ကယားျပည္နယ္အစိုးရက တရားစြဲဆိုထားရသျဖင့္ တိမ္းေရွာင္ေနဆဲလူငယ္ (၅)ဦးက တရားရံုးဆင့္ေခၚစာရပါက အမႈလာေရာက္ရင္ဆုိင္မည္ဟုဆို

ကယားျပည္နယ္အစိုးရက တရားစြဲဆိုထားရသျဖင့္ တိမ္းေရွာင္ေနဆဲလူငယ္ (၅)ဦးက တရားရံုးဆင့္ေခၚစာရပါက အမႈလာေရာက္ရင္ဆုိင္မည္ဟုဆို
ဇွန် 3, 2019
By 🌸
ႏိုင္ငံသားမ်ား၏ ပုဂၢိဳလ္ဆိုင္ရာလြတ္လပ္မႈႏွင့္ လုံၿခံဳေရး ဥပေဒပုဒ္မ (၁၀) ျဖင့္အမႈဖြင့္ခံထားရကာ အမႈျဖင့္အလိုရိွသူ ေၾကညာခံရသည့္ ကယားျပည္နယ္မွလူငယ္ (၆)ဦးအနက္တစ္ဦးကို ၂၀၁၉ ခုႏွစ္၊ ဇြန္လ (၂)ရက္ေန႔ညေနပိုင္းက ဖမ္းဆီးမိထားၿပီးေနာက္ တရားရံုးဆင့္ေခၚစာထုတ္ပါက က်န္လူငယ္မ်ားက တရားရံုးတြင္ အမႈလာေရာက္ရင္ဆုိင္မည္ျဖစ္ေၾကာင္း ထုတ္ေဖၚေျပာၾကားလုိက္သည္။

" ဖမ္းမယ္ဆို တရား႐ုံးဆင့္ေခၚစာနဲ႔တကြ ဆင့္ေခၚလိုက္ရင္ ကြၽန္ေတာ္တို႔က ရင္ဆိုင္ဖို႔အသင့္ပဲ။ ကြၽန္ေတာ္တို႔ကို တရားဝင္အေၾကာင္းၾကားတာမ်ိဳးမလုပ္ဘဲနဲ႔ေတာ့ ဘယ္ေတာ့မွ အဖမ္းမခံပါဘူး။ ေ႐ွာင္ေနတာ အဖမ္း မခံရဲတာမဟုတ္ဘူး လုပ္ထုံးလုပ္နည္းနဲ႔အညီလုပ္ရင္ ကြၽန္ေတာ္တို႔မမွားတဲ့အတြက္ အခ်ိန္မေရြးရင္ဆိုင္ဖို႔႐ွိတယ္" ဟု တရားစြဲဆိုခံထားရသူတစ္ဦးျဖစ္သည့္ ခြန္ေသာမတ္စ္က တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ေျပာသည္။

အမႈျဖင့္ တိုင္ၾကားျခင္းခံရျဖင့္ ရဲတပ္ဖြဲ႕ကအလိုရိွေနသူ (၆)ဦးအနက္မွ ခူးၾကဴးဖဲေကး (ခ) ဂူးဂူးမွာ ဇြန္လ (၂) ရက္ေန႔ ညေနပိုင္းက ဖ႐ူဆိုၿမိဳ႕ႏွင့္ ဒီးေမာ့ဆိုၿမိဳ႕ၾကားတြင္ ဖမ္းဆီးခံရၿပီးေနာက္ ၎တို႔အား ရဲစခန္းတြင္အမႈဖြင့္ တိုင္ၾကားခံထားရေသာ္လည္း တရားရံုးမွဆင့္ေခၚစာေရာက္လာျခင္းမရိွေသးသျဖင့္ အဖမ္းမခံဘဲ တိမ္းေရွာင္ေနျခင္းျဖစ္သည္ဟု ခြန္ေသာမတ္စ္က ေျပာၾကားလုိက္ျခင္းျဖစ္သည္။

