခ်ီလိတ္ၿမိဳ႕နယ္ဦးစီးမွဴးရံုးမွတာဝန္ရွိသူမ်ားသည္ ဝမ္ေကာင္းရပ္ကြက္အုပ္ခ်ဳပ္ေရးမွဴးရံုး၌ ေသဆံုးသူ၏ မိသားစုထံ ေထာက္ပံ့ေငြေပးအပ္ခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

ဝမ္ေကာင္းရပ္ကြက္၊ ရတနာလမ္းသြယ္(၂)လမ္းထိပ္ရိွ ေဒၚေအးေအးသင္းကုန္စံုဆုိင္တြင္ ေမလ (၃၀)ရက္ေန႔ညပိုင္းက ဓါတ္ဆီပံုးလဲလွယ္ရင္း မီးေလာင္မႈျဖစ္ပြားရာမွ အဆိုပါ ဆိုင္တြင္ အလုပ္ ေနလုပ္သူ  အသက္ ( ၁၆ ) ႏွစ္အရြယ္ မဆုမြန္ဦးမွာ  ေသဆံုးသြားခဲ့ျခင္းျဖစ္၍  ေဘးအႏၱရာယ္စီမံခန္႔ခြဲမႈဦးစီးဌာနက ယခုလို ေထာက္ပံ့ေငြေပးအပ္ျခင္းျဖစ္ေၾကာင္း သိရသည္။

Tachileik News Agency


~~~~~~~~⊰❂ Unicode Version ~~~~~~~~

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့ ဝမ်ကောင်းရပ်ကွက်တွင် ဖြစ်ပွားခဲ့သည့် မီးလောင်မှုအတွင်း သေဆုံးသွားသည့် မိန်းကလေး၏ ကျန်ရစ်သူမိသားစုအား ဘေးအန္တရာယ်စီမံခန့်ခွဲမှုဦးစီးဌာနမှ ၂၀၁၉ ခုနှစ်၊ ဇွန်လ (၅)ရက်နေ့က ထောက်ပံ့ငွေကျပ်သုံးသိန်းပေးအပ်ကြောင်း သိရသည်။

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၏ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ တာချီလိတ်မြို့နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် ဝမ်ကောင်းရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး၌ သေဆုံးသူ၏ မိသားစုထံ ထောက်ပံ့ငွေပေးအပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဝမ်ကောင်းရပ်ကွက်၊ ရတနာလမ်းသွယ်(၂)လမ်းထိပ်ရှိ ဒေါ်အေးအေးသင်းကုန်စုံဆိုင်တွင် မေလ (၃၀)ရက်နေ့ညပိုင်းက ဓာတ်ဆီပုံးလဲလှယ်ရင်း မီးလောင်မှုဖြစ်ပွားရာမှ အဆိုပါ ဆိုင်တွင် အလုပ် နေလုပ်သူ အသက် ( ၁၆ ) နှစ်အရွယ် မဆုမွန်ဦးမှာ သေဆုံးသွားခဲ့ခြင်းဖြစ်၍ ဘေးအန္တရာယ်စီမံခန့်ခွဲမှုဦးစီးဌာနက ယခုလို ထောက်ပံ့ငွေပေးအပ်ခြင်းဖြစ်ကြောင်း သိရသည်။

Tachileik News Agency

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net