လြိဳင္ေကာ္ၿမိဳ႕မရဲစခန္းတြင္ (ပ)၁၄၅/၂၀၁၉၊ ၂၀၁၇ ခုႏွစ္၊ နိုင္ငံသားမ်ား၏ ပုဂၢိဳလ္ဆိုင္ရာ လြတ္လပ္မႈႏွင့္ ပုဂၢိဳလ္ဆိုင္ရာလုံၿခဳံမႈကိုကာကြယ္ေပးေရးဥပေဒပုဒ္မ (၁၀) ျဖင့္အမႈဖြင့္တုိင္ၾကားခံထားရသည့္ ကိုခူၾကဴးဖဲေကး(ခ)ဂူးဂူး ၊ ကိုဂၽြန္ေပါ(ခ)ပ်ားေလး ၊ ကိုမ်ိဳးလွိုင္ဝင္း(ခ)ပါစကြားလယ္၊ ကိုခြန္ေသာမတ္စ္၊ ကိုဒီးဒီ(ခ)စစ္မုန္းႏွင့္ ကိုခူးရီဒူး(ခ)ခူးရီးရယ္တို႔အား ေတြ႔ရိွပါက နီးစပ္ရာရဲတပ္ဖြဲ႔ထံ ဆက္သြယ္အေၾကာင္းၾကားရန္ ေမလ (၃၁)ရက္ေန႔တြင္ ရဲတပ္ဖြဲ႕က ထုတ္ျပန္ထားျခင္းျဖစ္သည္။

ကယားျပည္နယ္ လိြဳင္ေကာ္ၿမိဳ႕ ကႏၶာေဟဝန္ပန္းၿခံတြင္ ဗိုလ္ခ်ဳပ္ေအာင္ဆန္းရုပ္တုထားရိွျခင္းကို ကန္႔ကြက္ေနသူမ်ားျဖင့္ ျပည္နယ္အစိုးရအဖြဲ႕ၾကား ညိႇႏိႈင္းမႈမ်ား မေအာင္ျမင္ဘဲျဖစ္ေနခဲ့ၿပီးေနာက္ မတ္လ (၂၅)ရက္ေန႔တြင္ ရုပ္တုအားဆန္႔က်င္ေနသည့္လူငယ္အဖြဲ႕က ကယားျပည္နယ္ဝန္ႀကီးခ်ဳပ္ ဦးအယ္လ္ေဖာင္း႐ႈိႏွင့္ စီမံဘ႑ာဝန္ႀကီး ဦးေမာ္ေမာ္တို႔အား ႏိုင္ငံေရးရာဇဝတ္ေကာင္မ်ား၊ ကရင္နီအမ်ိဳးသားသစၥာေဖာက္မ်ား၊ တိုင္းရင္းသားမ်ားေသြးစည္းခ်စ္ၾကည္ေရး၏ ရန္သူမ်ား၊ ေက်းဇူးကန္းသူမ်ားျဖစ္သည္ဟု ထုတ္ျပန္ေၾကညာခဲ့ျခင္းျဖစ္သည္။

အဆိုပါေၾကညာခ်က္ႏွင့္ပတ္သက္၍ လူငယ္ (၆)ဦးအား ကယားျပည္နယ္အစိုးရအဖြဲ႕က   လြိဳင္ေကာ္ၿမိဳ႕နယ္တရား႐ုံးသို႔ ဦးတည္ေလွ်ာက္ထားကာ ေမလ (၁၆) ရက္ေန႔တြင္ တရားစြဲဆိုထားျခင္းျဖစ္သည္။
ကႏၶာေဟဝန္ပန္းၿခံတြင္ ဗိုလ္ခ်ဳပ္ေအာင္ဆန္းရုပ္ထုထားရိွရန္ စီစဥ္ေနစဥ္ ကန္႔ကြက္မႈမ်ားရိွခဲ့ေသာ္လည္း ျပည္နယ္အစိုးရအဖြဲ႕က မူလအစီအစဥ္အတုိင္း ဆက္လက္လုပ္ေဆာင္ခဲ့သျဖင့္ ရုပ္ထုအား အျခားေနရာသို႔ ျပန္ေရႊ႕ေပးရန္ ကန္႔ကြက္သူမ်ားက ဆက္လက္ေတာင္းဆိုေနၾကျခင္းျဖစ္သည္။

ဗိုလ္ခ်ဳပ္ရုပ္ထုႏွင့္ပတ္သက္၍ ျပည္နယ္အစိုးရႏွင့္ ကန္႔ကြက္သူမ်ားအၾကား ေတြ႔ဆံုေဆြးေႏြးႏုိင္ေရးကို ေလးပြင့္ဆုိင္ေဆြးေႏြးမႈျဖင့္ ေျဖရွင္းရန္ႀကိဳးစားခဲ့ေသာ္လည္း သေဘာတူညီမႈမရဘဲ ေဆြးေႏြးမႈရပ္ဆုိင္းသြားခဲ့ျခင္းျဖစ္သည္။

သတင္း #ဆန္းၿဖိဳးထြန္း

~~~~~~~~⊰❂ Unicode Version ~~~~~~~~
ကယားပြည်နယ်အစိုးရက တရားစွဲဆိုထားရသဖြင့် တိမ်းရှောင်နေဆဲလူငယ် (၅)ဦးက တရားရုံးဆင့်ခေါ်စာရပါက အမှုလာရောက်ရင်ဆိုင်မည်ဟုဆို
*****************
နိုင်ငံသားများ၏ ပုဂ္ဂိုလ်ဆိုင်ရာလွတ်လပ်မှုနှင့် လုံခြုံရေး ဥပဒေပုဒ်မ (၁၀) ဖြင့်အမှုဖွင့်ခံထားရကာ အမှုဖြင့်အလိုရှိသူ ကြေညာခံရသည့် ကယားပြည်နယ်မှလူငယ် (၆)ဦးအနက်တစ်ဦးကို ၂၀၁၉ ခုနှစ်၊ ဇွန်လ (၂)ရက်နေ့ညနေပိုင်းက ဖမ်းဆီးမိထားပြီးနောက် တရားရုံးဆင့်ခေါ်စာထုတ်ပါက ကျန်လူငယ်များက တရားရုံးတွင် အမှုလာရောက်ရင်ဆိုင်မည်ဖြစ်ကြောင်း ထုတ်ဖေါ်ပြောကြားလိုက်သည်။

" ဖမ်းမယ်ဆို တရားရုံးဆင့်ခေါ်စာနဲ့တကွ ဆင့်ခေါ်လိုက်ရင် ကျွန်တော်တို့က ရင်ဆိုင်ဖို့အသင့်ပဲ။ ကျွန်တော်တို့ကို တရားဝင်အကြောင်းကြားတာမျိုးမလုပ်ဘဲနဲ့တော့ ဘယ်တော့မှ အဖမ်းမခံပါဘူး။ ရှောင်နေတာ အဖမ်း မခံရဲတာမဟုတ်ဘူး လုပ်ထုံးလုပ်နည်းနဲ့အညီလုပ်ရင် ကျွန်တော်တို့မမှားတဲ့အတွက် အချိန်မရွေးရင်ဆိုင်ဖို့ရှိတယ်" ဟု တရားစွဲဆိုခံထားရသူတစ်ဦးဖြစ်သည့် ခွန်သောမတ်စ်က တာချီလိတ်သတင်းအေဂျင်စီသို့ပြောသည်။

အမှုဖြင့် တိုင်ကြားခြင်းခံရဖြင့် ရဲတပ်ဖွဲ့ကအလိုရှိနေသူ (၆)ဦးအနက်မှ ခူးကြူးဖဲကေး (ခ) ဂူးဂူးမှာ ဇွန်လ (၂) ရက်နေ့ ညနေပိုင်းက ဖရူဆိုမြို့နှင့် ဒီးမော့ဆိုမြို့ကြားတွင် ဖမ်းဆီးခံရပြီးနောက် ၎င်းတို့အား ရဲစခန်းတွင်အမှုဖွင့် တိုင်ကြားခံထားရသော်လည်း တရားရုံးမှဆင့်ခေါ်စာရောက်လာခြင်းမရှိသေးသဖြင့် အဖမ်းမခံဘဲ တိမ်းရှောင်နေခြင်းဖြစ်သည်ဟု ခွန်သောမတ်စ်က ပြောကြားလိုက်ခြင်းဖြစ်သည်။

လွိုင်ကော်မြို့မရဲစခန်းတွင် (ပ)၁၄၅/၂၀၁၉၊ ၂၀၁၇ ခုနှစ်၊ နိုင်ငံသားများ၏ ပုဂ္ဂိုလ်ဆိုင်ရာ လွတ်လပ်မှုနှင့် ပုဂ္ဂိုလ်ဆိုင်ရာလုံခြုံမှုကိုကာကွယ်ပေးရေးဥပဒေပုဒ်မ (၁၀) ဖြင့်အမှုဖွင့်တိုင်ကြားခံထားရသည့် ကိုခူကြူးဖဲကေး(ခ)ဂူးဂူး ၊ ကိုဂျွန်ပေါ(ခ)ပျားလေး ၊ ကိုမျိုးလှိုင်ဝင်း(ခ)ပါစကွားလယ်၊ ကိုခွန်သောမတ်စ်၊ ကိုဒီးဒီ(ခ)စစ်မုန်းနှင့် ကိုခူးရီဒူး(ခ)ခူးရီးရယ်တို့အား တွေ့ရှိပါက နီးစပ်ရာရဲတပ်ဖွဲ့ထံ ဆက်သွယ်အကြောင်းကြားရန် မေလ (၃၁)ရက်နေ့တွင် ရဲတပ်ဖွဲ့က ထုတ်ပြန်ထားခြင်းဖြစ်သည်။

ကယားပြည်နယ် လွိုင်ကော်မြို့ ကန္ဓာဟေဝန်ပန်းခြံတွင် ဗိုလ်ချုပ်အောင်ဆန်းရုပ်တုထားရှိခြင်းကို ကန့်ကွက်နေသူများဖြင့် ပြည်နယ်အစိုးရအဖွဲ့ကြား ညှိနှိုင်းမှုများ မအောင်မြင်ဘဲဖြစ်နေခဲ့ပြီးနောက် မတ်လ (၂၅)ရက်နေ့တွင် ရုပ်တုအားဆန့်ကျင်နေသည့်လူငယ်အဖွဲ့က ကယားပြည်နယ်ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှိုနှင့် စီမံဘဏ္ဍာဝန်ကြီး ဦးမော်မော်တို့အား နိုင်ငံရေးရာဇဝတ်ကောင်များ၊ ကရင်နီအမျိုးသားသစ္စာဖောက်များ၊ တိုင်းရင်းသားများသွေးစည်းချစ်ကြည်ရေး၏ ရန်သူများ၊ ကျေးဇူးကန်းသူများဖြစ်သည်ဟု ထုတ်ပြန်ကြေညာခဲ့ခြင်းဖြစ်သည်။

အဆိုပါကြေညာချက်နှင့်ပတ်သက်၍ လူငယ် (၆)ဦးအား ကယားပြည်နယ်အစိုးရအဖွဲ့က   လွိုင်ကော်မြို့နယ်တရားရုံးသို့ ဦးတည်လျှောက်ထားကာ မေလ (၁၆) ရက်နေ့တွင် တရားစွဲဆိုထားခြင်းဖြစ်သည်။

ကန္ဓာဟေဝန်ပန်းခြံတွင် ဗိုလ်ချုပ်အောင်ဆန်းရုပ်ထုထားရှိရန် စီစဉ်နေစဉ် ကန့်ကွက်မှုများရှိခဲ့သော်လည်း ပြည်နယ်အစိုးရအဖွဲ့က မူလအစီအစဉ်အတိုင်း ဆက်လက်လုပ်ဆောင်ခဲ့သဖြင့် ရုပ်ထုအား အခြားနေရာသို့ ပြန်ရွှေ့ပေးရန် ကန့်ကွက်သူများက ဆက်လက်တောင်းဆိုနေကြခြင်းဖြစ်သည်။

ဗိုလ်ချုပ်ရုပ်ထုနှင့်ပတ်သက်၍ ပြည်နယ်အစိုးရနှင့် ကန့်ကွက်သူများအကြား တွေ့ဆုံဆွေးနွေးနိုင်ရေးကို လေးပွင့်ဆိုင်ဆွေးနွေးမှုဖြင့် ဖြေရှင်းရန်ကြိုးစားခဲ့သော်လည်း သဘောတူညီမှုမရဘဲ ဆွေးနွေးမှုရပ်ဆိုင်းသွားခဲ့ခြင်းဖြစ်သည်။

သတင်း #ဆန်းဖြိုးထွန်း

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net